ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးများကို မည်သည့်အိမ်မွေးတိရိစ္ဆာန်များ ပေးမွေးသင့်သလဲ

အိမ်မွေးတိရိစ္ဆာန်လေးများသည် အိမ်သားများအတွက် ကိုယ်ရောစိတ်ပါပျော်ရွှင်စေကြောင်း ကျွန်ုပ်တို့ မငြင်းနိုင်ပါ။ အိမ်မွေးတိရိစ္ဆာန်လေးများရှိခြင်းဖြင့် ကလေးများအတွက်လည်း သက်ရှိ သတ္တဝါတစ်ကောင်ကို ဘယ်လိုပြုစုပျိုးထောင်သလဲ သိမြင်စေပါသည်။ အိမ်မွေးတိရိစ္ဆာန်လေးများကို ဂရုစိုက်ခြင်းဖြင့် သင့်ကလေးသည် တာဝန်ယူချင်စိတ်ရှိခြင်း၊ စိတ်ချယုံကြည်ခြင်း စသည့် စိတ်နေသဘောထားများကို လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။ အိမ်မွေးတိရိစ္ဆာန်လေးများကို မွေးထားခြင်းဖြင့် တစ်ယောက်တည်း ကယောင်ခြောက်ချားဖြစ်ခြင်း၊ အထီးကျန်ဆန်ခြင်းတို့ကို ပြေဖျောက်ပေးခြင်း၊ အော်တစ်ဇင်ရောဂါရှိသော ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ တိုးတက်လာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိပါသည်။ ထို့ကြောင့် မည်သည့် အိမ်မွေးတိရိစ္ဆာန်လေးများသည် ကလေးများနှင့် မိသားစုဝင်များအတွက် စိတ်ချရသလဲ လေ့ လာကြည့်ကြပါစို့။   ငါးများ အိမ်တွင် ငါးလေးများ စမွေးခြင်းသည် ကလေးများအတွက် ကောင်းသော ရွေးချယ်မှုဖြစ်ပါသည်။ ငါးကန်ထဲတွင် ငါးများရေကူးသွားနေသည်ကို ကြည့်ခြင်းဖြင့် စိတ်ဖိစီးမှုများကို ပြေပျောက်စေသကဲ့သို့ ကလေးများသည် ငါးအမျိုးအစားများကို လေ့လာခြင်းဖြင့် အသိဉာဏ်တိုးစေပါသည်။ သို့သော် သင့်အနေဖြင့် […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးများကို နို့ဖြတ်ချိန်တွင် မိခင်များသည် မည်သည့်အရာများကို စဉ်းစားချင့်ချိန်ရပါသလဲ

ကလေးများကို နို့ဖြတ်ရန် ဆုံးဖြတ်ချက်သည် မိခင်အချို့အဖို့ ဆုံးဖြတ်ရန် လွယ်ကူသော်လည်း အများစုသည် ခက်ခဲကြပါသည်။ နို့ဖြတ်ခြင်းသည် အချိန်ကာလတစ်ခု၏ အဆုံးသတ်ဖြစ်သကဲ့သို့ နောက်ထပ် အချိန်ကာလတစ်ခု၏ အစလည်းဖြစ်ပါသည်။ နို့ဖြတ်ချိန်တွင် င့်ကလေးသည် မိခင်နို့အပြင် အခြားသော အစားအစာများမဇှ အာဟာရများကို စတင်မှီဝဲရချိန်လည်းဖြစ်သောကြောင့် ထိုအချိန်တွင် မိခင်များအနေနှင့် စိုးရိမ်ပူပန်မှုများရှိနေနိုင်ပါသည်။ ယခုဆောင်းပါးသည် မိခင်များအတွက် ကလေးအားနို့ဖြတ်ချိန်တွင် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ချနိုင်စေရန် ကူညီပေးပါလိမ့်မည်။   ဘယ်အချိန်မှာ စပြီး နို့ဖြတ်သင့်သလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်ရှိ ကလေးကျန်းမာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ကလေးများသည် အသက် ၁ နှစ်အထိ မိခင်နို့သောက်သုံးသင့်ပါသည်ဟု ဆိုပါသည်။ သို့သော် ကလေးများသည် အရွယ်အမျိုးမျိုးတွင် နို့ဖြတ်ဖို့ အချိန်ကျရောက်တတ်ကြကြောင်း တွေ့ရပါသည်။ အချို့ကလေးများသည် ၁၈ လတွင် နို့ဖြတ်ပြီး အချို့သည် ၂ နှစ်မှ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်ခါစ သင့်ကလေး၏ ကိုယ်ရည်ကိုယ်သွေး အမျိုးအစား

ကလေးမွေးဖွားချိန်မှစ၍ သူတို့လေးတွေကို ပြုစုပျိုးထောင်စဉ်တစ်လျှောက် သင်သည် မိဘတစ်ယောက်အနေဖြင့် ကလေး၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်ပြီး အတော်အသင့် သတိပြုမိနိုင်ပါသည်။ လေ့လာသူများက ကလေးတစ်ယောက်၏ သိသာထင်ရှားသော ကိုယ်ရည်ကိုယ်သွေးကို ဖော်ထုတ်ဖို့ နည်းလမ်းမျိုးစုံ စမ်းသပ်ကြိုးစားခဲ့ကြသည်။ လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်တွင် အတွေ့ရအများဆုံး ကိုယ်ရည်ကိုယ်သွေး သုံးမျိုးအကြောင်းကို ဤဆောင်းပါးတွင် ဆက်လက်ဖတ်ရှုလေ့လာကြည့်ပါ။ ထိုအကြောင်းများကို သိရှိခြင်းအားဖြင့် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းကောင်းများကို လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။ ကျွမ်းကျင်ပညာရှင်များ၏အဆိုအရ လမ်းလျှောက်တတ်ခါစ ကလေးများတွင် အခြေခံအားဖြင့် ကိုယ်ရည်ကိုယ်သွေး သုံးမျိုးရှိပါသည်။   ၁။ ထိန်းရ လွယ်ကူသော ကလေး ထိန်းရလွယ်သော ကလေးငယ်ကို ပိုင်ဆိုင်ရခြင်းသည် အတွေ့ရနည်းသည်တော့ မဟုတ်ပါ။ ကလေးအားလုံး၏ တစ်ဝက်နီးပါးသည် ပြောရဆိုရလွယ်ကူသော ကလေးများအဖြစ် ယူဆ၍ ရပါသည်။ သင်သည် သူတို့လေးတွေ၏ အပြုအမူကို လေ့လာခြင်းအားဖြင့် သတိထားမိနိုင်ပါသည်။ သူတို့သည် တက်ကြွပုံပေါ်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ဘယ်အချိန်မှာ ပထမဦးဆုံးမှတ်ဉာဏ်ကို တည်ဆောက်သလဲ

ကလေးများအတွက် မှတ်ဉာဏ်သည်ပုံမှန်အားဖြင့် အထူးအားလပ်ရက်၊ အငယ်လေး မွေးသောနေ့ စသည်ဖြင့် ထူးခြားသော နေ့စွဲဖြစ်ရပ်လေးများမှ စတင်သည်။ မိဘအနေဖြင့် သင်သည် သင့်ကလေးများအတွက် ကောင်းမွန်သော အမှတ်တရကောင်းများကိုသာ ဖန်တီးပေးဖို့ မျှော်လင့်မည်ဖြစ်သည်။ မှတ်ဉာဏ်စတင်သော အသက်အရွယ် ကျွန်ုပ်တို့ အများစုသည် အသက် သုံးနှစ်၊ လေးနှစ်မတိုင်ခင်က ကိစ္စများကို လုံးဝမမှတ်မိသည်ကများသည်။ နောက်ပိုင်းအသက်အရွယ်များမှာတောင်မှ အချို့ကိစ္စများကိုသာ မှတ်မိတော့သည်။ အသက် ၇နှစ်မှ ၁၀ နှစ်ကြားရောက်သည့်အထိ ကလေးများသည် မှတ်ဉာဏ်များကို တည်ဆောက်နိုင်သော်လည်း အချိန်ကြာသည်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်ပြီး အသစ်အသစ်သော ပထမဦးဆုံး မှတ်ဉာဏ်များ၏ အစားထိုးခြင်းကို ခံရသည်။ ကျွမ်းကျင်သူများက ထိုသို့ မှတ်လိုက်မေ့လိုက် သံသရာလည်နေခြင်းကို ကလေးဘ၀ မှတ်ဉာဏ်မေ့ခြင်းဟု ရည်ညွန်းကြသည်။ ထိုကလေးဘဝမှတ်ဉာဏ်မေ့ခြင်းသည် ပုံမှန်ဖြစ်ပြီး ကလေးများကြုံတွေ့ရမည့် ဦးနှောက်ပုံမှန် ဖွံ့ဖြိုးမှု၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်နိုင်သည်။ ကျွမ်းကျင်သူများက တစ်နှစ်အောက်ကလေးများတွင် ပိုမိုရှုပ်ထွေးသော မှတ်ဉာဏ်ပုံစံများကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး အရေး၊အဖတ်၊အတွက်အချက် ဘယ်အချိန်မှာ သင်ကြားသင့်သလဲ

စာသင်ကြားမှုသည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ ထို့ကြောင့် အကောင်းဆုံးသော စာသင်ကြားမှုနည်းလမ်းကို ရရှိဖို့ မိဘများသည် သူတို့ကလေး စာဖတ်၊ စာရေး၊ တွက်ချက်မှုကဲ့သို့သော ရိုးရှင်းသော သင်ကြားမှုများကို စတင်ဖို့ သင့်တော်သော အသက်အရွယ်ကို သိဖို့ အထူးအရေးကြီးပါသည်။ သင့်ကလေး ဘယ်အချိန်မှာ စာဖတ်ဖို့ သင်ယူသင့်သလဲ။ ကလေး အသက် လေးနှစ်ပြည့်သည်နှင့် မိဘများသည် ကလေးများ၏ စာဖတ်မှုအကြိုစွမ်းရည်ကို စတင်သင်ကြားဖို့ ထောက်ခံထားပါသည်။ ထိုစွမ်းရည်များတွင် ရိုးရှင်းသော စကားလုံးများကို မှတ်မိခြင်း၊ အသံထွက်ဖတ်ခြင်း၊ ဗျည်းသရ အက္ခရာများ ချရေးခြင်း နှင့် ကာရန်လိုက်သော စကားလုံးများကို အစားထိုးခြင်း စွမ်းရည်တို့ပါဝင်ပါသည်။ ပညာရေးဆိုင်ရာ ဆရာကြီးများ၏ အဆိုအရ ကလေးများသည် မူကြိုနှင့် နှစ်တန်းကြားတွင် စတင်စာဖတ်တတ်ပြီဖြစ်သည်။ သို့သော် လူကြီးများထံမှ ကောင်းမွန်သော သင်ကြားမှုနှင့် လမ်းညွှန်မှုကို လက်ခံရရှိမှသာ ဖြစ်သည်။ သင့်ကလေးကို […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မည်သည့်အကြောင်းများကြောင့် မွေးကင်းစကလေးများတွင် အသားဝါခြင်း ဖြစ်ရသလဲ

မွေးကင်းစကလေးများ၏ အသားအရေနှင့် မျက်လုံးများဝါလာခြင်းကို စပြီးသတိပြုမိပါက ထိုကလေး၏ ကိုယ်ထဲတွင် အဝါဓါတ်များနေပြီ ဖြစ်ပါသည်။ အဝါဓါတ်များခြင်းကို ဖြစ်စေသော အဓိက အကြောင်းများ သွေးထဲတွင်ရှိသော အဝါဓါတ် (Bilirubin)များ ပိုလျှံနေခြင်းကြောင့် အသား၊ မျက်လုံးများဝါခြင်းဖြစ်ရပါသည်။ ထိုအဝါဓါတ်များသည် ကိုယ်ထဲမှ သုံးစွဲပြီးသား သွေးနီဥများ ပြိုကွဲရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ထိုအဝါဓါတ်များကို သွေးထဲမှတဆင့် အသည်းမှ စစ်ယူပြီး အစာချေစနစ်ထဲသို့ စွန့်ထုတ်ပါသည်။ မွေးကင်းစကလေးများတွင် အသည်းသည် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသည့်အတွက် အဝါဓါတ်များကို စွန့်ထုတ်နိုင်ခြင်းမရှိသေးသည့်အတွက် အသားဝါလာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မွေးကင်းစကလေးများတွင်အသားဝါခြင်းသည် ဇီဝဖြစ်စဉ်ကြောင့် ဝါခြင်းဖြစ်ပြီး ၂ ရက် ၃ ရက်သားခန့်တွင် စတင်ဖြစ်ပေါ်လေ့ရှိပါသည်။ အခြားအကြောင်းများ အခြားသော အကြောင်းများကြောင့် အသားဝါခြင်းများသည် အထက်ဖော်ပြပါဖြစ်စဉ်ထက် စောပြီး ဝါလေ့ရှိပါသည်။ ထိုသို့ဖြစ်စေနိုင်သော အကြောင်းများမှာ · အတွင်း ကလီစာများတွင် သွေးထွက်ခြင်း · သွေးဆိပ်တက်ခြင်း · ဗိုင်းရပ်စ်ပိုးများ၊ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးများတွင် ချာချာလည်အောင် မူးဝေခြင်းကိုဖြစ်စေသော အကြောင်းများက ဘာတွေလဲ

သင့်ကလေးသည် မတ်တပ်ရပ်လျက်အနေအထားတွင် ရှိနေသော်လည်း သူ့ကို ဆွဲလှည့်ထားသလို မူးဝေခြင်း၊ လှုပ်ရှားနေသလို ခံစားရခြင်းများသည် ချာချာလည်အောင်မူးဝေခြင်းပင်ဖြစ်သည်။ ယင်းသည် လူကို နေထိုင်ရခက်စေသော်လည်း စိုးရ်မ်စရာ ကျန်းမာရေး အခြေအနေတော့မဟုတ်ပါ။ ထိုရောဂါသည် သက်သာမှုရရှိစေရန် ကုသနိုင်သောရောဂါဖြစ်ပါသည်။ ဟန်ချက်အကြောင်းသိနားလည်ခြင်း ကျွန်ုပ်တို့ ခန္ဓါကိုယ် တွင် နား၏အတွင်းပိုင်းသည် ခန္ဓါကိုယ်၏ ဟန်ချက်ကို ထိန်းပေးရာတွင် အရေးပါပါသည်။ ထို့ပြင် ခန္ဓါကိုယ်၏လှုပ်ရှားမှုများနှင့် အနေအထားများကို ပါထိန်းပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ခန္ဓါကိုယ်၏ဟန်ချက်အနေအထားအားလုံးသည် နားအတွင်းပိုင်းအပေါ်မူတည်နေခြင်းဖြစ်သည်။ လှုံ့ဆော်မှုများသည် ဦးနှောက်မှတဆင့် နားအတွင်းပိုင်းသို့ရောက်ရှိကာ ထိုမှတဆင့် မျက်လုံးများ နှင့် အခြားသော ကိုယ်ခန္ဓါ အစိတ်အပိုင်းများသို့ရောက်ရှိခြင်းဖြစ်ပြီး လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။ ချာချာလည်အောင်မူးဝေလျှင် ဘာဖြစ်မလဲ။ ချာချာလည်အောင်မူးဝေရခြင်း အကြောင်းကို တိကျစွာမသိသေးပါ။ သို့သော် ကလေးများတွင် နားအတွင်းပိုင်းတွင် ပြသနာများရှိခြင်းကြောင့် ဦးနှောက်မှ အချက်ပေးစနစ်များ မှားယွင်းကယ ချာချာလည်အောင်မူးဝေခြင်းဖြစ်ပါသည်။ ကလေးများတွင် […]


ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးသည် ဘယ်အချိန်မှာ လိင်ပြောင်းရန်လိုအပ်ပါသလဲ

သင့်ကလေးသည် ယောကျာ်း မိန်းမ ခွဲမရသော လိင်ဖြင့် မွေးဖွားလာပါက သူတို့ကို လိင်းပြောင်းရန်လိုအပ်ပါသည်။ ထိုသို့ပြောင်းလဲခြင်းကို လိင်ပြောင်းခြင်းဟုခေါ်ပါသည်။ ယင်းသည် ခွဲစိတ်မှုတစ်ခုမဟုတ်ပါ။ ထိုသို့ လိင်ပြောင်းရန် များစွာသော အဆင့်များကို ပြုလုပ်ရပါသည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် ပြောင်းလဲမှုများဖြစ်ခြင်း လိင်ပြောင်းခြင်းသည် အပြောင်းခံရသူများသည် လောကကြီးတွင် ဖြစ်တည်မှု တမျိုးဖြစ်သွားစေပါသည်။ သင့်ကလေးသည် သူ့စိတ်ထဲတွင်ဖြစ်နေသော လိင်စိတ်အပေါ်မူတည်ပြီး အဝတ်အစားများကိုဝတ်ဆင်ခြင်း၊ ဆံပင်ပုံစံများကို ပြောင်းလဲခြင်းတို့ ပြုလုပ်မည်ဖြစ်ပါသည်။ ထို့ပြင် သူတို့ စိတ်ထဲတွင်ဖြစ်နေသော လိင်စိတ်အပေါ်မူတည်ပြီး နာမည်များပြောင်းလဲ ခေါ်စေလိုခြင်း၊ နာမ်စားများပြောင်းလဲ အသုံးပြုစေလိုခြင်းများဖြစ်လာမည်ဖြစ်ပါသည်။ ထိုသို့ပြောင်းလဲမှုများကို အိမ်မှာနေချိန်တွင် စသတိထားမိမည်ဖြစ်ပြီး သင့်အနေနှင့် ကူညီဖေးမပေးပါမှ နောက်ကြာလာလျှင် သူနှင့် လိင်တူကလေးများကြားထဲတွင် လူဝင်ဆန့်လာမည်ဖြစ်ပါသည်။ ဆေးဝါးများဖြင့် ပြောင်းလဲခြင်း လိင်ပြောင်းထားသောကလေးများသည် အရွယ်ရောက် ချိန်တွင် အခက်ခဲဆုံးအချိန်များကို ကြုံရတတ်ပါသည်။ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်များတွင် ကိုယ်ခန္ဓါတွင် ဟော်မုန်းများ ထုတ်လွှန်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာကြပါသည်။ […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးငယ်များတွင်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများနှင့် ပတ်သက်ပြီး သိထားရမည့် အချက်များ

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ ဆိုတာဘာလဲ။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဆိုသည်မှာ အအေးမိတုပ်ကွေးဖြစ်ခြင်းကိုဆိုလိုပြီး ယင်းသည် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်ပါသည်။ ထိုသို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုးဝင်လျှင် နှာခေါင်း၊ လည်ချောင်း၊ နားများနှင့် နှာခေါင်းဘေးတွင်းရှိလေအိတ်ငယ်များသို့ ပျံ့နှံ့ခြင်းများ ဖြစ်နိုင်ပါသည်။ ကလေးငယ်များသည် တစ်နှစ်လျှင် ၅ ကြိမ်မှ ၈ ကြိမ်အထိ အအေးမိတုပ်ကွေး ဖြစ်တတ်ကြပြီး အသက် ၆ နှစ်ကျော်သွားလျှင် အအေးမိတုပ်ကွေးဖြစ်နိုင်ချေ ကျဆင်းသွားကြောင်း တွေ့ရသည်။ အအေးမိခြင်း၏ အကြောင်းရင်းများကဘာလဲ။ အအေးမိတုပ်ကွေးဖြစ်ခြင်းသည် ယင်းကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်ခြင်းဖြစ်ပြီး အဆိုပါဗိုင်းရပ်စ်ပိုးများသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများကြောင့် လေထဲမှတဆင့်ကူးစက်ခြင်း၊ ဗိုင်းရပ်စ်ပိုးရှိသော လူ သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့မှ ကူးစက်ခြင်းဖြစ်ပါသည်။ အအေးမိလျှင် ဘယ်လို ရောဂါလက္ခဏာများ ခံစားရသလဲ။ အအေးမိလျှင် အောက်ပါ ရောဂါလက္ခဏာများ ခံစားနိုင်ပါသည်။ · နှာရည်ယိုခြင်း၊ နှာစေးခြင်း · နှာချေခြင်း၊ ချောင်းဆိုးခြင်း · လည်ချောင်းယားခြင်း၊ အသံနာခြင်း · မျက်လုံးများနီရဲနေခြင်း၊ […]


ကလေးငယ်အာဟာရ

ကလေးနှင့် ဗီတာမင် အေ

ဗီတာမင်နှင့် သတ္တုဓါတ်များသည် ကလေးကျန်းမာရေး နှင့် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီတာမင် အေ သည် ထိုအရေးကြီးသော ဗီတာမင်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မျက်စိအမြင်အာရုံ နှင့် အရိုးကြီးထွားမှုအတွက် အရေးပါပြီး ရောဂါပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ဤဆောင်းပါးတွင် ကလေးများအတွက် ဗီတာမင် အေ ၏ အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြလိုက်ပါသည်။ ဗီတာမင်အေ ဆိုတာဘာလဲ။ ဗီတာမင်အေ ပင်မရင်းမြစ်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ retinol နှင့် beta-cartoene တို့ဖြစ်ပါတယ်။ Retinol ကို စစ်မှန်သော ဗီတာမင်အေ ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ခန္ဓါကိုယ်အတွက် အသုံးပြုဖို့ အဆင်သင့်ဖြစ်ပြီး ၎င်းကို အသား (ဥပမာ။ ။ အသည်း၊ ဥ နှင့် အဆီများသောငါး) နှင့် စီရီယယ်များတွင် အလွယ်တကူ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း