သွားထိန်း လေးတွေတပ်ထားပြီး သွားဖုံးရောင်လာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇွန် 12, 2020 . 2 mins read
Share now

ယနေ့ခေတ်ကြီးမှာ အပြုံးလေးတွေလှလာဖို့၊ သွားလေးတွေညီဖို့ ဆိုပြီး braces လို့ခေါ်တဲ့ သွားထိန်း စွပ်လေးတွေ တပ်ဆင်တာလေးတွေ ခေတ်စားလာကြပါတယ်။ သွားထိန်းစွပ်လေးတွေ တပ်တာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သွားထိန်းစွပ်လေးတွေ တပ်ထားရင်း သွားနာတာ၊ သွားဖုံးလေးတွေ ရောင်လာတာ၊ စားချင်တာတွေမစားရတာ၊ သေသေချာချာဂရုစိုက်ပေးရတာမျိုးတွေ အများကြီးရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ သွားထိန်းစွပ်လေးတွေတပ်ထားတဲ့ သူတွေမှာ အဖြစ်များတဲ့ သွားဖုံးရောင်ခြင်းပြသနာ အကြောင်းကို မျှဝေပေးသွားမှာပါ။

သွားထိန်း တပ်ထားတဲ့ သူတွေမှာ ဘာလို့ သွားဖုံးရောင်တာတွေ အဖြစ်များလဲ။

၁။ သန့်ရှင်းမှုပိုင်းမှာ အားနည်းတာကြောင့်။

များသောအားဖြင့် သွားထိန်း လေးတွေရှိနေတာကြောင့် သွားကို သေသေချာချာသန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတာကြောင့် အဖြစ်များပါတယ်။ သွားကို သန့်ရှင်းရေး ကောင်းကောင်းမလုပ်နိုင်တဲ့အခါ သွားချေးတွေ၊ အစာအကြွင်းအကျန်တွေ စုပုံလာပြီး ဘက်တီးရီးယားပိုးမွှားလေးတွေ ပေါက်လာနိုင်ပါတယ်။

၂။ သွားလေးတွေ နေရာအနည်းငယ်ရွေ့သွားတာကြောင့်။

Braces လေးတွေက သွားလေးတွေကို ညီအောင် တဖြည်းဖြည်း ညှိပေးနေတာကြောင့် အချို့သွားလေးတွေ ရွေ့သွားတဲ့အခါ လွတ်သွားတဲ့ နေရာသေးသေးလေးတွေ ပေါ်လာတတ်ပါတယ်။ အဲဒီလို နေရာလေးတွေမှာ အစာအကြွင်းအကျန်လေးတွေ ကျန်နေတတ်ပါတယ်။ အဲဒီ အညစ်အကြေးတွေကြောင့် ပိုးမွှားလေးတွေ ပေါက်လာတဲ့အခါ gingivitis လို့ခေါ်တဲ့ သွားဖုံးရောင်ခြင်းပြသနာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် အချိန်ကြာတဲ့အခါ gingival hyperplasia လို့ခေါ်တဲ့ သွားဖုံးထူလာခြင်း ပြသနာကိုပါ ဖြစ်လာစေနိုင်ပါတယ်။

၃။ တချို့သော ရောဂါအခံရှိတာကြောင့်။

ဥပမာ- ဆီးချိုရှိခြင်း၊ အဝလွန်ခြင်း စတဲ့ရောဂါအခံတွေ ရှိနေတဲ့သူတွေမှာ သွားဖုံးရောင်ခြင်း ပြသနာ ပိုအဖြစ်များပါတယ်။

သွားထိန်းလေးတွေ တပ်ထားပြီး သွားဖုံးရောင်တာတွေ၊ နာတာတွေ ဖြစ်လာတဲ့အခါ ဘာတွေလုပ်ကြမလဲ။

၁။ ပလုပ်ကျင်းပါ။

Brace တပ်ထားပြီး သွားဖုံးလေးတွေ နာလာတယ်၊ ရောင်လာတယ်ဆိုရင် ရေနွေးနွေးလေးထဲမှာ ဆားလေးအနည်းငယ်ထည့်ပြီး မကြာခဏ ပလုပ်ကျင်းပေးပါ။

၂။ မာတဲ့ အစားအစာတွေကို ရှောင်ပါ။

သွားဖုံးလေးတွေက ရောင်ရမ်းပြီး အထိမခံရွှေပန်းကန် ဖြစ်နေတဲ့ အချိန်မို့ အရမ်းမာပြီး ဝါးရခက်တဲ့ အစားအစာလေးတွေကို ရှောင်သင့်ပါတယ်။ ဒါ့အပြင် သွားကြားထဲမှာ ညှပ်ကျန်နေနိုင်မယ့် အမဲသားလိုမျိုး အမျှင်တွေများတဲ့ အစားအစာတွေကို ရှောင်ဖို့ အကြံပေးချင်ပါတယ်။

၃။ ဆေးသောက်ပါ။

သွားနာတာနဲ့ ရောင်ရမ်းတာတွေ သက်သာစေနိုင်ဖို့အတွက် အနာသက်သာတဲ့ဆေးတစ်ခုခု သောက်နိုင်ပါတယ်။ ဒါပေမယ့် အရမ်းပြင်းတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်တဲ့အခါမှာလည်း အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အစာအိမ်ကို ကာကွယ်တဲ့ဆေးတစ်ခုခုနဲ့ တွဲသောက်တာမျိုးဖြစ်ဖြစ် (သို့) ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ပြီးမှဖြစ်ဖြစ် သောက်သုံးသင့်ပါတယ်။

၄။ သွားသန့်ရှင်းရေးကို စိတ်ရှည်ရှည်နဲ့ သေချာလုပ်ပေးပါ။

သွားပွတ်ကြိုးလေးတွေ သုံးတာမျိုး၊ သွားတိုက်တဲ့အခါမှာ သွားထိန်းအသုံးပြုတဲ့ သူတွေအတွက် ကောင်းပြီး နူးညံ့တဲ့ သွားတိုက်တံလေးတွေ သုံးတာမျိုး နဲ့ အညစ်အကြေးတွေ မကျန်အောင် သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

၅။ ဆရာဝန်နဲ့ တိုင်ပင်ပါ။

အရှေ့မှာ ဖော်ပြခဲ့သလိုမျိုး gingivitis (သွားဖုံးရောင်ခြင်း) တို့၊ gingival hyperplasia (သွားဖုံးထူလာခြင်း) တွေ ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့  ပုံမှန်လေးပြသပေးဖို့လည်း အရေးကြီးပါတယ်။

ဘယ်လို ကာကွယ်ကြမလဲ။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ် ဆိုတဲ့အတိုင်း brace တပ်ပြီးကတည်းက သွားကျန်းမာရေးကို အရင်ထက်ပိုပြီး ဂရုစိုက်ထားဖို့ လိုအပ်ပါတယ်။

၁။ သွားကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းပုံမှန်တိုက်ပေးပါ။

၂။ သွားတိုက်တဲ့အခါ electric tooth brush လေးတွေနဲ့ နူးညံ့တာလေးတွေ အသုံးပြုပါ။

၃။ သွားတိုက်ပြီးတိုင်းမှာ အာလုပ်ကျင်းဆေးရည်လေးနဲ့ ပလုပ်ကျင်းပေးပါ။

၄။ စားကြွင်းစားကျန်တွေ၊ အညစ်အကြေးတွေအတွက် သွားပွတ်ကြိုးလေးကို အသုံးပြုပေးပါ။

၅။ မာတဲ့အစားအစာ၊ သွားကြားညှပ်စေမယ့် အစားအစာမျိုးတွေကို တတ်နိုင်သလောက် ရှောင်ပါ။

၆။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး လိုအပ်ရင် ကုသမှုခံယူပါ။

brace တပ်ထားတဲ့ သူတွေမှာ ဒီလို သွားဖုံးရောင်ခြင်းဟာ အင်မတန်အဖြစ်များပြီး ကောင်းကောင်းလည်း မစားနိုင်၊ နာလည်းနာတဲ့ အတွက် အင်မတန် စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါ hello ဆရာဝန်ပရိသတ်ကြီးလည်း ကျန်းကျန်းမာမာနဲ့ Brace လေးတွေတပ်ပြီး လှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်အနာနဲ့ ပတ်သက်လာရင် အများစုက အစာအိမ်ဆေးလောက်ပဲ ဝယ်သောက်ကြတာများပါတယ်။ ဒါက လက္ခဏာကိုပဲ သက်သာစေပြီး အပြီးမပျောက်စေပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘယ်လိုအခြေအနေမှာ သွားဆရာဝန်နဲ့ ပြသဖို့ လိုမလဲ။

အစားတွေ ကောင်းကောင်းစားနိုင်ဖို့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ပါးစပ်ထဲမှာ ပုလဲလုံးလေးတွေလို သီထားတဲ့ သွားလေးတွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသည်းတစ်ခြမ်းနဲ့ လူသား

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ အသည်းဟာ ပျက်စီးပြီးတဲ့နောက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read