backup og meta

ထိပ်တန်း မိဘအုပ်ထိန်းနည်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိပ်တန်း မိဘအုပ်ထိန်းနည်းများ

    ကလေးထိန်းနည်းများစွာရှိသော်လည်း အများစုမှာ သဘောထား ကွဲလွဲမှုလေးများ ရှိနေပါသည်။ ထိုကြောင့် မိဘများမှာ ကိုယ်လုပ်တာမှားများသွားသလားဆိုပြီး စိတ်ရှုပ်ထွေးမှု မကြာခဏဖြစ်ရပါသည်။ သို့သော် ကလေးထိန်းခြင်း၏ အရေးကြီးဆုံး အချက်ကတော့ ကလေးကိုအနိုင်ရဖို့ကြိုးစားရန်မဟုတ် ကလေးနှင့် မိဘကြား ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ဖို့ပဲ ဖြစ်ပါသည်။

    သင့်အတွက် အထောက်အကူဖြစ်မည့် ထိပ်တန်း ကလေးထိန်းနည်း အချို့ကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။

    ၁။ သင့်ကလေးနှင့် နေ့စဉ် အချိန်အတူကုန်ဆုံးပေးပါ။

    သင့်ကလေးတစ်ယောက်ချင်းစီအတွက် အချိန်သတ်သတ်မှတ်မှတ်ပေးထားပါ။ ထိုအချိန်အတွင်းတွင် သင့်ကလေးကို အပြည့်အ၀ ဂရုစိုက်ပေးပါ။ သင်နှင့်အတူ သူတို့ဘာလုပ်ချင်တယ်ဆိုတာကို ရွေးချယ်ခွင့်ပေးနိုင်သည် (သို့) သင်တို့နှစ်ယောက်အလှည့်ကျ ရွေးချယ်နိုင်သည်။ အခြားသော ကလေကို လုပ်စရာတစ်ခုခုရှိနေပါစေ။ သို့မှသာ သူတို့ဝင်ရောက် မနှောင့်ယှက်မည်ဖြစ်သည်။ သင့်ဖုန်းကိုလည်း ပိတ်ထားလိုက်ပါ။ ဤနည်းသည် သင့်ကလေး၏ အမှားများကို ပြုပြင်ပေးဖို့ အနီးကပ်နေနိုင်သည့် အခွင့်အရေးဖြစ်သည်။

    ၂ ။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နေပါ။

    အဆင့်ကျသည်ဖြစ်စေ၊ ကလေးစိတ်ဆိုးပေါက်ကွဲသည်ဖြစ်စေ၊ အစာစားဖို့ ငြင်းဆန်သည် ဖြစ်စေ ကလေးနှင့် ပတ်သက်ပြီး ဒေါသမထွက်ပါနဲ့။ သင် မည်သည့်စကားမှ မဆိုခင် အရင်ဆုံး စိတ်တည်ငြိမ်အောင်လုပ်ပါ။ သင့်ကလေးနှင့် ပတ်သက်လာလျှင် အရာအားလုံးသည် အရေးပေါ် အခြေအနေကဲ့သို့ ခံစားရမည်ကို သိပါသည်။ သို့သော် ကိစ္စအများစုသည် အဲဒီလောက် အရေးမကြီးပါ။ အသက်ကို ပြင်းပြင်းရှုပြီး လိုအပ်လျှင် ခဏရှောင်နေပါ။ စိတ်တည်ငြိမ်ပြီဆိုမှ ကလေးဆီပြန်လာပါ။

    ၃။ သူတို့၏ မျက်ရည်များကို လက်ခံပါ။

    ကလေးငိုနေသည်ကို မြင်လျှင် မိဘအများစု ပထမဆုံးပြုလုပ်သည့်အရာမှာ အငိုတိတ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ သို့သော် ထိုအရာသည် သင် တကယ်ပြုလုပ်သင့်သော အရာမဟုတ်ပါ။ သင့်သည် ကလေးကို စိတ်ဆိုးခြင်း၊ နာကျင်ခြင်းဖြစ်လို့ရတယ် ဆိုတာကို သင်ကြားပေးဖို့ လိုအပ်သည်။ မိဘတစ်ယောက်အနေဖြင့် သင့်တာဝန်မှာ ကလေးသည် သင့်ရင်ခွင်ထဲတွင် နွေးထွေးလုံခြုံစွာ ငိုကြွေးနိုင်ဖို့ ကူညီရန်ဖြစ်သည်။

    ၄။ အားပြိုင်ခြင်းမျိုးကို ရှောင်ပါ။

    မိဘအားလုံးက သူတို့သည် ကလေးအတွက် တာဝန်ရှိသူဖြစ်သင့်ပြီး ကလေးများသည် သူတို့ ပြောသလို နေထိုင်သင့်သည်ဟု ယုံကြည်ကြသည်။ ထိုအရာသည် အမြဲတမ်း မမှန်ကန်ပါ။ အာဏာလက်စွဲပြီး ဘယ်သူက ဘော့စ်လည်း ဆိုတာကို ပါဝါပြဖို့ မလိုအပ်ပါဘူး။ အာဏာ အားပြိုင်ခြင်းသည် နှစ်ဦးလုံး ရှုံးစေသော အခြေအနေဖြစ်သည်။ အကယ်၍ သင့်ကလေးသည် ညစာ မစားချင်လျှင် သူတို့ဗိုက်မဆာ၍ ဖြစ်နိုင်သည်။ သူတို့ တကယ် ရိုးရိုးသားသား ဗိုက်မဆာ၍ မစားခြင်း ဖြစ်နိုင်သည်။ သူတို့ကို နောက်မှ စားခွင့်ပြုလိုက်ပါ။ ညစာတစ်ရက်နောက်ကျသွားရုံနဲ့ ဘဝကြီးတစ်ခုလုံး မထိခိုက်နိုင်ပါ။ ဟုတ်တယ်မလား။

    ၅။ ပြန်မတိုက်ခိုက်ပါနဲ့။

    အကယ်၍ သင်ကလေး စိတ်ဆိုးစိတ်တိုနေလျှင် တစ်ခါတစ်ရံ သင်တို့အပေါ် ဒေါသပုံကျနိုင်သည်။ သို့သော် သင်တို့သည် အမြဲတမ်း ပြဿနာ၏ ရင်းမြစ် မဖြစ်နိုင်ပါ။ ထို့ကြောင့် ၎င်းကို တစ်ကိုယ်ရည်ဆိုင်ရာ တိုက်ခိုက်မှု ဟု မြင်ပြီး ပြန်လည် မတိုက်ခိုက်ပါနဲ့။ သူတို့တကယ် စိတ်ညစ်နေတယ်ဆိုတာကို သင်သိကြောင်း သူတို့ကို ပြောပြပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့ အမေ၊ အဖေကို ပြဿနာရင်းမြစ်ကို ပြောလေ့မရှိပါ။ သင်ထိုသို့ပြောပေးခြင်းအားဖြင့် သူတို့၏ အခက်အခဲ သူတို့ တကယ်စိတ်ညစ်နေသော အကြောင်းရင်းကို သင့်အား ဖွင့်ပြောလာပါလိမ့်မည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement