backup og meta

သွေးတိုးတာက အမြဲတမ်းဆိုးကျိုးဖြစ်စေတာ ဟုတ်ရဲ့လား

သွေးတိုးတာက အမြဲတမ်းဆိုးကျိုးဖြစ်စေတာ ဟုတ်ရဲ့လား
ခေါင်းတွေမူးနေပြီ။သွေးများတိုးနေလားမသိဘူး။ အငန်လျှော့စားတယ်၊သွေးတိုးမှာစိုးလို့လေဆိုတာကတော်တော်များများကြားရလေ့ရှိတဲ့ စကားတစ်ခွန်းနော်။ အရင်ကဒီအသံကို ဖိုးဖိုးဖွားဖွားတွေဆီက ကြားရတာများပေမယ့် အခုနောက်ပိုင်းတော့၂၀ကျော် ၃၀လောက်အသက်အရွယ်မှာတင်ကြားလာရပါပြီ။နောက်ပြီး သိထားတာတစ်ခုရှိသေးတယ်။သွေးတိုးကနောက်ဆက်တွဲရောဂါတော်တော်များများကိုဖြစ်တယ်ဆိုတာပါပဲ။ ဒီတစ်ခေါက်တော့ အရင်ကပြောခဲ့တာတွေနဲ့မတူဘဲသွေးတိုးအကြောင်းကို ရှုထောင့်လေးပြောင်းပြီးပြောကြည့်ရအောင်လား Hello ဆရာဝန်ပရိသတ်ကြီးရေ……….

သွေးတိုးကြောင့်နောက်ဆက်တွဲဒီပြဿနာတွေဖြစ်နိုင်တယ်

သွေးတိုးတာကြောင့်နောက်ဆက်တွဲကျန်းမာရေးပြဿနြာဖစ်နိုင်ပါတယ်။သွေးတိုးရောဂါရှိနေပြီဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်တာဆီးချိုရောဂါ နဲ့ အခြားသောရောဂါတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်သွေးမတိုးအောင်ထိန်းရမယ်သွေးတိုးရောဂါစဝင်လာပြီဆိုရင်နောက်ဆက်တွဲရောဂါတွေအများကြီးဖြစ်နိုင်တယ်ပေါ့။တောက်လျောက်လက်ခံလာခဲ့တဲ့ အယူအဆပေါ့။ ဒီတစ်ခေါက်တော့ လက်ခံရင်းစွဲအယူအဆနဲ့ နည်းနည်းကွဲလွဲတဲ့ အယူအဆအကြောင်းလေးပြောကြည့်ရအောင်လား Helloဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးတို့ရေ…..

သွေးတိုးရှိတာက တစ်ခါတလေမှာ အကာအကွယ်ပေးနိုင်တဲ့ ဒိုင်းတစ်ခုရထားသလိုပါနော်

ဒီပြောကြားချက်ကို ခိုင်မာစေဖို့ အမေရိကန်ရဲ့ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက အမေရိကန်ပြည်ထောင်စုကသွေးတိုးရောဂါရှိတဲ့ အရွယ်ရောက်ပြီးသူ ၇၅ သန်းကိုလေ့လာခဲ့ပါတယ်။ရောဂါရှိသူတွေကို အုပ်စုခွဲလေ့လာခဲ့ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုနေထိုင်စားသောက်ပုံချင်းမတူအောင် ပြင်ဆင်ပေးပြီး လေ့လာစောင့်ကြည့်ခဲ့ပါတယ်။

ဆရာဝန်တွေက ပုံမှန် လူနာတွေကိုသွေးပေါင်ချိန်တိုင်းပေးတာ ကျန်းမာရေးစစ်ဆေးမှုလုပ်တာမျိုးတွေလုပ်ခဲ့ပါတယ်။လေ့လာမှုအတွင်း ကျန်းမာရေးစောင့်ရျောက်သူတွေကသွေးတိုးရောဂါခံစားနေရသူတွေမှာ နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေက အခြားသူတွေထက်ပိုများနေလားဆိုတာကိုပါလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှု အရသိရတာကသွေးတိုးရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေဟာ အခြားသောနောက်ဆက်တွဲရောဂါခံစားရနိုင်ခြေနည်းနေတယ်ဆိုတာကိုပါ။ ဒီအကျိုးရလဒ်ကို သိသသာသာတွေ့ရှိရနိုင်တာက အသက် ၈၀ အထက် ဖိုးဖိုးဖွားဖွားတွေမှာပါနော်။
သုတေသီတွေကလေ့လာမှုမျာပါဝင်သူတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို စစ်တမ်းကောက်ယူခဲ့ပြီး ၂ နှစ်ကြာတိုင်း ကျန်းမာရေးစစ်ဆေးမှုတွေပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။ ၆ နှစ်ကြာလေ့လာခဲ့ပြီးတဲေ့နာက်မှာတော့ ထပ်မံရှာဖွေလိုက်တဲ့ အချက်တစ်ခုကသွေးတိုးရောဂါဟာ လူတစ်ယောက်ရဲ့သေဆုံးနိုင်ခြေအပေါ်မှာ ဘယ်လောက်ထိသက်ရောက်မှုရှိနေလဲဆိုတာကိုပါ။ ဒီလေ့လာမှုအတွက်တော့ အမျိုးသားလား အမျိုးသမီးဆိုတဲ့အချက်ရယ်၊ ဘဝနေထိုင်မှုပုံစံရယ်၊ ခန္ဓါကိုယ်ထုထည်ညွှန်းကိန်း (BMI) တို့ကိုပါလေ့လာခဲ့ပါတယ်။သောက်သုံးနေရတဲ့ သွေးကျဆေးကအစပေါ့။ ဒီနေရာမှာတွေ့ရှိလိုက်ရတာကနေ့ခင်းတစ်ရေးတမောအိပ်စက်တာကသွေးတိုးကျစေနိုင်တယ်ဆိုတာပါ။လေ့လာမှုရဲ့ ရလဒ်အနေနဲ့ကတော့-
“သွေးပေါင်ချိန် အပေါ်သွေး ၁၄၀ mmHg နဲ့ အောက်သွေး ၉၀ mmHg ထက်နည်းနေတဲ့ အသက် ၈၀ အရွယ်ဖိုးဖိုးဖွားဖွာတွေမှာ ဒီသွေးပေါင်ချိန်ပမာဏထက်ပိုများနေတဲ့ (သွေးတိုးတတ်တဲ့) ဖိုးဖိုးဖွားဖွားတွေထက်သေဆုံးနိုင်ခြေက ၄၀ ရာခိုင်နှုန်းကျော်ပိုများနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ “
ဒီလိုဆိုလို့ သွေးတိုးနေတာမှ ခပ်ကောင်းကောင်းရယ်လို့ မတွေးလိုက်ပါနဲ့နော်။ တကယ်တော့ ဘာရောဂါမှမရှိတာကအကောင်းဆုံးပါ။ရောဂါရှိသူတွေက ကျန်းမာရေးဂရုစိုက်မှုကို အမြဲမပြတ်ခံနေတာကြောင့်နောက်ဆက်တွဲရောဂါတွေဝင်မလာအောင် ဂရုစိုက်မိနေတဲ့သဘောပါ။ ဒီတော့သွေးတိုးတာရော၊သွေးတိုးနောက်ဆက်တွဲရောဂါတွေကိုပါ ခပ်ကင်းကင်းနေနိုင်အောင် လုံလောက်တဲ့ ကျန်းမာရေးလိုက်စားမှုလေးတွေလုပ်လို့နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာနဲ့ဖြတ်သန်းလိုက်ပါနော် Helloဆရာဝန်ရဲ့ချစ်ပရိသတ်ကြီးရေ……………………

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is high blood pressure always bad?https://www.medicalnewstoday.com/articles/324697.php Accessed Date 22 March 2019

Is High Blood Pressure Always Bad? Why Doctors Take Hypertension So Seriouslyhttps://www.cheatsheet.com/health-fitness/is-high-blood-pressure-always-bad-why-doctors-take-hypertension-so-seriously.html/ Accessed Date 22 March 2019

ယခုပုံစံ

27/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးတိုးအတွက် အရေးပေါ်ပြုစုနည်း

သွေးတိုးရောဂါရှိတာလား ဒါတွေစားပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement