Oသွေးအမျိုးအစားပိုင်ရှင်တွေရဲ့သွေးထဲမှာ ပါဝင်နေတဲ့သွေးခဲစေတဲ့ဓါတ်တွေက အခြားသွေးအမျိုးအစားတွေမှာထက် ပိုနည်းနေတာကြောင့် ကြီးကြီးမားမားထိခိုက်မှုတွေဖြစ်သွားတဲ့အခါ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက်သွေးထွက်အရမ်းများတာပဲဖြစ်ပါတယ်။ ဒါကြောင့်သွေးအမျိုးအစားက မတော်တဆထိခိုက်မှုဖြစ်တဲ့ အခါသွေးထွက်မှုပမာဏအပေါ် သက်ရောက်မှုရှိသလို အသက်အန္တရာယ်ထိခိုက်နိုင်ခြေပေါ်မှာလည်း သက်ရောက်မှုရှိတာဖြစ်ပါတယ်။
လေ့လာမှုတွေလုပ်ပြီးတဲ့နောက်မှာ သိရှိခဲ့ရတဲ့နောက်တစ်ချက်က Oသွေးအမျိုးအစားပိုင်ရှင်တွေမှာသွေးတွင်း Plasma အရေအတွက်က အခြားသွေးအမျိုးအစားတွေထက် ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုနည်းနေတယ်လို့ သိရှိခဲ့ရပါတယ်။ ဒီအခြေအနေကလည်း Oသွေးပိုင်ရှင်တွေကို မတော်တဆထိခိုက်မှုကြီးကြီးမားမားဖြစ်တဲ့အခါသွေးထွက်များစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။