backup og meta

မီးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး

မီးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး

မီးပျက်တာ လို့ ပြောလိုက်ရင် နဖူးတွေ့ ဒူးတွေ့ မကြုံရသေးပေမယ့် အသံကြားရုံနဲ့တင် စိတ်ဖိစီးနေပြီလား။ မီးပျက်ရင် စိတ်ညစ်တာက လူတိုင်းလိုလို ခံစားဖူးကြပေမယ့် ခဏခဏ မီးပျက်တာတွေ၊ မီးအကြာကြီး ပျက်တာတွေကြောင့် စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ ထိခိုက်လာနိုင်သလဲဆိုတာကိုတော့ တွေးမိသူ ရှားမယ် ထင်ပါတယ်။

မီးပျက်ရင် စိတ်ညစ်တာက ခဏခဏ ဖြစ်လာမယ်ဆိုရင် အခုလို စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါသတဲ့။ ကဲ …. မီးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး အကြောင်းလေး နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။

မီးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး

မီးပျက်ခြင်း ကနေ ရလာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကတော့

  • စိတ်ညစ်မယ်

ဒါကတော့ ထွေထွေထူးထူး မပြောရင်တောင် လူတိုင်း ခံစားဖူးမယ် ထင်ပါတယ်။ ဒါကတော့ မီးပျက်သွားပြီဆိုရင် ပါးစပ်က အော်တို ဟင် …. စိတ်ညစ်လိုက်တာလို့ ငြီးတွားမိတာလေ။ မီးပျက်တာက လျှပ်စစ်မီးပေါ်မှာ လုံးဝဥဿုံ မှီခိုနေရတဲ့ ယနေ့ခေတ်ကာလမှာ ရှင်သန်နေထိုင်သူတိုင်းအတွက် စိတ်ညစ်စရာ တစ်ခုဆိုတာ ထွေထွေထူးထူးတောင် ပြောနေစရာ မလိုပါဘူး။

  • စိတ်ဖိစီးတာ

ဒီဘက်ခေတ်မှာက အရာရာက လျှပ်စစ်မီးကို မှီခိုနေရတာပါ။ ချက်ပြုတ်တာ၊ လျှော်ဖွတ်တာ၊ ဆက်သွယ်ရေးနဲ့ အလုပ်တွေလုပ်တာရောပေါ့။ ဒီတော့ မီးမလာဘူးဆိုရင် ရေခဲသေတ္တာထဲက ပစ္စည်းတွေ ပျက်စီးကုန်မလား၊ နေ့စဉ် စားသုံးဖို့ ထမင်းတွေ ဟင်းတွေ ဘယ်လို ချက်ရမလဲ။ ကော်ဖီသောက်ဖို့ ရေနွေးဘယ်လို လုပ်ရမလဲကစလို့ လုပ်ငန်းခွင်မှာ အသုံးပြုရတဲ့ လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ သုံးလို့ရပါမလား။ ဖုန်းအားရော ရှိရဲ့လား။ စသဖြင့် အမျိုးမျိုးသော ဖိစီးမှုတွေက ခေါင်းထဲကို တန်းစီ ဝင်လာတော့တာပါပဲ။

ဒါကြောင့် မီးပျက်တဲ့အခါ ဟာ …. မီးပျက်သွားပြီဆိုတာရဲ့ နောက်မှာ အခုလို ဖိစီးမှုမျိုးစုံ ကပ်ပါလာတာကြောင့် လူက မီးပျက်ပြီဆိုရင် အလိုလိုကို စိတ်ဖိစီးတော့တာပါပဲ။

  • အထီးကျန်ဆန်တာ

တစ်ဦးတည်းအနေများပြီး အွန်လိုင်းပေါ်မှာပဲ အချိန်တော်တော်များများကို ကုန်ဆုံးနေသူတွေအတွက်ကတော့ မီးပျက်သွားတဲ့အခါ အထီးကျန်တဲ့ ခံစားချက် အလိုလို ဝင်လာနိုင်ပါတယ်။ အမှောင်ထုက ကြောက်ရွံ့ အားငယ်မှုတွေ၊ အထီးကျန်မှုတွေကို ခံစားရစေနိုင်ပါတယ်။

  • စိတ်ဓာတ်ကျမယ်

လူတွေက အလင်းရောင်ကို ရမှ မျှော်လင့်ချက်တွေ ရှင်သန်လာပြီး စိတ်ဖိစီးမှုတွေကို ဝေးဝေး မောင်းထုတ်နိုင်တာပါ။ ရာသီဥတုကြောင့် အလင်းရောင်နဲ့ ထိတွေ့ခွင့်နည်းပြီး မိုးအုံ့နေရင်တောင် စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။ ဒီတော့ မီးပျက်လို့ အလုပ်တွေလည်း မလုပ်ရ၊ အမှောင်ထုနဲ့ပဲ ရင်ဆိုင်နေရမယ်ဆိုရင် လူတွေ စိတ်ဓာတ်ကျမှုကို ခံစားရမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် မလိုအောင်ပါ။

  • မူးယစ်ဆေး သုံးစွဲတာတွေ ရှိလာနိုင်တယ်

လျှပ်စစ်မီး မရတာက လူတွေရဲ့ အပန်းဖြေမှုတွေကို ကန့်သတ်လိုက်သလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ မီးလာတဲ့အခါ TV ကြည့်တာ၊ ဂိမ်းဆော့တာ၊ အားကစားပွဲစဉ်တွေ ကြည့်တာလိုမျိုး စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် နည်းလမ်းတွေနဲ့ အပန်းဖြေကြပေမယ့် မီးမရဘူးဆိုရင် ဒီလိုအပန်းဖြေနည်းတွေအစား ဘီယာသောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးတွေ အလွဲသုံးတာမျိုးတွေ လုပ်ဆောင်လာနိုင်ပါတယ်။

  • စိတ်ခံစားမှု ပြဿနာတွေ ရှိလာနိုင်တယ်

လျှပ်စစ်မီး မရတာက လူတွေရဲ့ စိတ်ခံစားမှုအပေါ်မှာ သိသိသာသာ သက်ရောက်မှုတွေ ရှိနေပါတယ်။ နေရောင်ခြည်က စိတ်ခံစားမှု ကောင်းစေဖို့ အကောင်းဆုံး ဗီတာမင် ဆိုပေမယ့် နေအိမ်ထဲမှာ ညမှောင်တဲ့အခါ လျှပ်စစ်မီးတွေ ထိန်လင်းနေအောင် ထွန်းထားတာ အလင်းအဝင်နည်းတဲ့ အလုပ်ခန်းတွေမှာ လျှပ်စစ်မီးတွေ ထွန်းထားတာက စိတ်ဓာတ်ကျတာ၊ စိတ်ခံစားမှု မကောင်းတာတွေ မဖြစ်စေဖို့ ကာကွယ်နိုင်ပါတယ်။

# မီးပျက်တာကြောင့် စိတ်ကျန်းမာရေး မထိခိုက်စေဖို့

လျှပ်စစ်မီး ပြတ်တောက်တာကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ဆိုလာ စွမ်းအင်သုံးတာလိုမျိုး နည်းလမ်းတွေနဲ့ မီးမလာချိန်မှာ နေအိမ်ကို အလင်းရအောင် လုပ်ဆောင်ပေးတာမျိုး၊ ပါဝါဘန့်လိုမျိုး အရာတွေကို ဆောင်ထားတာက အထိုက်အလျောက်တော့ မီးပျက်တာကြောင့် စိတ်ဖိစီးတာကို လျော့ကျစေမှာပါ။
အင်ဗာတာဆောင်ထားတာ၊ အိမ်သုံးမီးစက်လေးတွေ ဆောင်ထားတာ၊ ချက်ရေးပြုတ်ရေးအတွက် ဂတ်စ်မီးဖို ဆောင်ထားတာတွေက မီးပျက်တာကြောင့် စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုအထိတော့ လျော့ပါးစေနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Surprising Effects of Power Outages on Mental Health https://adelphipsych.sg/surprising-effects-of-power-outages-on-mental-health/ Accessed Date 11 November 2022

How does power affect happiness and mental illness? The mediating role of proactive coping https://www.tandfonline.com/doi/full/10.1080/23311908.2020.1844515 Accessed Date 11 November 2022

Depression: why drugs and electricity are not the answer https://www.cambridge.org/core/journals/psychological-medicine/article/abs/depression-why-drugs-and-electricity-are-not-the-answer/3197739131D795E326AE6913720E6E37 Accessed Date 11 November 2022

Power outages and community health: a narrative review https://www.ncbi.nlm.nih.gov/pmc/articles/PMC7749027/ Accessed Date 11 November 2022

ယခုပုံစံ

10/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား

အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement