backup og meta

နှလုံးကြွက်သားရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကြွက်သားရောဂါ

    အသက်ကြီးသူတွေမှာရတတ်တဲ့နှလုံးရောဂါအမျိုးမျိုးအကြောင်း ကြားဖူးထားမှာပါ။ ဒါပေမယ့် လူငယ်တွေမှာဖြစ်တတ်တဲ့ နှလုံးရောဂါတွေလည်းရှိပါသေးတယ်။ Cardiomyopathy လို့ခေါ်တဲ့နှလုံးကြွက်သားရောဂါဖြစ်တယ်။ ထိုရောဂါဖြစ်တဲ့အခါ နှလုံးမှသွေးညှစ်ထုတ်ဖို့အခက်အခဲတွေဖြစ်လာပါတယ်။

    နှလုံးကြွက်သားရောဂါဆိုတာဘာလဲ

    ပိုပိုဆိုးလာနိုင်တဲ့နှလုံးရောဂါတစ်မျိုးဖြစ်တယ်။ နှလုံးကြွက်သားရောဂါမှာဆိုရင် နှလုံးကြွက်သားရဲ့ပုံစံဖြစ်စေ၊ လုပ်ဆောင်မှုဖြစ်စေ ပြောင်းလဲလာခြင်းဖြစ်တယ်။ နှလုံးကြီးခြင်း၊ နံရံထူခြင်း၊ နှလုံးနံရံမာခြင်း တို့ပါဝင်တယ်။ များသောအားဖြင့် သွေးလွှတ်ခန်း(နှလုံးအောက်ခန်း)ကနေ စဖြစ်တတ်ပြီး ဆိုးရွားတဲ့အခြေအနေမှ သွေးဝင်ခန်း(နှလုံးအပေါ်ခန်း)ကို ထိခိုက်လာပါတယ်။ နှလုံးကြွက်သားဆဲလ်တွေပျက်စီးလာပြီး သွေးညှစ်ထုတ်ခြင်းကိုထိခိုက်စေတယ်။ မကုသဘဲထားပါက နှလုံးခုန်မမှန်ခြင်း၊ နှလုံးထိခိုက်ခြင်းတို့လည်းဖြစ်လာနိုင်ပါတယ်။

    အဓိကလေးမျိုးရှိတယ် –

    · နှလုံးအခန်းကျယ်ခြင်း

    · ညာဘက်သွေးလွှတ်ခန်းကြွက်သားသေကာနှလုံးခုန်မမှန်ခြင်း

    · နှလုံးကြီးခြင်း

    · သွေးဝင်ခန်းသွေးပုံမှန်မဖြည့်နိုင်ခြင်း

    ဘာကြောင့်ဖြစ်ရသလဲ

    တစ်မျိုးစီးမှာရောဂါဖြစ်စေတဲ့အကြောင်းအရင်းသီးသန့်စီရှိကြတယ်။

    နှလုံးကြီးခြင်း နှင့် ညာဘက်သွေးလွှတ်ခန်းကြွက်သားသေကာနှလုံးခုန်မမှန်ခြင်း

    ထိုနှလုံးကြွက်သားရောဂါတွေဟာ မျိုးရိုးလိုက်ခြင်းဖြစ်တယ်။ နှလုံးကြွက်သားပရိုတင်းတစ်မျိုးမှာ ဗီဇချို့ယွင်းခြင်းကြောင့် ဖြစ်ရပါတယ်။ မျိုးရိုးဆက်ခံခြင်းမဟုတ်ဘဲ တခြားသော သွေးတိုးခြင်း၊ အသက်ကြီးလာခြင်း၊ သွေးချိုဆီးချို၊ သိုင်းရွိုက်ရောဂါ ကဲ့သို့ ရောဂါတွေကြောင့်လည်းဖြစ်နိုင်တယ်။ တချို့အခြေအနေတွေမှာအကြောင်းအရင်းမတွေ့တာလည်းဖြစ်နိုင်ပါတယ်။

    နှလုံးအခန်းကျယ်ခြင်း

    တခြားနှစ်မျိုးလိုပဲ၊ အကြောင်းအရင်းအတိအကျပြဖို့မလွယ်ပါဘူး။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို၊ တခြားသောအခြေအနေ အရာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေရှိတဲ့အကြောင်းတချို့ကတော့ –

    · အရက်

    · မှားယွင်းသောစားသောက်မှုပုံစံ

    · အဆိပ် သို့ သတ္ထုပစ္စည်းတချို့နှင့်ထိတွေ့ခြင်း

    · ကိုကိန်း၊ amphetamines သို့ အခြားကင်ဆာဆေးများကဲ့သို့ တရားမဝင်ဆေးများ။

    · ကိုယ်ဝန်ဆောင်နောက်ဆုံးချိန်တွင်ဖြစ်တတ်သောပြဿနာများ

    · နှလုံးသွေးကြောရောဂါ၊ သွေးတိုးခြင်း၊ နှလုံးဖောက်ခြင်း၊ ဆီးချိုသွေးချို၊ သိုင်းရွိုက်ရောဂါ၊ အသည်းရောင်ခြင်း၊ HIV ကဲ့သို့ရောဂါများ၊ ရောဂါပိုးဝင်ခြင်းများ။

    နှလုံးေသွးဝင်ခန်းပုံမှန်ေသွးမဝင်နိုင်ခြင်း

    အကြောင်းအမျိုးမျိုး၊ ရောဂါအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ် –

    · Amyloidosis

    · တွယ်ဆက်တစ်သျူးရောဂါ

    · Hemochromatosis(သွေးထဲရှိပစ္စည်းတစ်မျိုးပုံခြင်း)

    · Sarcoidosis

    · ဓါတ်ကင်ခြင်း၊ ကင်ဆာဆေးသွင်းခြင်းကဲ့သို့ ကင်ဆာကုသမှုများ။

    ရောဂါလက္ခဏာများ

    တခါတလေရောဂါနုစဉ်မှာလက္ခဏာမပြတတ်တာကိုလည်း သိထားဖို့လိုပါတယ်။ တချို့လက္ခဏာတွေက နှလုံးအားနည်းလာမှပေါ်လာတတ်တယ်။ ဥပမာ-

    · လုပ်ရှားနေစဉ် သို့ နားနေရင်းတောင်မှအသက်ရှူမဝခြင်း။

    · ခြေကျင်းဝတ်၊ ခြေထောက်၊ ခြေဖဝါးရောင်ခြင်း၊ ဖောခြင်း။

    · အရည်များစုလာခြင်းကြောင့်ဝမ်းဗိုက်ဖောခြင်း။

    · လှဲပါကချောင်းဆိုးခြင်း။

    · နွမ်းနယ်ခြင်း၊ မေ့ခြင်း။

    · နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း။

    · ရင်ဘက်အောင့်ခြင်း။

    · မူးခြင်း။

    ရောဂါလက္ခဏာသေချာမပြဘဲ လူ ၅ ယောက်မှာ ၁ ယောက်ဖြစ်နေနိုင်ချေရှိတာကြောင့် အန္တရာယ်ကြီးတဲ့ရောဂါဖြစ်တယ်။ အသက်ငယ်သူတွေမှာပါဖြစ်လာတာနဲ့အမျှ ထိုနှလုံးကြွက်သားရောဂါဟာ နှလုံးဖောက်ခြင်း၊ နှလုံးပျက်စီးခြင်းတို့ရဲ့ အဓိကအကြောင်းရင်းဖြစ်လာနေပါတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement