စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ!

ဘာဘီရုပ်လေးတွေက  ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ အရုပ်လေးပါ။ ဒီအရုပ်လေးက မိန်းကလေးတွေအတွက်ဆိုရင် သူငယ်ချင်းဆိုလည်း ဟုတ်ပါတယ်။ ဒီလိုမျိုး ချစ်စရာကောင်းတဲ့ ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ! ဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။  ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ! ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ! ဆိုတာကို မပြောခင် ဘာဘီရုပ်လေးတွေ အကြောင်း အရင် ပြောပြချင်ပါတယ်။ ၁၉၉၀ နှစ်တွေက သိခဲ့တဲ့ ဘာဘီရုပ် ဆိုတာက လှပမှု စံနှုန်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။  အရင်တုန်းက ဘာဘီလေးတွေကို လူတွေက အပြစ်အနာအဆာ အားနည်းချက် မရှိအောင် လူတွေက ဖန်တီးထားတာကြောင့် လှပကြော့ရှင်းနေတာ အမှန်ပါ။ ဒီလို လှပမှုကပဲ လူသားတွေမှာ အခုလို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုလေးတွေကို ဖြစ်စေခဲ့ပါတယ်။  ပြီးပြည့်စုံချင်လွန်းတဲ့ စိတ်အခြေအနေ ဘာဘီရုပ်လေးတွေက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!

ပန်းရောင် ဆိုတာက အနီ၊ အပြာ၊ အဖြူ ဆိုတဲ့ အရောင် ၃ မျိုးကို ရောစပ်ထားတာပါ။ အနီရောင်ဆီက စိတ်အားထက်သန်မှုနဲ့ အပြာနဲ့ အဖြူဆီက ငြိမ်းချမ်းမှုကို ပေါင်းစပ်ထားတဲ့ ပန်းရောင်လေးက နူးညံ့မှု ချစ်ခြင်း၊ စိတ်အားထက်သန်မှုတွေကို ဖော်ပြပေးနေပါတယ်။ ပန်းရောင်လေးကို အပြစ်ကင်းစင်လွန်းတဲ့ ကလေးလေးတွေနဲ့ ချစ်ခြင်းမေတ္တာပြည့်ဝလွန်းတဲ့ မိခင်တွေကို ကိုယ်စားပြုတဲ့ အရောင်အဖြစ် အသုံးပြုကြသလို မိန်းကလေးဆန်တဲ့ အရောင်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ မြင်ရသူတိုင်းကို သဘောကျစေတဲ့ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ချစ်ခြင်း၊ ပျိုးထောင်မှု၊ ဂရုဏာ တရား၊ ရိုမန်တစ်ဆန်မှု၊ အပြစ်ကင်းစင်မှုတွေကို ကိုယ်စားပြုနေတဲ့ ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ! ဆိုတော့ ဒေါသ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ

မိန်းကလေးတွေအနေနဲ့ မွေးချင်း အစ်မအကြီး တစ်ယောက်ကို ပိုင်ဆိုင်ထားရတာ အတော်လေး ကောင်းတဲ့ ကိစ္စပါ။ တင်စားပြီး ပြောရမယ်ဆိုရင်တော့ အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ လို့ ဆိုရမှာပါပဲ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဆက်လေ့လာလိုက်ပါဦးနော်။  အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ  အစ်မကြီး အမိရာဆိုတဲ့အတိုင်း အစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားရတာက အမေလိုမျိုး ကိုယ့်ကို ဂရုစိုက်ပေးမယ့် နောက်တစ်ယောက်ကို လက်ဆောင် ရထားတာပါပဲ။ ဒါကြောင့်ပဲ အစ်မတစ်ယောက် ရှိနေခြင်းက ကံကောင်းခြင်း လက်ဆောင်ရထားတာပါ လို့ ဆိုရတာပါ။  အစ်မတွေရှိနေခြင်းက ကိုယ့်ကို ဂရုစိုက်ပေးမယ့်သူ တစ်ယောက် တိုးတာအပြင် အခုလို အကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။ ကြင်နာတတ်စေတယ် တစ်ဦးတည်းမွေးထားမယ်ဆိုရင် အခြားသူတွေအပေါ်မှာ ချစ်ခင်တတ်တဲ့ စိတ်နည်းပါးတတ်ကြတယ်လို့ သုတေသန စစ်တမ်းတွေအရ သိရပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အချိန်တိုင်း ဒေါသဖြစ်နေတာ ဘာကြောင့်များလဲ!

ဒေါသ ဆိုတာက လူတိုင်းနဲ့ မကင်းတဲ့ အရာပါ။ လူတိုင်း အခြေအနေ အမျိုးမျိုးကြောင့် ဒေါသဖြစ်တတ်ပါတယ်။ ဒေါသ ဖြစ်စရာ ကိစ္စ တစ်ခုခုကို ကြုံရ ခံစားရချိန်မှာ ဒေါသ ထွက်တာက ပုံမှန်ပဲ ဆိုပေမယ့် အကြောင်းအရင်း ရေရေရာရာ မရှိဘဲ ပုံမှန် ဖြစ်ပျက်နေကျအရာတွေကို မြင်တိုင်းမှာလည်း ဒေါသ ထွက်မယ်ဆိုရင် သင့်အနေအနဲ့ စဉ်းစားဖို့ လိုနေပါပြီ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အချိန်တိုင်း ဒေါသဖြစ်နေတာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးသွားဖို့ ရှိပါတယ်။ ဒေါသဖြစ်တာ ပုံမှန်ပဲလား! ဒေါသ ဖြစ်တယ် ဆိုတာက ပုံမှန် စိတ်အခြေအနေ တစ်မျိုးဖြစ်သလို ကျန်းမာတဲ့ စိတ်ခံစားချက် တစ်ခုပါ။ အဆင်မပြေမှု တစ်ခုခုကို ဖော်ပြတဲ့ လက္ခဏာပေါ့။ ဒေါသဖြစ်တာက နေ့စဉ်ဘဝမှာရော လူမှုဆက်ဆံရေး နဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

တူးတူးခါးခါး ချစ်ခြင်းများ မဖြစ်စေဖို့

ချစ်ခြင်းမေတ္တာဆိုရာမှာ ၅၂၈ ရော ၁၅၀၀ ဆိုပြီး ၂ မျိုး ၂ စားရှိပါတယ်။ ဒီလို ချစ်ခြင်းတွေမှာ ၅၂၈ က မပူလောင်ပေမယ့် ၁၅၀၀ ချစ်ခြင်းကတော့ ပူလောင်မှုတွေကို ဖြစ်စေနိုင်ပါတယ်တဲ့။ ၁၅၀၀ ဆိုတဲ့ ချစ်ခြင်းက သူစိမ်း ၂ ဦးကြားမှာ ဖြစ်တဲ့ ချစ်ခြင်းပေါ့။ ဒီချစ်ခြင်းတွေက ချစ်နေစဉ်မှာ ချိုမြိန်ကြပေမယ့် အချို့သော အခြေအနေတွေမှာ ခါးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ တူးတူးခါးခါး ချစ်ခြင်းများ မဖြစ်စေဖို့ သတိထားသင့်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ချစ်ကြတဲ့ သူနှစ်ဦးကြားက ချစ်ခြင်းတွေက အမြဲချိုမြိန်နေတာမျိုးတော့ မဟုတ်ဘူးပေါ့။ နားလည်မှုကြောင့်သာ  ချိုမြိန်နေတာပါ နှစ်ဦးကြားမှာ နားလည်မှု မရှိဘူးဆိုရင်တော့ ချစ်ခြင်းများက ခါးသွားနိုင်ပါတယ်။ ကဲ …. ချစ်ခြင်းတွေ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာက ကောင်းတဲ့ အချက်ဆိုတာကို တော်တော်များများ ကြားထားပြီးသား ဖြစ်မှာပါ။ ဟုတ်ပါတယ် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းက အောင်မြင်သူတိုင်းမှာ ပိုင်ဆိုင်ထားတဲ့ အကျင့်ကောင်း တစ်ရပ်ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းမှာလည်း ကောင်းကျိုးရှိသလို အချို့အခြေအနေမှာလည်း ထိခိုက်နိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုးတွေ အများသားပါ။ ဘာတွေလဲဆိုတော့ အကောင်း မြင်တတ်ကြတယ်  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝတဲ့သူတွေက ဘဝကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

Valentine's day blues ကို ဘယ်လိုကျော်လွှားကြမလဲ!

Valentine's day blues က လူတိုင်းမှာ မရှိနိုင်ပေမယ့် အချို့သူတွေမှာတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်လေ့ရှိတဲ့ ချစ်သူများနေ့ Valentine's day  ကို မနှစ်သက်တာ၊ Valentine's day ကြောင့် စိတ်ဖိစီးသူတွေလည်း ရှိမှာပါ။ ဒီလိုမျိုး ချစ်သူများနေ့ကြောင့် စိတ်ဖိစီးမှုကို ခံစားရတဲ့ သူလေးတွေအတွက် ဒီတစ်ခေါက်တော့ Valentine's day blues ကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတဲ့ အကြောင်းလေး ဝေမျှပေးသွားပါမယ်။ Valentine's day က လူတိုင်းအတွက် ပျော်ရွှင်စရာ နေ့တစ်နေ့တော့ မဟုတ်ပါ Valentine's day က လူတိုင်းအတွက် ပျော်စရာကောင်းတဲ့ နေ့တစ်နေ့လို့ တထစ်ချ သတ်မှတ်လို့ မရပါဘူး။ ဒီလိုနေ့မှာ ကိုယ်က ချစ်သူမရှိဘဲ တစ်ကိုယ်တည်း ဖြစ်နေတာကြောင့် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ!

လူတိုင်းတော်တော်များများ သတ်မှတ်လက်ခံထားတာက အသည်းကွဲတယ်ဆိုတာ ဝမ်းနည်းစရာ၊ စိတ်မကောင်းဖြစ်စရာ၊ ထိခိုက်ခံစားရတဲ့ ဖြစ်ရပ်တစ်ခုလို့ပေါ့။ အသည်းကွဲတာက စိတ်ခံစားမှုကို ထိခိုက်နာကျင်စေတာကြောင့် စိတ်အနာကျက်ဖို့ အချိန်ပေးရတာမှန်ပေမယ့်  အသည်းကွဲတာ မကောင်းတာပဲတော့လည်း မဟုတ်ပါဘူး။ ဒီလို ပြောလို့ တော်တော်ကို အသည်းမာတာပဲ စာနာစိတ် မရှိဘူးလို့ မထင်ပါနဲ့နော်။ တကယ်တော့ အသည်းကွဲတာမှာလည်း ကောင်းကျိုးလေးတွေ ရှိနေပါတယ်။ ဒီတော့ ပရိသတ်ကြီးကို မေးချင်တာက အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ လို့ပါ။ အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ အသည်းကွဲတာ မကောင်းဘူးလို့ ဘယ်သူပြောလဲ တော့ မသိပေမယ့် ဒီနေရာကနေ ကောင်းတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အဆိပ်အတောက် ဖြစ်စေတဲ့ ဆက်ဆံရေး တစ်ရပ်ကို အဆုံးသတ်လိုက်ခြင်းက အဖက်ဖက်က ကောင်းကျိုးတွေ ရလာမှာ အသေအချာပါပဲ။ အသည်းကွဲတာက ဖြစ်ရပ် တစ်ခုလုံးကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လက်မထပ်ခင် အတူနေခြင်း မလုပ်ခင် ဒါတွေသိထားသင့်ပါတယ်။

ဒီဆောင်းပါးမှာ လက်မထပ်ခင် အတူနေခြင်း က လုပ်သင့်တယ်၊ မလုပ်သင့်ဘူး။ မှန်တယ် မှားတယ်ဆိုတာထက် မနေခင်မှာ ဘာတွေကို စဉ်းစားရမလဲ။ ဘာတွေကို ကြိုပြီး မျှော်လင့်ထားရမလဲဆိုတာကို ဆွေးနွေးပေးမှာပါ။ လူငယ်များအကြား ခေတ်စားလာတဲ့ လပ်မထပ်ခင် အတူနေခြင်း အရင်တုန်းကတော့ လက်မထပ်ခင် လိင်ဆက်ဆံတာ၊ အတူနေတာတွေက အနောက်နိုင်ငံတွေမှာပဲ ခေတ်စားတာပါ။ ခုတော့ မြန်မာနိုင်ငံမှာပါ ခေတ်စားလာပါပြီ။ လက်မထပ်ခင် အတူနေခြင်းဆိုတာမှာ Living together လို့ခေါ်တဲ့ တစ်အိမ်တည်းမှာ အတူနေတာလည်း ရှိသလို လိင်မှုကိစ္စပဲသက်သက် အတူနေတာလည်း ရှိပါတယ်။ ဒီမှာတော့ ပတ်ဝန်းကျင် အမြင်ကို ကြည့်နေရတာကြောင့် သမီးရည်းစားတွေကြားမှာ လိင်မှုကိစ္စအရ အတူတူနေတာပဲ များမှာပါ။ တစ်နေရာမှာချိန်း၊ အတူနေ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ပေါ့။ ဒါကို အရင်တုန်းကတော့ ဘာသာရေးတွေ၊ ထုံးတမ်းစဉ်လာတွေအရ ရှက်စရာကိစ္စတစ်ခုလို့ မြင်ကြပေမယ့် ခုခေတ်မှာတော့ အမြင်ပြောင်းလာပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

မနာလိုစိတ်များတာ မကောင်းပါဘူး

မနာလိုစိတ်များတာက လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မနာလိုစိတ်ဆိုတာ ဘာလဲ ဆိုတာနဲ့ မနာလိုစိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုတွေ ထိခိုက်စေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘာကြောင့် မနာလိုစိတ်များတာ မကောင်းပါဘူး လို့ ပြောရတာက ဘာကြောင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်နော်။ မနာလိုစိတ် ဆိုတာ ဘာလဲ! မနာလိုစိတ်ဆိုတာက နာကြည်းမှု၊ ဒေါသ၊ ရန်လိုမုန်းတီးမှုတွေ၊ လိုဘ မပြည့်မှုတွေ နဲ့ ခါးသီးမှုတွေကနေ အရင်းခံလာတဲ့ စိတ်ခံစားမှု တစ်ရပ်ပါ။ လူတော်တော်များများက တစ်ချိန်မဟုတ် တစ်ချိန်တော့ မနာလိုဖြစ်မိနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဖြစ်မိတဲ့ မနာလိုမှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုး မရှိပေမယ့် အမြဲလိုလို မနာလိုစိတ် ဖြစ်နေတာက စိတ်ခံစားမှုကို ထိခိုက်စေသလို […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)