backup og meta

သွေးကျဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ


Dr.Nyan Linn မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးကျဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

    သင့်တွင် သွေးတိုးရောဂါရှိပါက သွေးကျဆေးများ သောက်သုံးရနိုင်ပါတယ်။ ထိုဆေးများတွင် ကောင်းကျိုးများရှိသော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။ အဖြစ်များသော ဆိုးကျိုးမျာကို လေ့လာကြပါစို့။

    ဆီးဆေးများ- ဆီးဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ မကြာခဏ ဆီးသွားခြင်းဖြစ်ပါတယ်။ ထိုနည်းဖြင့် ခန္ဓါကိုယ်တွင်းရှိ အရည်များနှင့် ဆားဓါတ်များကို စွန့်ပစ်ပြီး သွေးပေါင်ကျစေပါတယ်။

    အချို့ဆီးဆေးများသည် ခန္ဓါကိုယ်မှ ပိုတက်စီယမ်ဓါတ် ဆုပ်ယူမှုကို ကျဆင်းစေပါတယ်။ ထိုအခါ ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနုယ်ခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ဓါတ်ပါသော အစားအစာများ စားသုံးခြင်းဖြင့် ထို လက္ခဏာများ ကာကွယ်ပေးပါတယ်။

    ဆီးဆေးများကို ရေရှည် အသုးံပြုပါက အဆစ်ရောင်ခြင်းလက္ခဏာများ ဖြစ်တတ်ပါတယ်။ သို့သော် ရှားပါတယ်။ ဖြစ်ခဲ့ပါကလည်း ဆရာဝန်မှ ကောင်းစွာ ကုသပေးနိုင်ပါတယ်။ သင့်တွင် ဆီးချိုရှိပါက ဆီးဆေးများဟာ သွေးတွင်း သကြားဓါတ်ကို ပိုတက်စေနိုင်ပါတယ်။ သို့သော် အများစုဟာ ကျန်းမာသော စားသောက်နေထိုင်မှု၊ ဆရာဝန်မှ ဆေးပမာဏ အတိုးအလျှော့ ထိန်းညှိခြင်း တို့ဖြင့် ထိန်းချုပ်ပေးနိုင်ပါတယ်။

    အချို့သော အမျိုးသားများတွင် လိင်တံ မထောင်မတ်နိုင်ခြင်းကို ကြုံတွေ့ကြရပါတယ်။

    Beta blockers- ထိုဆေးများရဲ့ ဆိုးကျိုးများမှာ ခြေ၊လက်များ အေးစက်ခြင်း ဖြစ်ပါတယ်။

    ရင်ကြပ်ခြင်းရဲ့ လက္ခဏာများဖြစ်တဲ့ ချောင်းဆိုးခြင်း၊ အသက်ရှူသည့်အခါ တရွှီရွှီ မြည်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲ ကြပ်ခြင်း၊ အသက်ရှူ မဝခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။

    စိတ်ဓါတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း

    လုံလောက်စွာ အိပ်မပျော်ခြင်း

    အချို့ အမျိုးသားများတွင် လိင်တံ မထောင်မတ်နိုင်ခြင်း

    အကယ်၍ ကိုယ်ဝန်ယူမည် ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ACE inhibitors

    ACE inhibitors တွေရဲ့ ဆိုးကျိုးတွေကတော့ ရေရှည် ချောင်းခြောက်ဆိုးခြင်း၊ အရေပြားပေါ် အင်ပြင်လိုဖြစ်ခြင်း၊ အချို့အခြေအနေများတွင် ကျောက်ကပ်ပျက်စီးခြင်း၊

    ခံတွင်း အရသာပျက်ခြင်း၊ အရင်က ကြိုက်နှစ်သက်ခဲ့သည့် အစားအစာများပင် မစားလိုတော့ခြင်း၊ မည်သည့်အစားအစာကိုမှ ခံတွင်းမတွေ့ခြင်း။

    Angiotensin 2 receptor blockers

    Angiotensin 2 receptor blockers များဟာ မူးဝေခြင်းကို ဖြစ်စေပါတယ်။ အကယ်၍ ကိုယ်ဝန်ရှိပါက ထိုဆေးကို မသောက်သုံးသင့်ပါ။ ထို့ကြောင့် ကိုယ်ဝန်ယူမည် ဆိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    Calcium channel blockers

    Calcium channel blockers တွေရဲ့ ဆိုးကျိုးတွေကတော့

    -ဝမ်းချုပ်ခြင်း

    -ခြေကျင်းဝတ်များ ရောင်ရမ်းခြင်း

    -ခေါင်းကိုက်ခြင်း

    -နှလုံးခုန် ပုံမမှန်ခြင်း

    -မူးဝေခြင်း

    Alpha blockers

    Alpha blockers တွေရဲ့ ဆိုးကျိုးတွေကတော့

    -နှလုံးခုန် မြန်ခြင်း

    -မူးဝေအားနည်းခြင်း

    -ခေါင်းကိုက်ခြင်း

    Alpha-beta blockers

    နှလုံးခုန် နှေးစေရန် ဆရာဝန်က သင့်သွေးပြန်ကြောတွင်း သို့ Alpha-beta blockers များထိုးသွင်းနိုင်ပါတယ်။ ထိုဆေးများသည် မတ်တပ်ရုတ်တရက် ရပ်လိုက်ပါက သွေးပေါင်ကို ထိုးကျစေခြင်းကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း တို့ကို ဖြစ်စေပါတယ်။

    Alpha-2 receptor agonists

    Alpha-2 receptor agonists များကလည်း ခေါင်းမူးခြင်း၊ ခေါင်းနောက်ခြင်းများကို ဖြစ်စေပါတယ်။

    Central agonists

    Central agonists များက သွေးကြောများကို ပြေလျော့စေပြီး သွေးပေါင်ကို ကျစေပါတယ်။ သို့သော် သူတို့ဟာ လိုအပ်သည်ထက် သွေးပေါင်ပိုကျစေသောအခါ အားနည်းခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့ပြင် ခံတွင်းများ ခြောက်ခြင်း၊ ဖျားခြင်း၊ မူးဝေခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အချို့အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။

    Peripheral adrenergic inhibitors

    Peripheral adrenergic inhibitors များဟာ ဝမ်းလျှောခြင်း၊ ရင်ပူခြင်း၊ နှာခေါင်းပိတ်ခြင်း၊ အားနည်းခြင်း၊ နံနက်နိုးလာသည့်အခါ ခေါင်းမကြည်ခြင်းတို့ကို ဖြစ်စေပါတယ်။ အိပ်မက်ဆိုးများမက်ခြင်း သို့မဟုတ် အိပ်စက်ခြင်းနှင့် ပက်သက်သော ပြဿနာများခံစားရပါက ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။

    သွေးကြော ကျယ်ဆေးများ

    သွေးကြော ကျယ်ဆေးများသည် မျက်လုံးဝန်းကျင် ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်ပုံမမှန်ခြင်း၊ အမွှေးထူလာခြင်း တို့ကို ဖြစ်စေပါတယ် ။ ဆေးများအားလုံးဟာ ဘေးထွက်ဆိုးကျိုးများ ရှိသလို ယခု သွေးကျဆေးများဟာလည်း ထိုနည်းပင်ဖြစ်ပါတယ်။ သို့သော် ကောင်းကျိုးများဟာ ဆိုးကျိုးများထက်ပိုသာနေတတ်ပါတယ်။ ဆိုးကျိုးများက ပြင်းထန်ပါက သို့မဟုတ် မခံစားနိုင်ပါက ဆရာဝန်နှင့် အချိန်မရွေး သွားပြသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement