မြို့ပြဘဝက သဘာဝနဲ့ ကင်းကွာစေပါတယ်။ မြို့ပြဘဝမှာ သွားလာရတာ လွယ်ကူတယ်၊ စားချင်တာတွေကို အလွယ်တကူ စားလို့ ရပေမယ့် သဘာဝတရားနဲ့တော့ ထိတွေ့ခွင့် တော်တော်လေး နည်းသွားပါတယ်။ ဒီလိုမျိုး သဘာဝတရားနဲ့ ထိတွေ့ခွင့်နည်းတာ၊ လေကောင်းလေသန့် မရတာတွေက ရေရှည်မှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဖိစီးမှု သက်သာစေဖို့ဆိုရင် သဘာဝတရားနဲ့ ထိတွေ့ပါ။
- အထိုင်များတဲ့ လုပ်ငန်းခွင်
အချိန်တော်တော်များများကို လက်ပ်တော့ရှေ့မှာ ထိုင်ရင်း အချိန်ကုန်နေပါသလား။ အလုပ်ချိန် ပြီးသွားချိန်မှာလည်း တီဗွီကြည့်ရင်း ထိုင်နေမိတယ်ဆိုရင် ရေရှည်မှာ စိတ်ဖိစီးမှုကို မလွဲမသွေ ခံစားရမှာပါ။ ဒါကြောင့် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ထားတယ်ဆိုရင် အလုပ်ခွင်ချိန် ပြင်ပမှာ လမ်းလျှောက်တာလိုမျိုး လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးပါ။
ထိုင်တဲ့အခါ လက်ပြင်ကိုင်းထားတာ၊ ခါးကွေးထားတာတွေက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝစေဖို့ဆိုရင် ထိုင်တဲ့အခါ ခပ်မတ်မတ် ထိုင်ပေးပါ။ ဒီလို ထိုင်ပေးတာက ကိုယ်နေဟန်ထား မှန်ကန်စေသလို စိတ်ဖိစီးမှု ကင်းစေနိုင်ပါတယ်။
ကဲ…. အခုပြောခဲ့တဲ့ အကျင့်တွေက စိတ်ဖိစီးနေနိုင်တာကြောင့် ကိုယ်တိုင် လုပ်မိနေမယ်ဆိုရင် ချက်ချင်း ပြင်လိုက်ဖို့ ပြောပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။