စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ........

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေ တယ်ဆိုတာ သိပြီးပြီလား ........ လူတွေရဲ့ ဘဝရှင်သန်မှုဟာ တာဝန်တွေ များစွာနဲ့ ပြည့်နှက်နေသလို တစ်နေထွက်လာကစလို့ တစ်နေမဝင်ခင်အထိ ရင်ဆိုင်ရတဲ့ စိတ်ဖိစီးမှုပေါင်းကလည်း များစွာပါ။ ဒီလို စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ အချို့သောအရာတွေက ပတ်ဝန်းကျင် အကြောင်းတရားတွေကြောင့် ဖြစ်တာဆိုပေမယ့် အချို့သော အကြောင်းအရာတွေက ကိုယ်တိုင်က ဖန်တီးတာပါ။ အလေ့အကျင့်ဆိုးတွေက ဘဝပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေနိုင်ပါတယ်။ အလေ့အကျင့်ဆိုးတွေက ဖျားနာစေမယ်လို့ပဲ ထင်ထား​ကြပေမယ့် တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချို့သော အလေ့အထတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေ ခံစားရစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင် လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မျှော်လင့်ထားတာနဲ့ လက်တွေ့ အနေအထား ကွာခြားတဲ့အခါ

ခေါင်းစဉ်ကို ကြည့်ပြီး ဘာပြောချင်တာလဲ ငါဖြင့် နားတောင် မလည်ဘူးလို့ တွေးနေပြီလား...... နားမလည်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒီအခြေအနေကို မကြုံဖူးဘူးဆိုသူကတော့ ခပ်ရှားရှားပါ။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ ဒီအခြေအနေက ကိုယ်က တစ်ခုခုကို ကြီးကြီးမားမား မျှော်လင့်ထား တယ်။ ဒါပေမယ့် ဖြစ်မလာတာမျိုးပါ။ လွယ်လွယ်ပြောရရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးပေါ့။ ဥပမာ အရှေ့အရှေ့ကဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေထဲက ကပ်ဆိုးကြီးတွေက တစ်နှစ်လောက် ကြာတဲ့အခါ အတော်လေး ဖြစ်ပွားမှုနှုန်း နည်းသွားတယ်လို့ ကြားဖူးလို့ ကိုဗစ်လည်း တစ်နှစ်လောက် ကြာပြီးရင် ပျောက်သွားမယ်လို့ တွေးဖူးကောင်း တွေးဖူးမှာပါ။ မျှော်လင့်ချက်လည်း ထားကောင်း ထားဖူးမှာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်ရဲ့ သင်္ကြန်ကို တိတ်ဆိတ်ခြောက်ကပ်စွာ ဖြတ်သန်းခဲ့ကြရပါတယ်။ ဒီလိုပါပဲ ကိုဗစ်က အချိန်ကြာလာရင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ ဆိုလို့ ထူးဆန်းသွားသလား ...... နေ့စဉ်ပုံမှန် အရေပြား သန့်စင်တာ၊ ညအိပ်ရာဝင်တဲ့အခါ မျက်နှာကို sheet Mask ကပ်တာ၊ moisturizer လိမ်းတာတွေက အသားအရေ ကိုတင် ကျန်းမာကြည့်ကောင်းစေတာ မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာ သိထားပြီးပြီလား ...... မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းမှုက စိတ်ကျန်းမာရေးကို ဘယ်များ ထောက်ကူပေးနေတာလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။ အသားအရေ ထိန်းသိမ်းတာက အရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ ချွေးပေါက်ပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပမှုက စိတ်ခံစားမှုကို ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါ

ဝက်ခြံ ထွက်လာပြီဆိုရင် လက်နဲ့ သွားသွားမထိဖို့၊ မလိုအပ်ဘဲ မညှစ်ဖို့ အရေပြားဆရာဝန်တွေက သတိပေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ညှစ်တာက ဝက်ခြံကို ပိုဆိုးစေပြီး လက်က ပိုးတွေ ဝင်သွားခဲ့ရင် ရောင်ရမ်းပြီး ပိုဆိုးစေလို့ပါ။ ဒါပေမယ့် ထူးထူးခြားခြား ဝက်ခြံမညှစ်ရမနေနိုင် တဲ့ လူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဝက်ခြံက ပိုပိုဆိုးလာပါတယ်။ ဒီလိုဝက်ခြံ အမျိုးအစားကို Acne excoriee လို့ ခေါ်ပါတယ်။ ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါ ဟုတ်ပါတယ်။ ဒီဝက်ခြံက ပြောရမယ်ဆိုရင် Obsessive-Compulsive Disorder (OCD) လို့ခေါ်တဲ့ တစ်ခုခုကို မလုပ်ရ မနေနိုင်တဲ့ စိတ်ရောဂါကနေ  စဖြစ်လာတာပါ။ ပစ္စည်းတွေ မညီရင် အတင်းညီအောင် လိုက်ညှိချင်သလိုမျိုး ဝက်ခြံတွေ့ရင်လည်း ညှစ်လိုက်ရမှဆိုတဲ့ လူမျိုးတွေပါ။ သာမန်လူတွေနဲ့ မတူတာက သာမန်လူတွေက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

PTSD ဆိုတာက Post Traumatic Stress Disorder ဖြစ်ပြီး မကောင်းတဲ့ အခြေအနေတစ်ခုကြောင့် စိတ်ဒဏ်ရာရတာကို ဆိုလိုပါတယ်။ အမျိုးသမီးတွေက ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ ကြုံရတဲ့အတွက် စိတ်ဒဏ်ရာရတာလည်း ပိုများပါတယ်။ PTSDက အမျိုးသားရော၊ အမျိုးသမီးမှာပါ တွေ့ရပေမယ့် တွေ့ရပေမယ့် တုံ့ပြန်ပုံခြင်းက မတူပါဘူး။ အမျိုးသမီးတွေက ကျိတ်ပြီး ခံစားတတ်ကြတဲ့အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေပဲ ရလာပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။ အမျိုးသမီးတွေမှာ PTSD ဖြစ်ရတဲ့ အကြောင်းရင်း ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေက တစ်ဆင့်နိမ့်တယ်လို့ သတ်မှတ်ပြီး အနိုင်ကျင့်ကြတာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောင့် အမျိုးသမီး အများစုက ဘဝတကွေ့ကွေ့မှာ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ တွေ့ရတတ်တာတွေကတော့ စစ်ပွဲတွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေ အိမ်တွင်းအကြမ်းဖက်မှုတွေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့ပဲ ထောက်ကူပေးတာလား။ အခြားရော ဘယ်လိုများ ထောက်ကူပေးမလဲ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာကိုရော ထောက်ပံ့ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေဖို့ ထောက်ကူပေးပြီး စိတ်ဓာတ်မကျစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေသလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ပျော်ရွှင်တက်ကြွစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာကြံ့ခိုင်ပြီး နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့အတွက် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်းလုပ်ရင် စိတ်ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်မလဲ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ဓာတ်မကျစေဖို့ ကာကွယ်ပေးတယ် စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိတ်ခံစားမှု ကောင်းစေတယ် တက်ကြွလန်းဆန်းစေတယ် စိတ်ပျော်ရွှင်စေတယ် သိမြင်မှုစွမ်းရည် ကောင်းစေတယ် စိုးရိမ်မှု လျော့ကျစေတယ် စိတ်ကြည်လင်လန်းဆန်းစေတယ် စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသ ဖြစ်နေလား ...... ဒါတွေ စားပါ။

ဒေါသ မထွက်ဘူးသူရယ်လို့ ခပ်ရှားရှားပါ။ လူတိုင်း ပြင်းပြင်းထန်ထန် မဟုတ်တောင် တစ်လမှာ တစ်ကြိမ်လောက်တော့ ဒေါသ ဖြစ်စမြဲပါ။ ဒေါသက လူတိုင်းမှာ ဖြစ်ပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းက ကွာခြားတာကြောင့် ဒေါသကို ထိန်းချုပ်နိုင်တဲ့ အနေအထားကတော့ ကွာခြားနိုင်ပါတယ်။ အချို့က တော်ရုံနဲ့ စိတ်မတို ဒေါသမထွက်ပေမယ့် အချို့ကတော့ သေးသေးဖွဲဖွဲ ကိစ္စတွေအပေါ်မှာတောင် စိတ်တိုတာ ဒေါသဖြစ်တာမျိုး ဖြစ်တတ်ကြပါတယ်။ နောက်တစ်ချက်က ဒေါသကို ဖော်ပြပုံခြင်းလည်း ကွာခြားတတ်ပါတယ်။ ဒေါသ အရမ်းထွက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ ဒေါသဆိုတာက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ရပ်ကြောင့် ကိုယ်တွင်းမှာ အဒရီနယ်လင်ဟော်မုန်းတွေ မြင့်တက်လာရာကနေ စဖြစ်တာပါ။ ဒီဟော်မုန်းပမာဏ လွန်ကဲတဲ့အခါ တင်းအားများပြီး ခေါင်းကိုက်တာ၊ ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ စိတ်ဓာတ်ကျတာတွေကိုခံစားရနိုင်ပါတယ်။ ဒေါသ ဖြစ်နေလား ...... […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဆိတ်ငြိမ်မှုကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) Sedatephobia

