နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

လူတစ်ယောက်က တစ်နေ့ ဆားပမာဏ ဘယ်လောက်စားသင့်လဲ

Salt ဆိုတာ စကားလုံး လက်တင်စကား Sal မှ ဆင်းသက်လာတာပါ။ Sal ရဲ့ လက်တင် အဓိပ္ပါယ်ကလည်း ဆားပါပဲ။ ဆားဟာ တစ်ချိန်က အဖိုးတန်တဲ့ ရှားပါးပစ္စည်းတစ်ခုဖြစ်ကာ ငွေကြေးပစ္စည်း တစ်ခု အဖြစ် အသုံးပြုခဲ့ကြပါတယ်။ လစာဆိုတဲ့ အင်္ဂလိပ်စကား Salary ဟာ Salt ဆိုတဲ့ စကားမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဆားကို အရင်ခေတ်ကာလကတည်းက အစားအသောက် အရသာ အတွက်နဲ့ အစားအစာတွေ ကြာရှည်ခံစေရန် အတွက် အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင်ကို ဆားကို သားရေနယ်တဲ့ လုပ်ငန်း၊ ဆိုးဆေးလုပ်ငန်း၊ အရောင်ချွတ်ခြင်း လုပ်ငန်း၊ အိုးထုတ်လုပ်ခြင်း၊ ဆပ်ပြာနဲ့ ကလိုရင်း ထုတ်လုပ်ရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ဓါတု စက်မှုလုပ်ငန်းတွေမှာ ဆားကို ကုန်ကြမ်း […]


နှလုံးရောဂါ

သင်က O သွေးပိုင်ရှင်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

လူတစ်ဦးနဲ့တစ်ဦးသွေးအမျိုးအစားမတူနိုင်ပါဘူး။သွေးအမျိုးအစားမတူတာကြောင့် ဘာမှကြီးကြီးမားမားကွာခြားသွားတာရှိမှာ ဟုတ်ဘူးလို့ ယူဆခဲ့ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူးသွေးအမျိုးအစားက ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိသလို ထိခိုက်မှုတွေဖြစ်တဲ့အခါဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲ အခြေအနေတွေအပေါ်မှာလည်း သက်ရောက်နေပါတယ်။ ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေက အန္တရာယ်အများဆုံးဖြစ်မလဲ သွေးအမျိုးအစားတွေကို A၊ B၊ AB နဲ့ O ဆိုပြီးအမျိုးမျိုးရှိနေကြပါတယ်။ ဒီကြားထဲကမှာ Positive နဲ့ Negative ဆိုပြီးကွဲပါသေးတယ်။ ဒီသွေးအမျိုးအစားတွေကမွေးဖွားလာမယ့် သားသမီးလေးတွေရဲ့သွေးအမျိုးအစားေပါ်မှာလွှမ်းမိုးမှုရှိနေသလို ကိုယ်တိုင်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ တကယ်လို့ သင်က Oသွေးပိုင်ရှင်ဆိုရင်တော့ မတော်တဆထိခိုက်မှုတစ်ခုခုဖြစ်တဲ့အခါ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက်ပိုပြီး စိုးရိမ်စရာရှိနေပါတယ်တဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင်လေ့လာမှုအသစ်တစ်ရပ်အရ မတော်တဆထိခိုက်မှုတစ်ခုခုနဲ့ကြုံ တဲ့အခါ Oသွေးပိုင်ရှင်တွေရဲ့သွေးထွက်နှုန်းက အခြားသူတွေထက်ပိုများတာကြောင့်သွေးထွက်လွန်ြပီးသေဆုံးနိုင်ခြေက အခြားသွေးအမျိုးအစား ပိုင်ရှင်တွေထက် များနေတာကြောင့်ပါ၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဂျပန်နိုင်ငံက သုတေသီဒေါက်တာ Wataru Takayama ဦးဆောင်ပြုလုပ်ခဲ့တဲ့ သုတေသနလုပ်ဆောင်ချက်တွေအရ Oသွေးအမျိုးအစားပိုင်ရှင်တွေမှာသွေးတိတ်မှုဖြစ်စဉ်က အခြားသွေးအမျိုးအစားတွေထက် လုပ်ဆောင်မှုနှေးတယ်လို့တွေ့ရှိခဲ့ရပါတယ်။ပြင်းထန်တဲ့ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ လူသေဆုံးရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကသွေးထွက်လွန်တာကြောင့်လည်းဖြစ်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ တိတိကျကျပြောရမယ်ဆိုရင်တော့ပြင်းထန်တဲ့မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါသွေးထွက်လွန်ပြီးသေဆုံးနိုင်ခြေက […]


နှလုံးကြွက်သားရောဂါများ

နှလုံးကြွက်သားရောဂါ

အသက်ကြီးသူတွေမှာရတတ်တဲ့နှလုံးရောဂါအမျိုးမျိုးအကြောင်း ကြားဖူးထားမှာပါ။ ဒါပေမယ့် လူငယ်တွေမှာဖြစ်တတ်တဲ့ နှလုံးရောဂါတွေလည်းရှိပါသေးတယ်။ Cardiomyopathy လို့ခေါ်တဲ့နှလုံးကြွက်သားရောဂါဖြစ်တယ်။ ထိုရောဂါဖြစ်တဲ့အခါ နှလုံးမှသွေးညှစ်ထုတ်ဖို့အခက်အခဲတွေဖြစ်လာပါတယ်။ နှလုံးကြွက်သားရောဂါဆိုတာဘာလဲ ပိုပိုဆိုးလာနိုင်တဲ့နှလုံးရောဂါတစ်မျိုးဖြစ်တယ်။ နှလုံးကြွက်သားရောဂါမှာဆိုရင် နှလုံးကြွက်သားရဲ့ပုံစံဖြစ်စေ၊ လုပ်ဆောင်မှုဖြစ်စေ ပြောင်းလဲလာခြင်းဖြစ်တယ်။ နှလုံးကြီးခြင်း၊ နံရံထူခြင်း၊ နှလုံးနံရံမာခြင်း တို့ပါဝင်တယ်။ များသောအားဖြင့် သွေးလွှတ်ခန်း(နှလုံးအောက်ခန်း)ကနေ စဖြစ်တတ်ပြီး ဆိုးရွားတဲ့အခြေအနေမှ သွေးဝင်ခန်း(နှလုံးအပေါ်ခန်း)ကို ထိခိုက်လာပါတယ်။ နှလုံးကြွက်သားဆဲလ်တွေပျက်စီးလာပြီး သွေးညှစ်ထုတ်ခြင်းကိုထိခိုက်စေတယ်။ မကုသဘဲထားပါက နှလုံးခုန်မမှန်ခြင်း၊ နှလုံးထိခိုက်ခြင်းတို့လည်းဖြစ်လာနိုင်ပါတယ်။ အဓိကလေးမျိုးရှိတယ် - · နှလုံးအခန်းကျယ်ခြင်း · ညာဘက်သွေးလွှတ်ခန်းကြွက်သားသေကာနှလုံးခုန်မမှန်ခြင်း · နှလုံးကြီးခြင်း · သွေးဝင်ခန်းသွေးပုံမှန်မဖြည့်နိုင်ခြင်း ဘာကြောင့်ဖြစ်ရသလဲ တစ်မျိုးစီးမှာရောဂါဖြစ်စေတဲ့အကြောင်းအရင်းသီးသန့်စီရှိကြတယ်။ နှလုံးကြီးခြင်း နှင့် ညာဘက်သွေးလွှတ်ခန်းကြွက်သားသေကာနှလုံးခုန်မမှန်ခြင်း ထိုနှလုံးကြွက်သားရောဂါတွေဟာ မျိုးရိုးလိုက်ခြင်းဖြစ်တယ်။ နှလုံးကြွက်သားပရိုတင်းတစ်မျိုးမှာ ဗီဇချို့ယွင်းခြင်းကြောင့် ဖြစ်ရပါတယ်။ မျိုးရိုးဆက်ခံခြင်းမဟုတ်ဘဲ တခြားသော သွေးတိုးခြင်း၊ အသက်ကြီးလာခြင်း၊ သွေးချိုဆီးချို၊ သိုင်းရွိုက်ရောဂါ ကဲ့သို့ ရောဂါတွေကြောင့်လည်းဖြစ်နိုင်တယ်။ တချို့အခြေအနေတွေမှာအကြောင်းအရင်းမတွေ့တာလည်းဖြစ်နိုင်ပါတယ်။ နှလုံးအခန်းကျယ်ခြင်း တခြားနှစ်မျိုးလိုပဲ၊ အကြောင်းအရင်းအတိအကျပြဖို့မလွယ်ပါဘူး။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို၊ တခြားသောအခြေအနေ အရာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေရှိတဲ့အကြောင်းတချို့ကတော့ - · […]


နှလုံးကြွက်သားရောဂါများ

နှလုံးကြီးခြင်းဖြစ်စဉ်များ

နှလုံးကြီးခြင်း ကို ဆေးပညာတွင် Cardiomegaly ဟုခေါ်ပြီး ရောဂါတစ်ခုအဖြစ်မစဉ်းစားသော်လည်း အခြားရောဂါများ၏လက္ခဏာ တစ်ရပ်အဖြစ်ထည့်သွင်းစဉ်းစားတတ်သည်။ လူတစ်ဦးတွင် နှလုံးကြီးစေသည့် အကြောင်းပြချက်များစွာရှိပြီးသွေးပေါင်တက်ခြင်း၊နှလုံးခုန်သံများမှ အစ နှလုံးကြွက်သားနှင့်အဆို့ရှင်များအားနည်း ခြင်းစသည်တို့ပါသင်သည်။ ယနေ့ဆောင်းပါးတွင် နှလုံးကြီးရခြင်းရဲ့အကြောင်းအရင်းများ၊ဖြစ်နိုင်ချေများနှင့် ကုသမှုများကို ဖော်ပြသွားမှာဖြစ်ပါတယ်။   နှလုံးကြီးခြင်းရဲ့လက္ခဏာရပ်များ လူအများစုသည် ဆေးရုံတွင် နှစ်စဉ်ဆေးစစ်မှုများပြုလုပ်ပြီးမှ သိသည် အထိ မည်သည့်လက္ခဏာများမှ မခံစားရပေ။ အချို့လူများတွင် လက္ခဏာများအနည်းငယ်သာခံစားရပြီး အချို့တွင် အချိန်ကြာသည်နှင့်အမျှပိုပိုဆိုးလာသော လက္ခဏာများကို တောက်လျှောက်ခံစားနေရနိုင်ပါသည်။ နှလုံးကြီးခြင်းသည် ကိုယ်အလေးချိန်တက်ခြင်း၊ရေဖျည်းဆွဲခြင်း(သို့)ဖောခြင်း၊မောပန်းခြင်း၊ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူမဝခြင်း စသည်တို့ကို ဖြစ် စေနိုင်ပါသည်။   ဖြစ်ပွားရသောအကြောင်းအရင်းများ နှလုံးကြီးရခြင်း၏ အကြောင်းများစွာရှိသည်။ အချို့မှာ သွေးတိုးခြင်း၊သွေးထောက်ပံ့မှုမရှိခြင်း၊နှလုံးကြွက်သားအားနည်းခြင်း စသည်တို့ ဖြစ်သည်။ အချို့အကြောင်းအရင်းများမှာ အိတ်ခ်ျအိုင်ဗီပိုးရှိခြင်း ၊မူးယစ်ဆေးဝါး(သို့)အရက်သောက်ခြင်း၊မွေးရာပါနှလုံးရောဂါရှိခြင်း၊ကျောက်ကပ်ဆေးရန်လိုအပ်သောကျောက်ကပ်ရောဂါများ၊ ကိုယ်ဝန်ဆောင်နေရခြင်း စသည်တို့ပါဝင်သည်။   နှလုံးကြီးနိုင်ချေရှိသည့်အကြောင်းအရင်းများ ဆရာဝန်များသည် ဖြစ်နိုင်ချေနှင့် ထိခိုက်မှုကို ဆုံးဖြတ်ရန် မည်သည့်နှလုံးနေရာကြီးနေသည်ကို အခြေခံကာကြည့်သည်။ နှလုံး ကြီးခြင်း၏နောက်ဆက်တွဲပြဿနာများစွာရှိသည်။ဥပမာ - နှလုံးအားနည်းခြင်း - ဘေးရန်အရှိဆုံးဖြစ်ပြီး အဆိုးဆုံးနောက်ဆက်တွဲ ပြဿနာဖြစ်သည်။ သင့်နှလုံးသည် ထိရောက်စွာသွေးများကို သင့်တစ်ကိုယ်လုံးသို့ညှစ်ထုတ်မပေးနိုင်သည့် အချိန်တွင် ဖြစ်ပွားသည်။ အဘယ်ကြောင့်ဆိုသော် နှလုံးသည်ပိုမိုအားနည်းလာပြီး သင့်သွေးပြန်ကြောများသည်လည်း အလွန် ကျယ်သွား၍ဖြစ်သည်။   ရုတ်တရက်သေဆုံးခြင်း အချို့သောနှလုံးကြီးသည့်ပုံစံများတွင် […]


ကိုလက်စထရောလ်

အဆီဓာတ်များခြင်းနှင့် ဆက်စပ်နေသောရောဂါများ

လူတော်တော်များများက အဆီဓာတ်မြင့်မားခြင်းဟာ နှလုံးအတွက်မကောင်းဘူးဆိုတာကို သိထားကြပါတယ်။ သို့သော်လည်း လူတော်တော်များများ သတိမထားမိတာက ဒီလိုအခြေအနေမျိုးက တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုပါထိခိုက်စေတယ်ဆိုတာပါပဲ။ အဆီဓာတ်များခြင်းကြောင့် တွဲပြီး တွေ့ရနိုင်တဲ့ တစ်ချို့သော ရောဂါများအကြောင်းကို အောက်မှာ ကြည့်နိုင်ပါတယ်။ လေဖြတ်ခြင်း။ သင့်ရဲ့သွေးလွှတ်ကြောလေးတွေထဲမှာ အဆီတွေစုတာကြောင့် သွေးကြောလေးတွေကိုမာလာစေတဲ့အတွက် ဒီလိုအခြေအနေကိုသွေးကြောကျဉ်းခြင်း artherosclerosisလို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ သင့်နှလုံး သို့မဟုတ် သင့်ဦးနှောက်ကိုပါထိခိုက်စေပါတယ်။ တကယ်လို့ သင့်ဦးနှောက်ကို သွားရမယ့်သွေးကြောထဲမှာ ပိတ်သွားခဲ့ပြီဆိုပါက သင့်မှာ လေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။ ဆီးချိုပုံစံ၂ ဆီးချိုရှိတဲ့ လူတော်တော်များများဟာ အဆီဓာတ်လည်း ပိုပြီးများနေတတ်ပါတယ်။ တကယ်လို့ အခြေအနေတွေကို ကောင်းစွာထိန်းချုပ်ထားရင်တောင်မှပဲ သင့်သွေးထဲမှာ အဆီဓါတ် cholesterol တွေတက်နေနိုင်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အဆီဓာတ်လို့ခေါ်တဲ့ LDL တွေပိုတက်နေနိုင်ပါတယ်။ အဝလွန်ခြင်း။ အဝလွန်ခြင်းနဲ့ အဆီဓာတ်များခြင်းတို့ဟာ ဆက်စပ်မှုရှိတယ်ဆိုတာကတော့ မြင်သာပါတယ်။ အရမ်းကို ဝနေတယ်ဆိုရင်တော့ သင့်မှာ အဆီဓာတ်အများကြီးတက်နေဖို့ ဖြစ်နိုင်နေပါပြီ။ အကျိုးဆက်အနေနဲ့ကတော့သင့်မှာ အဆီဓာတ်တက်ခြင်းရဲ့နောက်ဆက်တွဲပြသနာတွေအနေနဲ့ ဆက်စပ်တဲ့ […]


သွေးတိုးရောဂါ

သွေးဖိအားကို ဘယ်လို စနစ်တကျတိုင်းတာမလဲ

သင့်သွေးဖိအားဟာ သင့်ကျန်းမာရေးကို ညွှန်ပြနေတဲ့ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။ သွေးဖိအားကို ကျန်းမာရေးစောင့်ရှောက်သူ အကူအညီမပါဘဲ မိမိနေအိမ်မှာ တိုင်းတာနိုင်ပါတယ်။ သွေးဖိအားကို ဘယ်လို စနစ်တကျ တိုင်းတာရမလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။   သွေးဖိအားမတိုင်းတာခင် ဘာတွေပြင်ဆင်ရမလဲ ဆိတ်ငြိမ်သည့်နေရာတစ်ခုတွင် သင့်နှလုံးခုန်သံကို နားထောင်ပါ။ သွေးဖိအားမတိုင်းတာခင် ၅မိနစ်ခန့် အနားယူပါ။ ဆီးသွားချင်လျှင် သွားထားပါ။ စိတ်ရောကိုယ်ပါ ဖြေလျော့ထားပါ။ ကိုယ်စိတ်ဖိစီးနေချိန်၊ လေ့ကျင့်ခန်းလုပ်ပြီးကာစ အချိန်များတွင် မတိုင်းတာသင့်ပါ။ ကဖင်း သို့မဟုတ် ဆေးရွက်ကြီး အသုံးပြုထားလျှင် အနည်းဆုံး နာရီဝက်ကြာမှ တိုင်းပါ။ ကျောမှီပါသည့် ကုလားထိုင်တွင် ခြေထောက်မချိတ်ဘဲ မတ်မတ်ထိုင်ပါ။ ခြေဖဝါးနှစ်ဖက်လုံးကို ကြမ်းပြင်နှင့်ထိထားပါ။ အင်္ကျ ီလက်ရှည်ဝတ်ထားလျှင် လက်မောင်းအထိ ခေါက်တင်ပါ။ ခေါက်တင်မရပါက အပေါ်အင်္ကျ ီ ချွတ်လိုက်ပါ။ လက်မောင်းကို နှလုံးတည်နေရာနှင့် တစ်တန်းတည်းထားပါ။   သွေးဖိအား […]


ကိုလက်စထရောလ်

အရက်သောက်ခြင်းနှင့် အဆီဓါတ်

ကိုယ့်ခန္ဓါကိုယ်ထဲမှာ အဆီဓါတ်(cholesterol) မြင့်မားနေတယ်ဆိုတာဟာ အဲ့လူမှာ ကျန်းမာတဲ့လူနေမှုဘဝ ပုံစံလိုအပ်နေတယ် ကန့်သတ်မှုတွေထားပြီး စားသောက်နေ ထိုင်ဖို့လိုအပ်နေပြီလို့ ယူဆရပါတယ်။ ဆိုလိုတာကတော့ အရက်သောက်ခြင်းက စဉ်းစားရမယ့် ပြသနာတစ်ခုအနေနဲ့ ပါလာပါတယ်။ အရက်သောက်ခြင်းနှင့် အဆီဓါတ် ကြားက အကြောင်းတွေ ဆက်စပ်မှုကို သိနိုင်ဖို့ အောက်က အချက်တွေကို ကြည့်လိုက်ကြရအောင်။   ဘီယာနှင့် အဆီဓါတ် (cholesterol) ဘီယာက အဆီဓါတ်မပါဝင်ဘူးလို့ ဆိုသော်လည်း ၎င်းမှာ ကာဗွန်ဟိုက်ဒရိတ် အချိုဓါတ်နဲ့ အရက်တို့ ပါဝင်နေတဲ့ အတွက် သင့်ရဲ့ triglyceride လို့ခေါ်တဲ့မကောင်းတဲ့အဆီ ဓါတ်ကို မြင့်စေပါတယ်။ တစ်ခြားဘက်ကကြည့်ရင်တော့ ဘီယာထဲမှာ အပင်ကထုတ် တဲ့ဟာမျိ ုးမှာ အရက်ဓါတ်တစ်မျိ ုးပါဝင်တာရှိပါတယ်။ ဒီ ဓါတ်ပေါင်းမျိ ုးတွေက အဆီဓါတ် (cholesterol)ကိုသွား ပေါင်းပြီး အဆီဓါတ်ကို ခန္ဓါကိုယ်ကနေဖယ်ရှားပေးပါတယ်။ ကံမကောင်းစွာနဲ့ပဲ အပင်တွေထဲမှာပါတတ်တဲ့ အရက်ဓါတ်တစ်မျိ ုးဖြစ်တဲ့ sterol ဟာ အဆီဓါတ် (cholesterol)ကို ထိရောက်စွာ လျှော့ချနိုင်ဖို့အတွက် ပမာဏအလွန်နည်းပါးစွာ သာ […]


ကိုလက်စထရောလ်

အဆီဓါတ်နှင့် နှလုံးရောဂါ

အဆီဓါတ် (cholesterol)ဆိုတာ ဘာလဲ။ အဆီဓါတ် (cholesterol)ဆိုတာ အဆီလို ပစ္စည်းတစ်မျိုး ဖြစ်ပြီး သင့်ခန္ဓါကိုယ်က ဆဲလ်အသစ်တွေထုတ်တာ၊ ဟော်မုန်းတွေထုတ်တာ၊အာရုံကြောတွေတည်ဆောက်တဲ့ နေရာမှာ အကူညီပေးပါတယ်။ သင့်ခန္ဓါကိုယ်က လိုအပ်တဲ့ အဆီဓါတ် (cholesterol) ကို များသောအားဖြင့် အသည်း ကနေထုတ်ပါတယ်။ သင်က အဆီဓါတ်တွေကို တစ်ချိ ု့သော အစားအစာများကို စားပေးခြင်းဖြင့် တက်လာအောင် ပြ ုလုပ် လို့ရပါတယ်။၎င်းအစားအစာတွေကတော့ အမဲသား၊နွားနို့၊ ကြက်ဥ၊နဲ့ တစ်ခြား တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုစားခြင်းနဲ့ တက်နိုင်ပါတယ်။ အဆီဓါတ် (cholesterol)က သင့်ခန္ဓါကိုယ် သွေးကြောထဲ မှာလှည့်ပတ်သွားလာနေပါတယ်။ သိပ်သည်းဆနည်းတဲ့အဆီ ဓါတ် (LDL)လို့ခေါ်တဲ့မကောင်းတဲ့အဆီဓါတ်ကတော့ သွေးကြောတွေရဲ့နံရံမှာ ကပ်နေတတ်ပြီး နောက်ဆုံးမှာ သွေး ကြောတွေပိတ်ခြင်းကို ဖြစ်စေလို့ မကောင်းတဲ့အဆီလို့ခေါ်ပါ တယ်။ သိပ်သည်းဆများတဲ့အဆီဓါတ် (HDL)ကိုတော့ ကောင်းတဲ့အဆီလို့ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူက သွေးထဲက အဆီဓါတ် (cholesterol)ကို ဖယ်ရှားနိုင်တဲ့ အစွမ်းရှိလို့ပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ခန္ဓါကိုယ်ထဲမှာ အဆီဓါတ် cholesterol တွေ အများကြီးစုနေပြီဆိုရင်တော့ သင့်မှာ နှလုံးရောဂါရဖို့ အခွင့်အလမ်းတွေတအား […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

သွေးကျဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

သင့်တွင် သွေးတိုးရောဂါရှိပါက သွေးကျဆေးများ သောက်သုံးရနိုင်ပါတယ်။ ထိုဆေးများတွင် ကောင်းကျိုးများရှိသော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။ အဖြစ်များသော ဆိုးကျိုးမျာကို လေ့လာကြပါစို့။ ဆီးဆေးများ- ဆီးဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ မကြာခဏ ဆီးသွားခြင်းဖြစ်ပါတယ်။ ထိုနည်းဖြင့် ခန္ဓါကိုယ်တွင်းရှိ အရည်များနှင့် ဆားဓါတ်များကို စွန့်ပစ်ပြီး သွေးပေါင်ကျစေပါတယ်။ အချို့ဆီးဆေးများသည် ခန္ဓါကိုယ်မှ ပိုတက်စီယမ်ဓါတ် ဆုပ်ယူမှုကို ကျဆင်းစေပါတယ်။ ထိုအခါ ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနုယ်ခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ဓါတ်ပါသော အစားအစာများ စားသုံးခြင်းဖြင့် ထို လက္ခဏာများ ကာကွယ်ပေးပါတယ်။ ဆီးဆေးများကို ရေရှည် အသုးံပြုပါက အဆစ်ရောင်ခြင်းလက္ခဏာများ ဖြစ်တတ်ပါတယ်။ သို့သော် ရှားပါတယ်။ ဖြစ်ခဲ့ပါကလည်း ဆရာဝန်မှ ကောင်းစွာ ကုသပေးနိုင်ပါတယ်။ သင့်တွင် ဆီးချိုရှိပါက ဆီးဆေးများဟာ […]


သွေးတိုးရောဂါ

သွေးပေါင်တက် သောသူများအတွက် အစားအစာများ

အကယ်၍ တစ်စုံတစ်ယောက်ဟာ သွေးပေါင် တက်လေ့ရှိပါက သွေးတိုးခြင်းနှင့် ပက်သက်သော အခြားရောဂါများအလွယ်တကူ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် သင့်တော်သော အစားအစာများ စားသုံးခြင်းဖြင့် သွေးတိုးခြင်းကို ထိန်းချုပ်ထားသင့်ပါတယ်။ သွေးပေါင်တက်သောသူများအတွက် ကျန်းမာသော စားသောက်နည်းများ -စားခြင်းကို ထိန်းချုပ်နိုင်စွမ်းရှိပါ။ အစာမည်မျှစားသည်၊ ထိုအစာထဲတွင် ကယ်လိုရီမည်မျှ ပါဝင်သည် စသည်တို့ကို ခန့်မှန်းတွက်ချက်ပါ။ ထိုသို့ဖြင့် သွေးပေါင်ကို ထိန်းချုပ်နိုင်ပါမည်။ -ဆားသည် သွေးပေါင်အပေါ် သက်ရောက်မှုရှိပါတယ်။ သင်စားသော အစာများထဲတွင် ဆားများစွာပါပါက ထိုဆားများသည် ခန္ဓါကိုယ်တွင်းတွင် အရည်များကို ဆွဲယူထားကာ သွေးပေါင်တက်နိုင်ချေကို မြင့်စေပါတယ်။ သွေးတိုးရောဂါ ရှိပါက စားသုံးသော ဆားပမာဏကို ကန့်သတ်ထားသင့်ပါတယ်။ တစ်နေ့လျှင် ဆားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက်မပိုသင့်ပါ။ ၂၃၀၀ မီလီဂရမ်အောက်ဖြစ်သင့်ပါတယ်။ အစားအစာများ၏ အညွှန်းကို သေချာဖတ်ခြင်းဖြင့် ဆားဓါတ်များစွားပါသော အစားအစာများကို ရှောင်ကြဉ်ပါ။ ဆားဓါတ်နည်းသော အစာများကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း