စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ

စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေက နေ့စဉ်ဘဝမှာ မလွှဲမရှောင်သာ ကြုံရနိုင်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေပေါ့။ လူတစ်ယောက် နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စေဖို့က စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ လိုပါမယ်။ စိတ်ကျန်းမာဖို့ကလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာပေါ့။ ဒီတစ်ခေါက်တော့ စိုးရိမ်စိတ်များတတ်သူလေးတွေအတွက် စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ အလေ့အထများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ယုံကြည်ရတဲ့သူကို ရင်ဖွင့်တိုင်ပင်ပါ စိုးရိမ်စိတ်များတာကို ခံစားနေရသူ အများစုက သူတို့ရဲ့ အားနည်းချက်၊ စိတ်ခံစားမှုတွေကို အခြားသူတွေကို ဝေမျှဖို့ ရှက်ကြတဲ့သူတွေပါ။ သူတို့က ခပ်ဆိတ်ဆိတ်ပဲ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သစ်သီးဝလံတွေ များများစား စိတ်ချမ်းသာစေသား

စိတ်ဓာတ်ကျတာက လူတော်တော်များများ ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဘဝအခြေအနေကို ပြောင်းလဲစေနိုင်တဲ့အထိ ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတလေမှာ ကုထုံးခံယူရတာမျိုးအထိ ပြင်းထန်နိုင်ပါတယ်။ စိတ်ဖိစီးတိုင်း ကုထုံး ခံယူဖို့ လိုတာလားဆိုတော့ ခံယူနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဒီမတိုင်ခင်မှာတော့ စိတ်ဖိစီးတာကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးတာ၊ နေထိုင်မှုပုံစံတွေကို ပြောင်းလဲတာတွေ လုပ်ဆောင်ပေးပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ စိတ်ဓာတ်ကျတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတစ်ရပ်ဆိုပေမယ့် စိတ်ဓာတ်ကျတာကို သက်သာစေဖို့ အစားအသောက်နဲ့ ကုသလို့ ရပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက် အခုနောက်ဆုံးတွေ့ရှိထားတဲ့ Aston universityက လေ့လာမှုလေး  တစ်ရပ်အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ စိတ်ဓာတ်ကျတာကို သက်သာချင်တယ်ဆိုရင် သစ်သီးဝလံတွေ စားပေးလို့ ရတယ် ဆိုတာပါ။ စိတ်ဓာတ်ကျတာကို သစ်သီးဝလံတွေက ဘယ်လိုများ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့

ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို [မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို] မေမေတွေမှာပဲ ခံစားရတယ်လို့ တော်တော်များများက သိထားကြတာပါ။ တကယ်ကတော့ မိသားစုဝင် အသစ်လေးတစ်ယောက် တိုးပွားလာချိန်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေကြောင့် စိတ်ဓာတ်ကျတာကို မေမေတွေပဲ ခံစားရတာ မဟုတ်ပါဘူး။ ဖေဖေတွေလည်း ခံစားပါသတဲ့။ အထူးသဖြင့်ကတော့ အသစ်စက်စက် ဖေဖေတွေပေါ့။ ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာကို ဖေဖေတွေလည်း ခံစားရပါသတဲ့ အကြောင်းကတော့ ဘေဘီလေးကို ညဘက်မှာ မကြာခဏဆိုသလို နို့ချိုတိုက်ကျွေးရာမှာ ကူညီပေးရတာ၊ ကလေးက ညဘက် ထငိုလို့ ချော့ရတာတွေလိုမျိုး တာဝန် အသစ်တွေကို နေ့စဉ်ဘဝမှာ ဟန်ချက်ညီအောင် ထိန်းရတာက ဖေဖေတွေကို မီးဖွားပြီးချိန် စိတ်ဓာတ်ကျတာကို ခံစားရစေတာပါ။ ဘေဘီလေးကို မွေးဖွားပြီး အိမ်ပြန်ခေါ်လာချိန်မှာ ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေက […]


စွဲလမ်းမှုပြဿနာများ

လောင်းကစားလုပ်တာ စိတ်ကျန်းမာရေး ထိခိုက်စေသလား

လူတစ်ကိုယ် အကျင့်တစ်မျိုး ဆိုတဲ့အတိုင်း အရက်၊ ဘီယာစတာတွေကို ကြိုက်လို့သောက်တဲ့သူတွေ ရှိသလို ဆေးလိပ်ကို မသောက်ရမနိုင် စွဲလမ်းလွန်းလို့ သောက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကွမ်း မဝါးရမနေနိုင်လို့ ဝါးတဲ့သူတွေလည်း ရှိပါတယ်။ အချို့စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးတွေကို အလွဲသုံးတဲ့သူတွေတောင်ရှိပါတယ်။ ဒါတွေက စွဲလမ်းစေတတ်တာကိုးလို့ ပြောစရာရှိပေမယ့် စားတာသောက်တာတွေ မဟုတ်ဘဲ အခြားအရာတစ်ခုကိုလည်း အချို့လူတွေက စွဲစွဲလမ်းလမ်း လုပ်တတ်ကြပါသေးတယ်။ ဒါကတော့ လောင်းကစား လုပ်တာပါ။ လောင်းကစားက စားတာသောက်တာ ဖွာရှိုက်တာ တစ်ခုမှ မပါဘဲ စွဲလမ်းစေတယ်နော်။ ဒီတစ်ခေါက်တော့ လောင်းကစား လုပ်တာက စွဲလမ်းစေတတ်လားဆိုတာနဲ့ လောင်းကစားလုပ်တာကြောင့် စိတ်ကျန်းမာရေးကို ဘယ်လို ထိခိုက်မှုတွေ ရှိလာစေနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။ လောင်းကစားက စွဲလမ်းစေတတ်တဲ့ အရာလား လောင်းကစား လုပ်တာက ထိခိုက်မှုကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အရာလို့ ထင်စရာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အရေးပါပါတယ်

စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းက လူတစ်ယောက် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်မှ နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်မှာ ဖြစ်သလို စိတ်ခံစားမှုပိုင်းဆိုင်ရာရော လူမှုဆက်ဆံရေးပါ ကောင်းမွန်မှာဖြစ်ပါတယ်။ ဒီတော့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က အတော်လေး အရေးပါတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ နေ့စဉ် တွေ့ကြုံနေရတဲ့ အခြေအနေတွေ အစားအသောက်တွေနဲ့ ထိတွေ့နေရတဲ့ ညစ်ညမ်းမှုတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနည်းတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေမှ နေ့စဉ်နဲ့အမျှ တွေ့ကြုံခံစားနေရတဲ့ ဖိအားတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်

လူတွေ တစ်ယောက်နဲ့ တစ်ယောက်ဆုံမိကြရင် နေကောင်းရဲ့လား ….. အလုပ်အဆင်ပြေလား …… ဘယ်မှာနေလဲ ….. အိမ်ပြောင်းသွားပြီလား ….. ဆိုပြီး နှုတ်ဆက်စကားတွေ ပြောလေ့ရှိတာက လူမျိုးတိုင်းမှာ ရှိသလို ခေတ်အဆက်ဆက် ကတည်းက လောကဝတ်တစ်ခု အနေနဲ့ ပျူငှာဖော်ရွေစွာ နှုတ်ဆက်တတ်တဲ့ အလေ့အထလေးတစ်ခုလို ရှိနေခဲ့တာပါ။ ဒီလို ဖော်ရွေပျူငှာတဲ့ထဲမှာ မြန်မာလူမျိုးတွေက ထိပ်ဆုံးကလို့ ပြောရပါမယ် မြန်မာလူမျိုးတွေက ဖော်ရွေပျူငှာသလို အများကို ကူညီဖို့လည်း တက်ကြွကြတဲ့ သူတွေပါ။ အခုထိလည်း သူငယ်ချင်း အချင်းချင်းလမ်းမှာ ဆုံမိရင် ဘယ်ကလာတာလဲ…. ဘယ်သွားမလို့လဲ ဆိုပြီး နှုတ်ဆက်စကား ပြောနေကြဆဲပါပဲ။ ဒီလို နှုတ်ဆက်တဲ့ စကားတွေထဲမှာ ထပ်တိုးလာတဲ့ နှုတ်ဆက်စကား တစ်ခွန်း ရှိပါတယ်။ ဒါကို လူတိုင်းလိုလို သိပြီးသား ဖြစ်နိုင်သလို ကိုယ်တိုင်တောင် နှုတ်ဆက်ခံရဖူးမယ်ထင်ပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း

စိတ်ပြဿနာရဲ့ အကြောင်းရင်းခံကို ရှာဖွေခြင်း ကိုကျော်ကြီးက နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာ Digital Marketing Manager အဖြစ် တာဝန်ယူနေတဲ့သူတစ်ယောက်ပါ။ အခုတလော ညဘက်တွေ အိပ်မပျော်ဘူး။ အိပ်ဆေးကူရင်ကူ ဒါမှမဟုတ် အရက်ကိုမူးအောင်သောက်မှ အိပ်ပျော်တယ်။ ညဘက်တွေ မကြာခဏနိုးတယ်။ မနက်ထတဲ့အခါ အိပ်ရေးဝတယ်လို့မခံစားရတဲ့အပြင် တကိုယ်လုံး နာကျင်ကိုက်ခဲနေတာ၊ အာရုံစူးစိုက်လို့မရတာတွေဖြစ်တယ်။ ပိတ်ရက်တွေဆိုလည်း အိပ်ရေးမဝတာက မဝတာပဲ။ ညဘက်တွေဆိုရင် အိပ်ရမှာကြောက်တယ်၊ ငါအိပ်မပျော်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေဆက်ဖြစ်နေမှာကိုစိုးတယ်၊ အိပ်ရေးမဝလို့ နောက်နေ့မှာ အလုပ်မလုပ်နိုင်မှာကိုကြောက်တယ်။ ဒီလိုနဲ့ အစိုးရိမ်လွန်တာကနေပြီး အိပ်မပျော်တာက ပိုဆိုးလာတယ်၊ တချိန်လုံးပင်ပန်းနေပြီး မလှုပ်ချင်မကိုင်ချင်တာ၊ အာရုံစူးစိုက်လို့မရတာ၊ အိမ်ထဲက အိမ်ပြင်မထွက်ချင်တာမျိုးတွေဖြစ်နေတယ်။ နေ့တိုင်းမှာစိတ်မကြည်တော့ အလုပ်ကိုထိခိုက်လာတယ်၊ အလုပ်မှာအပြည့်အဝအာရုံစူးစိုက်လို့မရဘူးလို့တွေးတယ်၊ အဲဒါက ညဘက်အိပ်မပျော်တာပိုဆိုးလာစေပြီး သံသရာလည်နေတယ်။ ဒီလိုမျိုးနဲ့ ရင်းနှီးပါသလား။ အဖြစ်ပျက်ချင်း ထပ်တူမကျနိုင်ပေမယ့် တော်တော်များများမှာ ဒီအဖြစ်ပျက်နဲ့ ဆင်တူတဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ပြဿနာများကို ကုစားခြင်း

စိတ်ပြဿနာများကို ကုစားခြင်း စိတ်ဟာ ရုပ်ကိုဆောင်တယ်။ စိတ်မကျန်းမာတဲ့သူဟာ ရုပ်မကျန်းမာမှုတွေပါ ဆက်ဖြစ်ပေါ်စေတယ်။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ တခြားပြစ်ချက်မရှိပါဘဲနဲ့ အမြဲတမ်းပင်ပန်းနေတာ၊ မလှုပ်ချင်မကိုင်ချင်အောင် နာကျင်ကိုက်ခဲနေတာမျိုးဖြစ်နိုင်တယ်။ စိတ်ပြဿနာတွေဟာ လူ့လောကထဲကနေထွက်ခွာသွားဖို့အတွက်တောင် အကြောင်းရင်းဖြစ်နေနိုင်တယ်။ မကုစားဘဲထားရင် ပျောက်မသွားဘဲ ရေရှည်မှာပိုဆိုးလာနိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း အစရှိတဲ့စိတ်ပြဿနာတွေဟာ အလေးနက်ထားပြီး ကုသမှရမယ်။ စိတ်ပြဿနာများကို ကုစားခြင်း စီးတီးမတ်မှာ ပိုက်ဆံရှင်းတဲ့အချိန် တန်းအရှည်ကြီးစီနေရတယ်ဆိုပါတော့။ သင်က ဘယ်လိုမျိုးဖြစ်မလဲ။ - ဖုန်းလေးပွတ်လိုက်၊ စကားလေးပြောလိုက်နဲ့ အေးရာအေးကြောင်း ကိုယ့်အလှည့်ကိုယ်စောင့်နေမယ့်သူလား။ - တန်းကလည်းရှည်လိုက်တာ၊ တန်းစီရတာ စိတ်ညစ်လိုက်တာ၊ ဘာလို့ ကောင်တာတွေက အပြည့်မဖွင့်ထားတာလဲ၊ လူများနေတာကိုမသိဘူးလားနဲ့ စိတ်တိုပြီး စောင့်နေမယ့်သူလား။တန်းစီနေရတဲ့အခြေနေချင်းတူတူမှာကို လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ပြုမူပုံတွေကွဲတယ်။ တန်းအရှည်ကြီးကိုမြင်တဲ့အခါ ကိုယ်လုပ်စရာရှိတာလုပ်ရင်း စိတ်အခြေနေမပြောင်းမလဲရှိနေမယ့်သူတွေရှိသလို စိတ်တိုစိတ်ရှုပ်ပြီး သူများတွေကို အပြစ်တင်တာ၊ ကြားဖြတ်တာတွေလုပ်မယ့်သူတွေလည်းရှိတယ်။ စိတ်တိုစိတ်ရှုပ်တယ်ဆိုတာက စိတ်ခံစားချက်ဖြစ်ပြီး သူများကို အပြစ်တင်တာ၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ပြဿနာတွေ ရဲ့ အဓိကဗီလိန်

စိတ်ပြဿနာတွေ မှာ ပတ်ဝန်းကျင်၊ အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ ရုပ်ပိုင်းတုံ့ပြန်မှုတွေနဲ့ အကျင့်စရိုက် အခြေနေ (၅)မျိုးဆက်စပ်ဖြစ်ပေါ်တယ်ဆိုတာကို ကျနော်တို့သိပြီးပြီ။ ဒီတစ်ခါတော့ ဒီဆက်စပ်ဖြစ်ပေါ်မှုမှာ ဘယ်အရာက အခရာကျလဲဆိုတာကို မြင်အောင်ကြည့်ကြမယ်။ စိတ်ပြဿနာတွေ ရဲ့ အဓိကဗီလိန် ဖြစ်စဉ် - ဖေ့ဘွတ်ပေါ်မှာ ကိုယ်နဲ့မကြာခဏ စကားပြောပြီး အပြန်လှန်စနောက်လေ့ရှိတဲ့ အသိတစ်ယောက်က ဒီရက်ပိုင်းမှာ ကိုယ်နဲ့စကားမပြောဘူး။ ကိုယ့်ပုံတွေစာတွေလည်း reaction, comment မပေးဘူး။ "ငါနဲ့လည်းစကားမပြောဘူး၊ ငါ့စာတွေပုံတွေလည်း အဖတ်မလုပ်ဘူး။ ငါ့အကြောင်းကို တစ်ယောက်ယောက်ကများ မကောင်းပြောထားလို့လား။" "အမယ် အကောင်းချည်းကနေ ငါ့ကိုအဖတ်မလုပ်ဘူး။ သူအဖတ်မလုပ်ရင် ငါကရော လုပ်စရာလား။ အရေးအရာလုပ်လို့။" "ငါ့သူငယ်ချင်း အဆင်မှပြေရဲ့လားမသိဘူး။ စကားတောင်သိပ်မပြောဖြစ်ဘူး၊ အလုပ်များရှုပ်နေလား တစ်ခုခုများပြဿနာဖြစ်နေလို့လားမသိဘူး။" ဖြစ်စဉ်တစ်ခုတည်းအပေါ်မှာ ပေါ်လာတဲ့အတွေးတွေ မတူဘူး။ ပထမအတွေးက ကိုယ့်အကြောင်းတစ်ယောက်ယောက်များ မကောင်းပြောနေတာလားဆိုတဲ့အပေါ်မှာဖြစ်လာပြီး စိတ်မလုံခြုံမှု၊ ဝမ်းနည်းမှုတွေဖြစ်စေတယ်။ ဒုတိယအတွေးက ကိုယ့်ကိုချိုးနှိမ်တယ် အရေးမလုပ်ဘူးဆိုတဲ့အတွေးကလာပြီး ဒေါသဖြစ်တယ်။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)