backup og meta

နှလုံးကြီးခြင်းဖြစ်စဉ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကြီးခြင်းဖြစ်စဉ်များ

    နှလုံးကြီးခြင်း ကို ဆေးပညာတွင် Cardiomegaly ဟုခေါ်ပြီး ရောဂါတစ်ခုအဖြစ်မစဉ်းစားသော်လည်း အခြားရောဂါများ၏လက္ခဏာ

    တစ်ရပ်အဖြစ်ထည့်သွင်းစဉ်းစားတတ်သည်။

    လူတစ်ဦးတွင် နှလုံးကြီးစေသည့် အကြောင်းပြချက်များစွာရှိပြီးသွေးပေါင်တက်ခြင်း၊နှလုံးခုန်သံများမှ အစ နှလုံးကြွက်သားနှင့်အဆို့ရှင်များအားနည်း

    ခြင်းစသည်တို့ပါသင်သည်။

    ယနေ့ဆောင်းပါးတွင် နှလုံးကြီးရခြင်းရဲ့အကြောင်းအရင်းများ၊ဖြစ်နိုင်ချေများနှင့် ကုသမှုများကို ဖော်ပြသွားမှာဖြစ်ပါတယ်။

    နှလုံးကြီးခြင်းရဲ့လက္ခဏာရပ်များ

    လူအများစုသည် ဆေးရုံတွင် နှစ်စဉ်ဆေးစစ်မှုများပြုလုပ်ပြီးမှ သိသည် အထိ မည်သည့်လက္ခဏာများမှ မခံစားရပေ။

    အချို့လူများတွင် လက္ခဏာများအနည်းငယ်သာခံစားရပြီး အချို့တွင် အချိန်ကြာသည်နှင့်အမျှပိုပိုဆိုးလာသော လက္ခဏာများကို တောက်လျှောက်ခံစားနေရနိုင်ပါသည်။

    နှလုံးကြီးခြင်းသည် ကိုယ်အလေးချိန်တက်ခြင်း၊ရေဖျည်းဆွဲခြင်း(သို့)ဖောခြင်း၊မောပန်းခြင်း၊ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူမဝခြင်း စသည်တို့ကို ဖြစ်

    စေနိုင်ပါသည်။

    ဖြစ်ပွားရသောအကြောင်းအရင်းများ

    နှလုံးကြီးရခြင်း၏ အကြောင်းများစွာရှိသည်။ အချို့မှာ သွေးတိုးခြင်း၊သွေးထောက်ပံ့မှုမရှိခြင်း၊နှလုံးကြွက်သားအားနည်းခြင်း စသည်တို့

    ဖြစ်သည်။

    အချို့အကြောင်းအရင်းများမှာ

    အိတ်ခ်ျအိုင်ဗီပိုးရှိခြင်း ၊မူးယစ်ဆေးဝါး(သို့)အရက်သောက်ခြင်း၊မွေးရာပါနှလုံးရောဂါရှိခြင်း၊ကျောက်ကပ်ဆေးရန်လိုအပ်သောကျောက်ကပ်ရောဂါများ၊

    ကိုယ်ဝန်ဆောင်နေရခြင်း စသည်တို့ပါဝင်သည်။

    နှလုံးကြီးနိုင်ချေရှိသည့်အကြောင်းအရင်းများ

    ဆရာဝန်များသည် ဖြစ်နိုင်ချေနှင့် ထိခိုက်မှုကို ဆုံးဖြတ်ရန် မည်သည့်နှလုံးနေရာကြီးနေသည်ကို အခြေခံကာကြည့်သည်။ နှလုံး

    ကြီးခြင်း၏နောက်ဆက်တွဲပြဿနာများစွာရှိသည်။ဥပမာ –

    နှလုံးအားနည်းခြင်း – ဘေးရန်အရှိဆုံးဖြစ်ပြီး အဆိုးဆုံးနောက်ဆက်တွဲ ပြဿနာဖြစ်သည်။ သင့်နှလုံးသည် ထိရောက်စွာသွေးများကို

    သင့်တစ်ကိုယ်လုံးသို့ညှစ်ထုတ်မပေးနိုင်သည့် အချိန်တွင် ဖြစ်ပွားသည်။ အဘယ်ကြောင့်ဆိုသော် နှလုံးသည်ပိုမိုအားနည်းလာပြီး သင့်သွေးပြန်ကြောများသည်လည်း

    အလွန် ကျယ်သွား၍ဖြစ်သည်။

    ရုတ်တရက်သေဆုံးခြင်း

    အချို့သောနှလုံးကြီးသည့်ပုံစံများတွင် ပုံမှန်နှလုံးခုန်နှုန်း၏စည်းချက်ကို နှောင့်ယှက်နိုင်သည်။ သင့်နှလုံးခုန်နှုန်းသည် အလွန်နှေးသွားသောအခါ

    သွေးနှင့်အောက်ဆီဂျင်များကိုသင့်ကိုယ်နှင့်ဦးနှောက် သို့မပေးပို့နိုင်တော့ပါ။

    အခြားနည်းနှင့်ပြောရလျှင် ချက်ချင်းသွေးနှင့်အောက်ဆီဂျင်များစွာကို ပေးပို့ရသောအခါ သင့်ကိုယ်သည် ရှူပ်ထွေးပြီး လုပ်ဆောင်နိုင်စွမ်းကျသွားသည်။

    သာမာန်အခြေအနေများတွင် မူးမေ့ခြင်းလောက်သည်သာ အများဆုံးထိုမှတစ်ဆင့်ဖြစ်တတ်သော်လည်း ဆိုးဝါးသောအခြေအနေများတွင်

    ရုတ်တရက်သေဆုံးခြင်း(သို့)နှလုံးခုန်ရပ်သွားခြင်းတို့ကို ကြုံတွေ့ရနိုင်ပါသည်။

    သွေးခဲခြင်း

    နှလုံးကြီးနေပါက သင့်နှလုံးနံရံတွင် သွေးခဲများလည်းဖြစ်ပေါ်နေတတ်သည်။ ထိုသွေးခဲများသည် သွေး

    ကြောကို ပိတ်ဆို့ကာ အရေးကြီးသောအစိတ်အပိုင်းများကို သွေးအနည်းငယ်သာထောက်ပံ့စေသည်။ ထိုမှတဆင့် လေဖြတ်ခြင်း(သို့)နှလုံးအမောဖောက်ခြင်းတို့ကို တချို့လူများတွင်ဖြစ်စေတတ်သည်။

    နှလုံးကြီးသည့်လူများတွင် ဖြစ်နိုင်သောကုသမှုများဖြစ်ပွားရသည့်အကြောင်းအရင်းနှင့်သင့်၏ ကျန်းမာရေးအခြေအနေ

    ပေါ်မူတည်ကာ ဆရာဝန်များသည် သင်နှင့် အသင့်တော်ဆုံးကုသမှုအားပေးတတ်သည်။

    ဆေးကုသမှု

    သင့်ဆရာဝန်သည် သင့်သွေးထဲရှိ ဆိုဒီယမ်ပမာဏ(သို့)သွေးပေါင်ချိန်ကိုချပေးသောဆေးများ၊နှလုံးစွမ်းဆောင်ရည်ကိုကောင်းစေ

    သောဆေးများ၊နှင့်သွေးခဲခြင်းကို လျှော့ချပေးသောဆေးများကို ပေးတတ်သည်။

    ခွဲစိတ်ကုသခြင်း

    ပြင်းထန်သောအခြေအနေများတွင် ဆေးကုသမှုတင်မလုံလောက်ပဲသင့်ဆရာဝန်သည်သင့်အားခွဲစိတ်ရန်အကြံပေးတတ်သည်။

    သင့်ရင်ဘတ်တွင် စက်တစ်ခုထည့်ပြီး နှလုံးခုန်နှုန်းကို ထိန်းညှိပေးခြင်းမှစ၍နှလုံးအဆို့ရှင်များခွဲစိတ်ခြင်း၊နှလုံးသွေးကြောများကို လမ်းကြောင်းလွှဲပေးခြင်းနှင့်

    နှလုံးအစားထိုးကုသမှုများအထိပါဝင်ပါသည်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Nyan Linn မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement