backup og meta

စောစောမသေချင်ဘူးဟုတ်.... တစ်ပတ်ကို ၁၀ မိနစ်လောက် ပျော်ပျော်နေပါ

စောစောမသေချင်ဘူးဟုတ်.... တစ်ပတ်ကို ၁၀ မိနစ်လောက် ပျော်ပျော်နေပါ
သက်ရှည်ကျန်းမာချင်တယ်ဟုတ်…….. အသက်ရှည်ရှည်နေချင်ရင် ကိုယ်ဝါသနာပါရာလေးတွေအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့။ပျော်ပျော်နေသေခဲဆိုတာလည်း ရှိတယ်မဟုတ်လား။ ဒီတော့ ဘဝသက်တမ်းတလျှောက်ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ တစ်ပတ်တစ်ခါလောက်တော့ စိတ်ရောကိုယ်ပါပြေလျော့ပျော်ရွှင်စေမယ့် လှုပ်ရှားမှုလေးတွေလုပ်ပေးပါနော်။

အသက်ရှည်ရှည်နေချင်ရင် ဘာလုပ်ရမလဲ

သုတေသနအသစ်တစ်ရပ်အရ ကတာ၊ ပန်းပင်တွေစိုက်တာလမ်းလျှောက်တာလိုမျိုး စိတ်ပေါ့ပါးပျော်ရွှင်စေတဲ့ လှုပ်ရှားမှုတွေကိုလုပ်ဆောင်နေတဲ့ အသက် ၄၀ကျော်အမျိုးသားတွေရော အမျိုးသမီးတွေရောကရောဂါအခြေအနေတွေကြောင့် အသက်သေဆုံးနိုင်ခြေ ပုံမှန်ထက်ပိုနည်းနေတယ်။ လိုတွေ့ရှိခဲ့ရပါတယ်။

အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရကတော့ ဥယျာဉ်ခြံမြေစိုက်ပျိုးတာ လိုမျိုး စိတ်လက်ပေါ့ပါးစေတဲ့ ကိုယ်လက်လှုပ်ရှားမှုေလးတွေကို အချိန်ပေးပြီးလုပ်ဆောင်သူတွေက ဦးနှောက်ကျန်းမာကြသလို နှလုံးလည်း ကျန်းမာကြပါတယ်။ ဒါ့အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါတယ်၊ လို့လေ့လာတွေ့ရှိခဲ့ပါတယ်။

အခုလေ့လာမှုအတွက်တော့ အသက် ၄၀ နဲ့ ၄၀ကျော် လူထောင်ပေါင်းများစွာကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအတွင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တဲ့ အတိုင်းအတာနဲ့သေဆုံးနိုင်ခြေတို့အကြားကဆက်စပ်မှုကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုကို တရုတ်နိုင်ငံ၊ ဂျီအန်ပြည်နယ်မှာရှိတဲ့Shandong တက္ကသိုလ်၊ တက္ကဆက်ပြည်နယ်Galvestonမြို့မှာရှိတဲ့ တက္ကဆက်ဆေးတက္ကသိုလ်၊Minneapolis မှာရှိတဲ့ မင်နီဆိုးတားတက္ကသိုလ်တို့မှာရှိတဲ့ သုတေသန ဌာနတွေက စုပေါင်းလေ့လာခဲ့ကြပါတယ်။

လေ့လာမှုရလဒ်အနေနဲ့ကတော့ တစ်ပတ်မှာ အချိန်အနည်းငယ်လောက် စိတ်လက်ပေါ့ပါးစေတဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ဆောင်ပေးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာနဲ့ အခြားရောဂါတွေကြောင့်သေဆုံးနိုင်ခြေတော်တော်လေးနည်းသွားတယ်လို့တွေ့ရှိခဲ့ရပါတယ်။ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ပေးခြင်းကလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်၊ လို့တွေ့ရှိခဲံရပါတယ်။

ဒီတော့ရှင်းပါတယ်။ အသက်ရှည်ရှည်နေချင်တယ်ဆိုရင်နေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက်တော့ စိတ်လက်ပေါ့ပါးစေမယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးပေါ့။

တစ်ပတ်ကို ၁၀ မိနစ်လောက်သိတ်လက်ပေါ့ပါးစေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးတာက တကယ်ပဲ အသက်ရှည်စေနိုင်သလား

နှစ်စဉ်ကောက်ယူထားတဲ့ ကျန်းမာရေးစစ်တမ်းတွေအရပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တာမျိုးမဟုတ်ဘဲ ပန်းပင်တွေစိုက်တာ၊ လမ်းလျှောက်တာ၊ ကတာလိုမျိုး စိတ်လက်ပေါ့ပါးစေမယ့်လေ့ကျင့်ခန်းလေးတွေကို တစ်ခါလုပ်ရင် ၁၀ မိနစ်ခန့်လောက်လုပ်ဆောင်ပေးတာက အသက်ရှည်စေတယ်၊လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။

  • တစ်ပတ်တာမှာပေါ့ပါးတဲ့ကိုယ်လက်လှုပ်ရှားမှုကို ၁၀ မိနစ်ကနေ ၅၉ မိနစ်လောက်အထိလုပ်ဆောင်သူတွေက အခြားသူတွေထက်ရောဂါအမျိုးမျိုးကြောင့်သေဆုံးနိုင်ခြေ ၁၈ ရာခိုင်နှုန်းအထိနည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။
  • တစ်ပတ်တာမှာပေါ့ပါးတဲ့ကိုယ်လက်လှုပ်ရှားမှုကို ၁၂၀ မိနစ်ကနေ ၂၉၉ မိနစ်လောက်အထိလုပ်ဆောင်သူတွေက အခြားသူတွေထက်နှလုံးသွေးကြောဆိုင်ရာရောဂါကြောင့်သေဆုံးနိုင်ခြေ ၃၇ ရာခိုင်နှုန်းအထိနည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။
  • တစ်ပတ်တာမှာပေါ့ပါးတဲ့ကိုယ်လက်လှုပ်ရှားမှုကို မိနစ် ၁၅၀၀ လောက်အထိလုပ်ဆောင်သူတွေက အခြားသူတွေထက်ရောဂါအမျိုးမျိုးကြောင့်သေဆုံးနိုင်ခြေ ၄၆ ရာခိုင်နှုန်းအထိနည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။
ဒီတော့ အသက်ရှည်ရှည်နေချင်ရင် တစ်ပတ်တာရဲ့ အချိန်ဇယားမှာ ကိုယ်ဝါသနာပါရာ ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ဖို့ အနည်းဆုံး ၁၀ မိနစ် အများဆုံး ၁ နာရီလောက်တော့ချန်ထားပေါ့။ ဒါမှလည်းစိတ်သွားတိုင်ကိုယ်ပါလို့ ချစ်ရသူတွေနဲ့ အိုအောင်မင်းအောင်နေရမှာလေနော် Hello ဆရာဝန်ပရိသတ်ကြီးရေ။ အခုကစလို့ တစ်ပတ်ကို ၁ နာရီလောက်တော့ ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ အကြံပြုပါရစေနာ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 minutes of leisurely activity per week may lower death riskhttps://www.medicalnewstoday.com/articles/324754.php Accessed Date 21 March 2019

JUST TEN MINUTES OF PHYSICAL ACTIVITY PER WEEK COULD LOWER THE RISK OF DEATHhttps://lifestyle.inquirer.net/328577/just-ten-minutes-of-physical-activity-per-week-could-lower-the-risk-of-death/#ixzz5ioqhNLMyAccessed Date 21 March 2019

ယခုပုံစံ

17/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြုပြင်ထားတဲ့ အစားအစာတွေကိုကြိုက်တတ်တာလား။ အသက်တိုမယ်နော် သတိထား

ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကိုကြည့်ပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိ၊ မရှိ ခန့်မှန်းပြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement