backup og meta

နို့တိုက်နေသော မိခင်များ ဘာကြောင့် အစားဆင်ခြင်သင့်တာလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်နေသော မိခင်များ ဘာကြောင့် အစားဆင်ခြင်သင့်တာလဲ

    မိခင်နို့သည် ကလေးအတွက် အကောင်းဆုံး အာဟာရဖြစ်သည်။ ၎င်းသည် ကလေးပထမ ၆လနှင့် အထက်တွင် ကြီးထွားဖို့ လိုအပ်သော အရာအားလုံးကို ထောက်ပံ့ပေးပါသည်။ ထို့ပြင် ၎င်းသည် မိခင်နှင့် ကလေးကြား ပိုပြီး သံယောဇဉ် တွယ်စေရန် ကူညီပေးသည်။ မိခင်နို့တွင် အဆိပ်အတောက်အနည်းငယ်မျှ ပါသည်ဆိုလျှင်တောင် ထိုအနည်းငယ်သည် ကလေးအပေါ် လွှမ်းမိုးမှုမရှိပါ။ မိခင်ခန္ဓါကိုယ် အဆီတွင် ရှိသော နည်းပါးလှသော အဆိပ်အတောက်ပမာဏသည် မိခင်နို့ထဲတွင်ပါဝင်လာနိုင်သည်။

    မိခင်နို့တွင် ပါရှိသော အဆိပ်အတောက်သည် ကလေးအတွက် အန္တရာယ်ရှိသလား။

    မိခင်နို့တွင် အဆိပ်အတောက် ပါသည်ဆိုရုံမျှ အနည်းငယ်သာ ပါဝင်သည်။ ထို့ကြောင့် မိခင်နို့်တွင် ပါဝင်သော အဆိပ်အတောက်သည် ကလေးကို အန္တရာယ်ပြုနိုင်ချေ နည်းပါသည်။ ကလေးများသည် မမွေးခင် မိခင်ဝမ်းဗိုက်တွင် ရှိစဉ်အခါကတည်းက အဆိပ်အတောက်များနှင့် ထိတွေ့ ခဲ့ရနိုင်ပါသည်။ သို့သော်၎င်းသည်လည်း အနည်းငယ်သော ပမာဏသာ ဖြစ်သည်။ အဆိပ်အတောက်သည် ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် လွှမ်းမိုးမှု ရှိသည်ဆိုသော လေ့လာတွေ့ရှိမှု သက်သေအထောက်အထား မရှိပါ။

    မိခင်ခန္ဓါကိုယ်ရှိ အဆိပ်အတောက်သည် ကလေးကျန်းမာရေးကို အန္တရာယ်မဖြစ်နိုင်ပါ။ ကလေးကို အန္တရာယ်ဖြစ်စေဖို့ဆိုသည်မှာ စက်ရုံမတော်တဆဖြစ်မှုကဲ့သို့ များစွာသော အဆိပ်အတောက်များနှင့် အလွန်အကျွံထိတွေ့မှုရှိမှသာ ဖြစ်နိုင်သည်။

    မိခင်နို့ဆက်တိုက်သင့်သလား။

    ဟုတ်ကဲ့။ ဆက်တိုက်သင့်ပါတယ်။ မိခင်နို့သည် ကလေး ပထမခြောက်လ နှင့် အထက်တွင် ပြည့်စုံသော အာဟာရဖြစ်သည်။

    မိခင်နို့တွင် ကလေးငယ်ကို အစာအိမ်အူလမ်းကြောင်းရောင်ခြင်း၊ အအေးမိဖျားနာခြင်း၊ အဆုတ်ပိုးဝင်ခြင်း၊ နားပိုးဝင်ခြင်း ကဲ့သို့သော အဖြစ်များသော ရောဂါများမှ ကာကွယ်ပေးနိုင်သော ပဋိပစ္စည်းများ ပါဝင်ပါသည်။

    မိခင်နို့တွင် ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော ပိုလီ မပြည့်ဝဆီများ ပါဝင်ပါသည်။

    ထို့ကြောင့် ကလေးကို မိခင်နို့တိုက်ခြင်း မရပ်လိုက်ပါနဲ့။ မိခင်နို့တိုက်ခြင်းကြောင့် ရရှိသော ကောင်းကျိုးများသည် ဖြစ်လာနိုင်သော အန္တရာယ်များကို လျော့နည်းစေပြီး ကလေးငယ်ကို ကာကွယ်ဖို့ တောင် ကူညီပေးနိုင်ပါသည်။

    မိခင်နို့တွင် ပါဝင်သော အဆိပ်အတောက်များကို ဘယ်လိုလျော့ချနိုင်သလဲ။

    အသား၊ငါး၊ ဥ၊ နို့ထွက်ကုန် ကဲ့သို့သော တိရိစ္ဆာန်အဆီ ပမာဏများစွာပါဝင်သော အစားအသောက်များကို နည်းလမ်းတကျ သေချာကြီးကြပ်စားသုံးရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်အစားအသောက်ရင်းမြစ်များသည် အန္တရာယ်ရှိလောက်အောင် မသင့်ရှင်းခြင်းမဖြစ်နိုင်တော့ပါ။ သင်သည် လက်ရှိထိ သင်စားသောက်နေသော အစားအသောက်များတွင် ပါဝင်သော အဆိပ်အတောက်နှင့် ထိတွေ့မှုသည် အန္တရာယ်ကင်းစိတ်ချရကြောင်း သေချာစေရန် ကျွမ်းကျင်သူများနှင့် တိုင်ပင်ကောင်းတိုင်ပင်နိုင်ပါသည်။

    အစားအသောက်များ ပြောင်းလဲလိုက်ခြင်းအားဖြင့် ကြီးမားသော ကွာခြားမှုများ မရှိနိုင်ပါ။ သို့သော် အကယ်၍ သင်သည် အဆိပ်အတောက်များနှင့် ပတ်သက်ပြီး စိုးရိမ်နေလျှင် သင့်ခန္ဓါကိုယ်နှင့် မိခင်နို့တွင် ပါဝင်မှု လျော့နည်းစေရန် အောက်ပါနည်းများကို ပြုလုပ်နိုင်ပါသည်။

  • ကျန်းမာရေးနှင့် ညီညွှတ်မျှတသော အစားအသောက်များကို စားသုံးပါ။ ထိုနည်းသည် ရင်းမြစ်တစ်ခုတည်းကနေ လာသော အဆိပ်အတောက် အန္တရာယ်ကို လျော့ချပေးနိုင်ပါသည်။ ဆိုလိုသည်မှာ အသီးအရွက်၊ အသား၊ ငါး၊ နို့ထွက်ကုန်၊ ကစီဓါတ်ပါသော အစားအသောက်များကို စုံလင်အောင် မျှတစွာ စားသုံးပေးခြင်းကို ဆိုလိုသည်။
  • အသားနှင့် ဝက်သားကို မချက်ပြုတ်ခင် အဆီများကို အရင်ဖယ်ပါ။
  • အဆီနည်းသော နို့ထွက်ကုန်များကို စားသုံးပါ။
  • ငါးသည် သင့်အတွက် ကောင်းမွန်ရုံသာမက သင့်ကလေးအတွက်လည်း အကျိုးကျေးဇူးများပေးစွမ်းပါသည်။ သို့သော် အဆီများသော ငါးများ နှင့် လတ်ဆတ်သော တူနာငါးကို တစ်ပတ်မှာ နှစ်ကြိမ်လောက်မျှသာ စားပါ။ ငါးမန်း၊ ဓါးရှည်နှုတ်သီးငါး၊ ချွန်မြသော နှုတ်သီးရှည်ရှိသည့် ပင်လယ် မာလင်ငါးများကိုတော့ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမစားပါနဲ့။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် မာကျူရီ ပမာဏ အမြောက်အမြားပါရှိသောကြောင့် ဖြစ်သည်။
  • အကယ်၍ ဖြစ်နိုင်လျှင် အော်ဂင်းနစ် အစားအသောက်များကို စားသုံးပါ။ အထူးသဖြင့် အသားများ ဝယ်ချိန်မှာပေါ့။ အကယ်၍ မဖြစ်နိုင်ဘူးဆိုလျှင် အော်ဂင်းနစ်မဟုတ်သော သစ်သီး နှင့် ဟင်းသီးဟင်းရွက်များကို မစားသုံးခင် ရေသေချာစင်အောင်ဆေးပြီး အခွံခွာပါ။
  • ငါးအသည်းဆီ ဖြည့်စွက်စာ ဥပမာ ငါးကြီးဆီ ကို မစားသုံးပါနှင့်။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးသော ငါးအသည်းတွင် အဆိပ်အတောက်များ ရှိနေနိုင်သောကြောင့်ဖြစ်သည်။ ထိုအစား ငါး၏အသားမှ ထုတ်လုပ်ထားသော ငါးကြီးဆီ ဖြည့်စွက်စာကို စားသုံးပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement