စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ

IQ လို့ သိကြတဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ EQ လို့ သိကြတဲ့ စိတ်ခံစားမှုစွမ်းရည် ထိန်းချုပ်နိုင်စွမ်းတွေနည်းတူ လူ့လောကမှာ အကောင်းဆုံး ရှင်သန်နိုင်ဖို့ အရေးပါတဲ့ စွမ်းရည် တစ်ခုရှိပါတယ်။ ဒါကတော့ လူသိနည်းနေနိုင်သေးတဲ့ AQ (Adversity Quotient) လို့ ခေါ်တဲ့ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ပါ။ တိုတိုနဲ့ လိုရင်း ပြောပြရရင် လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း လို့ ဆိုရမှာပေါ့။ အခက်အခဲတွေ ပြဿနာတွေ ကြုံလာတိုင်း အပြုံးမပျက် နေတတ်တဲ့ ဖြေရှင်းကျော်လွှားနိုင်တဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ပါ။ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့၊ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ဖို့ ဒီစွမ်းရည်က မဖြစ်မနေ လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ အကြောင်းလေး ပြောပြပေးမှာမို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကင်ဆာ ဆိုတာ တကယ်ရှိသလား။

စိတ်ကင်ဆာ တွေ ရနေပြီ။ စိတ်ကင်ဆာတွေ ပေးနေတာပဲဆိုတာ ဆိုရှယ်မီဒီယာမှာ ခေတ်စားလာတဲ့ ဗန်းစကားတစ်ခုပါ။ စိတ်ကတော့ ကင်ဆာမဖြစ်တတ်ပါဘူး။ ဒါပေမယ့် ကင်ဆာလိုမျိုး ကိုယ်တွင်းအစိတ်အပိုင်းတွေကို ဖျက်ဆီးနိုင်တဲ့အတွက် အမွှမ်းတင်ပြီး စိတ်ကင်ဆာလို့ ခေါ်တာဖြစ်ပါတယ်။ စိတ်ကင်ဆာ ဆိုတာ ကင်ဆာရောဂါက ခန္ဓာကိုယ်ကို ဖျက်ဆီးနေသလိုပဲ စိတ်ကင်ဆာကလည်း စိတ်ကို ဖျက်စီးနေပါတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေက ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲသွားသလို ကိုယ့်စိတ်တွေ၊ အတွေးတွေကလည်း ကိုယ့်ကို အဆိပ်ဖြစ်စေနေပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို စိတ်ဒုက္ခတွေပေးရာကနေ စိတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ ဆေးစွဲ၊ အရက်စွဲတာ၊ အစားအသောက်မမှန်တာ၊ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်တာတွေအထိ ဖြစ်လာပါတယ်။ စိတ်ကင်ဆာဖြစ်နေတဲ့ လက္ခဏာများ စိတ်ကင်ဆာက ရုပ်ကင်ဆာလိုပဲ သတိမထားရင် လက္ခဏာတွေ ရှိမှန်း မသိနိုင်ပါဘူး။ ဒီအချက်တွေရှိနေရင် စိတ်ကင်ဆာဖြစ်ဖို့ အလားအလာများပါတယ်။ ကြီးကြီးမားမား ပြဿနာမဟုတ်တာကို အပြင်းအထန် တုံ့ပြန်တာ ကိုယ့်ရဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒီဇင်ဘာက လွမ်းစေသလား

