နူးညံ့တဲ့ အမွေးရှိတဲ့ သွားပွတ်တံကို သုံးပြီး ကိုယ့်ရဲ့ သွားတွေ၊ သွားဖုံးတွေ၊ လျှာတွေကို သန့်ရှင်းရေး လုပ်ပေးပါ။ အထူးသဖြင့် အိပ်ခါနီး အံကပ်ဖြုတ်ရင် လုပ်ဖြစ်အောင် လုပ်ပါ။ အံကပ်ဂျယ်သုံးရင် ဂျယ်ကို ဖယ်ပြီး သန့်ရှင်းရေး လုပ်ပါ။ ဒီလိုတိုက်ပေးတာက ခံတွင်းထဲမှာ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။
-
အံကပ်ကို နေ့တိုင်း သန့်ရှင်းရေး လုပ်ပေးပါ။
အံကပ်ကို နေ့တိုင်းဖြုတ်ပြီး ဆေးပေးပါ။ နူးညံ့တဲ့ သွားပွတ်တံလေးရယ်၊ အံကပ်ဆေးတဲ့ အရည်လေးရယ် သုံးပြီးတော့ပေါ့။ သွားတိုက်ဆေးနဲ့ ဆေးတာက ရေရှည်မှာ အံကပ်ကို ပျက်စီးစေလို့ တတ်နိုင်ရင် အံကပ်ဆေးဖို့ ထုတ်ထားတဲ့ ဆေးရည်ကို သုံးစေချင်ပါတယ်။ ဆေးရည်လေးကို သုံးပြီး စားကြွင်းစားကျန်တွေ၊ အစွန်းအထင်းတွေကို သေချာ သန့်ရှင်းပေးပါ။ ဒါပေမယ့် ဖြည်းဖြည်းတိုက်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း တိုက်ရင် အံကပ်ပုံပျက်သွားမှာပါ။ နောက်ပြီး အံကပ်မချွတ်ချင်လို့ ပါးစပ်ထဲမှာ တပ်ပြီး ဆေးရည်နဲ့ သန့်ရှင်းရေး မလုပ်ပါနဲ့။ ဒါက ခံတွင်းကို ပျက်စီးစေပါတယ်။
- ညဘက်ဖြုတ်ရင် ရေစိမ်ထားပါ။
အံကပ်တွေက ပုံမပျက်ဖို့ဆို စိုစွတ်နေရမှာပါ။ ဒါကြောင့် ညဘက်ဖြုတ်အိပ်ရင် အံကပ်စိမ်တဲ့ရေဖြစ်ဖြစ်၊ ရိုးရိုးရေမှာပဲ ဖြစ်ဖြစ် စိမ်ထားပါ။ ဒီတိုင်းထားလို့ ခြောက်သွားရင် ပုံပျက်သွားပါမယ်။ နောက်ပြီး ရေနွေးပူထဲ ထည့်စိမ်ရင်လည်း ပုံပျက်သွားနိုင်ပါတယ်။
မနက်နိုးလို့ အံကပ်ကို ပြန်တပ်မယ်ဆိုရင် ရေပြန်ဆေးပါ။ အထူးသဖြင့် အံကပ်စိမ်တဲ့ရေထဲ ထည့်ထားရင်ပေါ့။ ဒီအရည်က မျိုချမိရင် ပျို့အန်တာ၊ ဗိုက်နာတာ၊ လည်ချောင်းမှာ ပူတာတွေ ဖြစ်တတ်လို့ပါ။
အံကပ်တပ်တဲ့သူက အသားမကျဘူးဆိုရင် အံကပ်နဲ့ သွားဖုံးနဲ့ ပွတ်မိပြီး အနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အံကပ်ဖြုတ်တိုင်း သွားဖုံးတွေကို သေချာ စစ်ဆေးပါ။ လျှာအောက်ကိုလည်း သေချာ စစ်ဆေးပါ။ အနာရှိရင်၊ သွားဖုံးနာရင် ဆက်မတပ်ဘဲ သွားဆရာဝန်နဲ့ ပြသပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။