ဆိတ်ငြိမ်မှု က သင့်ကို စိတ်ကသိကအောင့် ဖြစ်စေသလား။ တိတ်ဆိတ်နေတာက အထီးကျန်သလိုလို၊ စိတ်ထဲခြောက်ခြားသလိုဖြစ်နေပါသလား။ ဒါကို ကိုယ်တစ်ယောက်တည်း ခံစားနေရတာလား။ ဒါမှမဟုတ်  အခြားသူတွေရော ခံစားရတာသလားဆိုပြီးတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လို့ လိုပါမယ်။ တိတ်ဆိတ်မှုက လူကိုခြောက်ချားစေသလား။ လူတော်တော်များများက တိတ်ဆိတ်တာကို မကြောက်ကြဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ လူတိုင်း တိတ်ဆိတ်မှုကို မကြောက်တာ မဟုတ်ပါဘူး။ တိတ်ဆိတ်မှုက သူတို့အတွက် ချောက်ချားမှုဖြစ်စေတာကြောင့် ဆိတ်ငြိမ်မှုကို ကြောက်ရွံ့တဲ့သူတွေ ရှိပါတယ်။ ဒီလို တိတ်ဆိတ်မှုကို ကြောက်တာက စိတ်ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဒီစိတ်ကျန်းမာရေးပြဿနာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အမည် မဖော်နိုင်ခဲ့ကြပါဘူး။ ဒီနေ့ခေတ်မှာတော့ တိတ်ဆိတ်မှုကို ကြောက်တဲ့ စိတ်ရောဂါကို Sedatephobic လို့ခေါ်ဆို သတ်မှတ်နိုင်ခဲ့ကြပါပြီ။ လူတွေက သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကားသံ၊ လူသံ၊ ကျေးငှက်တွေ၊ […]


စွဲလမ်းမှုပြဿနာများ

အစာစားတဲ့ အသံတွေက သင့်ကို ဒေါသဖြစ်စေနေပြီလား။

အနားမှာ အစာစားတဲ့ အခါ 'ပကျက် ပကျက်'၊ ဟင်းရည်သောက်တဲ့အခါ 'ရှူး ရှူး' စတဲ့ အသံတွေကို ကြားရတဲ့အခါ စိတ်ထဲမှာ ဒေါသထွက်လာတာကို ကြုံဖူးမှာပါ။ ဒါက လူတိုင်းတော့ မဟုတ်ပါဘူး။ ဒီအသံလေးတွေက တိုးတိုးလေးပဲလေ။ ဒေါသထွက်စရာ မကောင်းဘူးဆိုပေမယ့် ခံရတဲ့သူအတွက်တော့ နည်းနည်းမှ သည်းခံချင်စရာ မကောင်းပါဘူး။ ဒါ စိတ်ရောဂါဖြစ်နေတာများလား။ အစာစားတဲ့ အသံတွေက စိတ်အနှောင့်အယှက်ဖြစ်စရာလား။ သူများရဲ့ အစာစားတဲ့ အသံတွေကို စိတ်အနှောင့်အယှက်ဖြစ်တာကို Misophonia လို့ခေါ်ပါတယ်။ သူတို့က ထမင်းစားဝိုင်းမှာ ထွက်တဲ့အသံတွေအပြင် ခုံကို တတောက်တောက် ခေါက်တာ၊ ဖိနပ်တရှပ်ရှပ် စီးတာ စတဲ့ အသံတွေကိုပါ သည်းမခံနိုင်ကြပါဘူး။ အများအမြင်မှာတော့ ကြီးကျယ်လိုက်တာလို့ ထင်စရာ ရှိပေမယ့် သူတို့တကယ်ပဲ သည်းမခံနိုင်တာပါ။ ခုဆောင်းပါးဖတ်နေရင်းတောင် အသံတွေကို ကြားယောင်ရင်း ဒေါသထွက်နေလောက်ပါပြီ။ ဒါ စိတ်ရောဂါလား။ Misophonia […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ငှက်လေးတွေရဲ့ သီချင်းသံ နားထောင်တဲ့အခါ

မနက်ခင်းမှာ ငှက်လေးတွေရဲ့ သီချင်းသံ ချိုချိုလေးတွေနဲ့ နိုးထလာပါသလား။ ဒါမှမဟုတ် ကိုယ်တိုင်က ငှက်ချစ်တတ်သူဖြစ်တာကြောင့် တစ်နေ့တာလုံးမှာ ငှက်လေးတွေရဲ့ သီချင်းသံလေးတွေကို အချိန်တိုင်းလိုလို ကြားနေရပြီလား....... ဒါဆိုရင်တော့ သင်က ကံကောင်းတဲ့သူပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ငှက်လေးတွေရဲ့ သီချင်းသံ နားထောင်တဲ့အခါ ငှက်လေးတွေရဲ့ သီချင်းသံ ကို နားထောင်တဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ........ စိတ်အပန်းပြေစေတယ်။ ငှက် အစစ်လေးတွေရဲ့ သီချင်းသံ ကိုနားထောင်မှရယ် မဟုတ်ပါဘူး။ ငှက်လေးတွေရဲ့ အသံကို ဖမ်းယူထားတဲ့ သီချင်းလေးတွေကို နားထောင်ရင်တောင်မှ စိတ်လက်အပန်းပြေစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ လုပ်ငန်းခွင် တာဝန်တွေ၊ အိမ်မှုကိစ္စ တာဝန်တွေနဲ့ စိတ်ဖိစီးနေတယ်ဆိုရင် ဖိစီးနေတဲ့စိတ်ကို ပြေလျော့စေဖို့ ငှက်လေးတွရဲ့ ကျာကျာကျည်ကျည် သီချင်းသံလေးတွေကို နားဆင်ဖို့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)