နေ့လယ်ခင်းမှာ တစ်မှေးအိပ်တာကြောင့် သွေးပေါင်ကျတာက
ဘဝနေထိုင်မှုပုံစံပြောင်းလဲမှုကြောင့်သွေးပေါင်ကျတဲ့ ပမာဏနဲ့ အတူတူပါပဲ။ ဥပမာပြောပြရရင် ဆားလျှော့စားတာ၊
အရက်လျှော့သောက်တာတွေကြောင့် သွေးပေါင်ချိန်က ၃ mmHg ကနေ ၅ mmHg အထိကျဆင်းစေနိုင်ပါတယ်။ နေ့ခင်းတစ်မှေးအိပ်ရင်လည်းသွေးပေါင်ချိန်က ဒီလောက်ပမာဏပဲကျဆင်းတာပါ။
ဒီလေ့လာမှုအတွင်း လူ ၂၁၂ယောက်ကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်သူတွေရဲ့သွေးပေါင်ချိန်က ၁၂၉.၉ mmHg ရှိပါတယ်။လေ့လာမှုမှာပါဝင်သူတွေရဲ့ အသက်က ပျမ်းမျှအားဖြင့် ၆၂ နှစ်အရွယ်တွေဖြစ်ကြပြီးဆေးလိပ်သောက်သူတွေလည်းပါဝင်သလို အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေလည်း ပါဝင်ကြပါတယ်။
ပါဝင်သူတွေကို အုပ်စု နှစ်စုခွဲပြီးလေ့လာခဲ့တာပါ။ တစ်ဖွဲ့ကို နေ့ခင်းတစ်ရေးအိပ်စေပြီး အခြားအဖွဲ့ကိုတော့ နေ့ခင်းမအိပ်ခိုင်းပါဘူး။ ၂၄ နာရီပတ်လုံးလေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးပေါင်ချိန်ကို တိုင်းတာစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။လေ့လာမှုရလဒ်အနေနဲ့ တွေ့ရှိရတာက နေ့ခင်းတစ်ရေးအိပ်သူတွေမှာ သွေးပေါင်ချိန်က ၅.၃ mmHg ကျနေတယ်ဆိုတာပါပဲ။ လူတော်တော်များများယူဆထားတာကနေထိုင်စားသောက်မှုပုံစံကို ဆင်ခြင်မှ ဒါမှမဟုတ် ဆေးသောက်တာတွေကပဲ သွေးပေါင်ကျတာလို့ ယူဆထားကြတာပါ။ နေ့ခင်းတစ်ရေးလောက်အိပ်တာက စိတ်ခံစားမှုကိုကောင်းစေတဲ့အပြင်သွေးပေါင်ကိုပါထိန်းညှိပေးနိုင်တာပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။