ဦးနှောက် အတွင်းခန်းတွင် သွေးယိုခြင်း ယင်းသည် ကိုယ်အလေးချိန် ၁.၃၆ ကီလိုဂရမ်ထက်နည်းသော ကလေးများတွင် ပိုဖြစ်တတ်ပါသည်။ ထိုသို့ ဦးနှောက်သွေးယိုခြင်းများသည် မွေးပြီး ၃ ရက်တွင် ဖြစ်လေ့ရှိပြီး အသံလှိုင်းဓာတ်မှန်ရိုက်ခြင်းဖြင့် ရောဂါကို သိရှိနိုင်ပါသည်။ ထိုသို့ဖြစ်လာလျှင် ဆရာဝန်များက ဦးနှောက်အတွင်းသို့ ပြွန်ချောင်းငယ်ထည့်ခြင်းဖြင့် သွေးများကို အပြင်သို့ ထုတ်ကာ ဦးနှောက် ထိခိုက်ပျက်စီးမှုများကို သက်သာစေပါသည်။ မပြင်းထန်သော အခြေအနေများတွင်မူ ဆေးများဖြင့် ကုသနိုင်ပါသည်။
- အသားဝါခြင်း၊ မျက်လုံးများဝါခြင်း
လမစေ့သော ကလေးများ၏ အသည်းသည် သွေးထဲရှိ အဝါဓာတ်များ စွန့်ထုတ်မှုလုပ်ငန်းများကို မလုပ်ဆောင်နိုင်သေးသည့်အတွက် အရေပြားနှင့် မျက်လုံးများဝါခြင်း ဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် ပြင်းထန်အဆင့် မဟုတ်သော်လည်း အဝါဓာတ်များ လွန်ကဲများပြားလာပါက ဦးနှောက်ကို ထိခိုက် ပျက်စီးစေနိုင်ပါသည်။
သွေးစစ်ခြင်းဖြင့် ကလေးငယ်၏ သွေးထဲရှိ အဝါဓာတ်များကို သိရှိနိုင်ပြီး အဝါဓာတ်များကို လျော့နည်းစေရန် အလင်းရောင်ကုထုံးဖြင့် ကုသနိုင်ပါသည်။ တခါတရံတွင် သွေးသွင်းရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။
- အူလမ်းကြောင်းရောင်ရမ်းပြီး ဆဲလ်များကြွေကျခြင်း
ထိုရောဂါကို ပုံရိပ်ဖော်စက်များဖြင့် စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းဖြင့် သိနိုင်ပါသည်။ ကုသမှုများခံယူနေစဉ် အူလမ်းကြောင်းကို အနာကျက်သွားစေရန် ပိုးသတ်ဆေးများသွင်းခြင်း၊ အကြောဆေးများဖြင့် အာဟာရဓာတ်များဖြည့်တင်းခြင်းတို့ကို ပြုလုပ်ပေးရပါသည်။ အချို့သော ကလေးများတွင် ပျက်စီးပြီး ပုပ်သွားသော အူနေရာကို ဖြတ်ထုတ်ခြင်းမျိုးလည်း လုပ်ရတတ်ပါသည်။
ထိုသို့ဖြစ်နေလျှင် နှလုံးကို အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် အခြားသော ပုံရိပ်ဖော်ကိရိယာများဖြင့် စမ်းသပ်သိရှိနိုင်ပါသည်။ ဆေးဖြင့် ပွင့်နေသော နေရာကို ပိတ်အောင်ကုသခြင်း ပြုလုပ်နိုင်သော်လည်း ဆေးမတိုးပါက ခွဲစိတ်ကုသမှုကို ခံယူရမည်ဖြစ်ပါသည်။
ယင်းရောဂါစုသည် လမစေ့ဘဲမွေးသော ကလေးများတွင် အဆုတ်များ လုံလောက်စွာ မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်ခြင်းဖြစ်ပါသည်။ ထိုကလေးများ၏ အဆုတ်သည် လေအိတ်ငယ်များကို ပြားပိမသွားစေရန် တွန်းကန်အားများ လုံလောက်စွာ မထုတ်ပေးနိုင်သည့်အတွက် ထိုသို့ဖြစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်ပမှ ပြုလုပ်စီမံထားသော အဆုတ်တွန်းအားကို ဖြစ်စေမည့် ဆေးကို ကလေးများအားထိုးပေးခြင်း၊ အသက်ရှူစက်များတပ်ဆင်ကာ အသက်ရှူရလွယ်ကူအောင်၊ သွေးထဲတွင် အောက်ဆီဂျင်ဓာတ်များပိုရအောင်ပြုလုပ်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ကုသရပါသည်။ တခါတရံတွင် လမစေ့ဘဲ အလွန်စောမွေးသောကလေးများအတွက် အောက်ဆီဂျင်ဓာတ်ကို ကြာမြင့်စွာပေးရန်လိုအပ်သဖြင့် အိမ်တွင် ပေးနိုင်သော အောက်ဆီဂျင်စနစ်များလည်း လိုအပ်ပါသည်။
- မျက်စိအမြင်လွှာချို့ယွင်းသည့်ရောဂါ
ထိုသို့ဖြစ်ခြင်းသည် မျက်စိအမြင်လွှာတွင် မူမမှန်သော သွေးကြောများဖြစ်ခြင်းကြောင့် ဖြစ်ပြီး မျက်စိကွယ်သွားသည်အထိ ဆိုးရွားသွားနိုင်ပါသည်။ အပတ်၃၀ မပြည့်မီမွေးသော ကလေးများတွင် ထိုရောဂါဖြစ်နိုင်ချေ ပိုများကြောင်းတွေ့ရသည်။ ထိုရောဂါကို သိရှိရန် ဆရာဝန်များက ကလေးငယ်၏ မျက်လုံးများကို ကြည့်ရှုစစ်ဆေးရန်လိုအပ်ပြီး အများစုသည် ပြင်းထန်လေ့မရှိဘဲ မျက်စိအမြင်အာရုံများဆုံးရှုံးမှုမရှိဘဲ ပျောက်ကင်းသက်သာသွားကြောင်း တွေ့ရပါသည်။ သို့သော် ပြင်းထန်သော ကလေးများတွင်မူ ထိုမူမှန်သော သွေးကြောများကို လေဆာရောင်ခြည်ဖြင့် ဖျောက်ဖျက်ခြင်း၊ အအေးလှိုင်းနည်းဖြင့်ကုသကာ မျက်စိအမြင်အာရုံဆုံးရှုံးမှုကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။