ကဲ ..... အားလုံးပဲ Sweet December ပါနော်။ ဒီဇင်ဘာလမှာ ပိတ်ရက်တွေ၊ ပွဲတော်တွေ များသလို တစ်နှစ်တာလုံး ပင်ပန်းသမျှကို ဖြေဖျောက်ဖို့ ခွင့်ရက်ရှည်တွေ ယူကြ ခရီးသွားကြတာတွေ လုပ်ကြတဲ့ ကာလပေါ့။ ရုပ်ရှင်တွေထဲမှာဆိုရင် ဒီဇင်ဘာလ ပွဲတော်ရက်တွေ ရောက်မှ မမျှော်လင့်ဘဲ အဆက်အသွယ် ပျက်နေတာကြာပြီဖြစ်တဲ့ ရည်းစားဟောင်းက ဆက်သွယ်လာတာ၊ အပြင်မှာ မထင်မှတ်ဘဲ ဆုံမိတာမျိုးတွေကို ကြည့်ဖူးမှာပေါ့။ စာဖတ်ပရိသတ်ကြီးရော ဒီလို ခံစားဖူးကြလား! ဒီဇင်ဘာလရောက်ပြီဆိုရင် အေးမြတဲ့ ရာသီဥတုနဲ့အတူ ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ အဝေးရောက်နေသူတွေ ပြန်ရောက်လာတော့မယ်။ မိသားစုအချိန်လေး ဖန်တီးနိုင်တော့မယ်ဆိုပြီး ပျော်ရွှင်ကြသူတွေ ရှိသလို အဆက်အသွယ် ပျက်နေသူတွေနဲ့ ပြန်ဆုံရတော့မလား ...... ပြတ်စဲထားတဲ့ တစ်ယောက်သောသူနဲ့ပဲ ပြန်ဆုံစည်းတော့မလား ...... crush ဆီကပဲ ဆက်သွယ်မှုတွေ […]


စွဲလမ်းမှုပြဿနာများ

ပါတီနဲ့ ကလပ်တွေမှာ ဘယ်လိုဆေးဝါးတွေ သုံးလေ့ရှိကြသလဲ။

TGIF လိုမျိုးညတွေ၊ ပိတ်ရက်တွေဆို ပါတီနဲ့ ကလပ်တွေမှာ လူငယ်လူရွယ်တွေနဲ့ ပြည့်လာပါပြီ။ တစ်ပတ်လုံးလုံး ပင်ပန်းခဲ့သမျှကို အပန်းဖြေကြမယ်၊ ပျော်ကြပါးကြ၊ စားကြသောက်ကြမယ်ဆိုပြီး လူစုကြပါပြီ။ သာမန်ပျော်ပွဲရွှင်ပွဲတွေနဲ့ မတူတာက ပါတီတို့ ကလပ်တို့မှာက အရက်တို့၊ ဆေးလိပ်တို့နဲ့တင် မပြီးပါဘူး။ ဆေးလေးတွေ ဝါးလေးတွေ ပါလာကြပါပြီ။ ဆေးသုံးဖို့ ပါတီလုပ်ကြသလားထင်ရလောက်အောင်ကို ပါတီနဲ့ ဆေးနဲ့က ခွဲမရဖြစ်လာပါပြီ။ မီးကုန်ယမ်းကုန် ပျော်နိုင်ပါးနိုင်အောင်၊ စိတ်ခံစားချက်ကောင်းအောင် ဆေးဝါးအမျိုးမျိုးကို သုံးလာကြတာကို တွေ့ရပါတယ်။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေက ကိုယ်ဖြစ်ချင်တဲ့ ခံစားချက်ပေါ် မူတည်ပြီး ကိုယ်သုံးချင်တဲ့ ဆေးဝါးတွေ သုံးစွဲကြပါတယ်။ Highနေချင်တာလား။ ငြိမ့်နေချင်တာလား။ ပြုံးရွှင်ရယ်မောချင်နေတာလား။ တက်ကြွချင်နေတာလား စသဖြင့်ပေါ့။ ပါတီနဲ့ ကလပ်တွေမှာ အသုံးများတဲ့ ဆေးဝါးတွေကတော့ ငြိမ့်ငြိမ့်လေးနဲ့ ကျနေဖို့အတွက် GHBတို့၊ marijuana ဝိတို့ တက်ကြွနေစေဖို့ […]


စွဲလမ်းမှုပြဿနာများ

Happy water က တကယ်ပျော်စရာကောင်းသလား။

ခုနောက်ပိုင်း night lifeတွေမှာ တွေ့လာရတာကတော့ Happy water လို့ ခေါ်တဲ့ အရည်တစ်မျိုးပါ။ နာမည်အတိုင်းပဲ သူ့ကို သောက်ပြီးရင် ပျော်သလိုလို ခံစားရလို့ လူငယ်တွေကြားထဲမှာ အသုံးများလာကြပါတယ်။ Happy waterကို မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ တရုတ်နိုင်ငံမှာပါ ပေါပေါများများ တွေ့ရပါတယ်။ Happy water ဆိုတာ Happy waterဆိုတာ အရောင်နဲ့ အနံ့မရှိတဲ့ အရည်ပါ။ အမှုန့်ထုတ်အနေနဲ့လည်း လာတတ်ပါတယ်။ ဒါကို ရေနဲ့ ဖျော်တာ၊ အချိုရည်၊ အရက် စတာတွေနဲ့ ရောပြီး သောက်ကြပါတယ်။ သူ့ထဲမှာ ecstasy, methamphetamine, caffeine, tramadol, diazepam, ketamine စတာတွေ ပါဝင်တတ်ပါတယ်။ ဒီလိုမျိုးစုံ ရောနှောထားတာကြောင့် drug cocktailလို့လည်း ခေါ်ကြပါတယ်။ ဒီနှစ်ပိုင်းမှာ Happy […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသက် ၃၀ ကျော်သူတိုင်း မွေးမြူသင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း အလေ့အထများ

ကလေး ဘဝတုန်းက ဖေဖေကြီးကို ချစ်တယ်၊ မေမေကြီးကို ချစ်တယ်၊ ဘိုးဘိုးကို ချစ်တယ်၊ ဘွားဘွားကို ချစ်တယ်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မသိခဲ့ဘူး။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်ရောက်တော့ မိသားစုအပြင် သူငယ်ချင်း မိတ်ဆွေတွေ ကိုယ့်ရဲ့ အနီးဝန်းကျင်က ဆွေမျိုးမောင်နှမတွေနဲ့ special one ကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခဲ့ပြန်တယ်။ ဒီလိုနေထိုင်လာတာ အသက်တွေ ဘယ်လောက် ရောက်ခဲ့ပြီလဲ။ လာမယ့်နှစ်မှာ အသက်က ၃၀ ပြည့်မယ်ဆိုရင် ဖြစ်ဖြစ် အခုလက်ရှိမှာ ၃၀ ပြည့်ပြီးပြီဆိုရင် ဖြစ်ဖြစ် တစ်ခုသတိပေးချင်တာက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတိုင်းကို အမြဲမညည်းမညူ လိုက်ပါလုပ်ဆောင်နေရရှာတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ပါဦးလို့လေ။ ဘဝကြီးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်သူတွေက အောင်မြင်ကြပါတယ် ဒီနေရာမှာ နည်းနည်းလောက် ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ချစ်ပါဆိုတာက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မီးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး

မီးပျက်တာ လို့ ပြောလိုက်ရင် နဖူးတွေ့ ဒူးတွေ့ မကြုံရသေးပေမယ့် အသံကြားရုံနဲ့တင် စိတ်ဖိစီးနေပြီလား။ မီးပျက်ရင် စိတ်ညစ်တာက လူတိုင်းလိုလို ခံစားဖူးကြပေမယ့် ခဏခဏ မီးပျက်တာတွေ၊ မီးအကြာကြီး ပျက်တာတွေကြောင့် စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ ထိခိုက်လာနိုင်သလဲဆိုတာကိုတော့ တွေးမိသူ ရှားမယ် ထင်ပါတယ်။ မီးပျက်ရင် စိတ်ညစ်တာက ခဏခဏ ဖြစ်လာမယ်ဆိုရင် အခုလို စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါသတဲ့။ ကဲ .... မီးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး အကြောင်းလေး နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ မီးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး မီးပျက်ခြင်း ကနေ ရလာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကတော့ စိတ်ညစ်မယ် ဒါကတော့ ထွေထွေထူးထူး မပြောရင်တောင် လူတိုင်း ခံစားဖူးမယ် ထင်ပါတယ်။ ဒါကတော့ မီးပျက်သွားပြီဆိုရင် ပါးစပ်က အော်တို ဟင် .... စိတ်ညစ်လိုက်တာလို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ

စိတ်ဓာတ်ကျတယ်ဆိုတာက မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေပါ။ ဒီအခြေအနေက စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ လူတိုင်းက စိတ်ဖိစီးတာကို ရှောင်လွဲဖို့ ခက်တယ်ဆိုပေမယ့် တစ်ခါတလေမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လက်ယပ်ခေါ်မိတတ်ပါတယ်။ ခုပြောမှာကတော့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ ပါပဲ။ ကဲ ..... ဘယ်လို အကျင့်တွေက စိတ်ဖိစီးစေနိုင်တာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ မသိလိုက်ဘဲ လုပ်မိနေတဲ့ စိတ်ဖိစီးစေတဲ့ အကျင့်များ ကို ကိုယ်တိုင်ရော လုပ်မိနေသလား ဆိုတာကို အတူတူ ဆန်းစစ် လိုက်ရအောင်နော်။ လှုပ်ရှားမှု မရှိတာ လှုပ်ရှားမှု မရှိတာက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အဓိကကျတဲ့ အကြောင်းအရင်းပါ။ ဒါကြောင့်လည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ပျော်ရွှင်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့ ပြောကြတာပေါ့။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ

စိတ်ဖိစီးမှုဆိုတာ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး ခံစားရနိုင်တယ်ဆိုတာ သိပြီးသားပါ။ လိင်ပိုင်းဆိုင်ရာအရမှာရော ကိုကိုတွေ နဲ့ မမတွေမှာ ဘယ်သူက ပိုပြီး စိတ်ဖိစီးတတ်သလဲ။ စိတ်ဖိစီးနိုင်ခြေက အတူတူပဲလို့ ထင်လား။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်လိုက်ရအောင်နော်။ ကဲ ...... အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ ဆိုတာ အဖြေထုတ်လိုက်ရအောင်နော်။ အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲဆိုတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး စိတ်ဖိစီးတတ်ကြပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဖိစီးနိုင်ခြေ ၂ ဆလောက် ပိုများနေပါတယ်။ ဘာကြောင့် မမတွေက ကိုကိုတွေထက် ပိုစိတ်ဖိစီးတတ်တာလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်ကြည့်လိုက်ရအောင်နော်။ အမျိုးသမီးတွေက […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း

စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ (Eating Disorders) ရှိနေခြင်းကလည်း စိတ်ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရတာပါ။ စိတ်ခံစားမှုကြောင့် စားသောက်နေထိုင်ပုံပြောင်းလဲလာတာ၊ စားသောက်မှုပုံစံတွေ မူမမှန်တာ စတာတွေဖြစ်တာပါ။ ဒီလို စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာက အစပိုင်းမှာ စိတ်ကျန်းမာရေးကိုပဲ ထိခိုက်တာဆိုပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်တော့ စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း ကို ဝေမျှပေးချင်ပါတယ်။ စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ နဲ့ ကိုယ်တိုင်စောင့်ရှောက်မှု စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ အနေနဲ့ ဒီအခြေအနေကနေ ပြန်ပြီး ကျန်းမာလာဖို့ဆိုရင် ကိုယ်တိုင်ဂရုစိုက်မှုက အတော်လေး အရေးကြီးပါတယ်။ ဒီလို စောင့်ရှောက်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကုန်လုံးကို သေချာလေး ဂရုစိုက်ဖို့ လိုတာကြောင့် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)