အောင်မြင်ပြီး ခေါင်းဆောင်မှု စွမ်းရည် မြင့်မားကြသူ အတော်တော်များများက ဆုံးရှုံးမှုတွေကို ကြုံတွေ့ရချိန်မှာ အကောင်းဆုံး ဖြေရှင်းကျော်လွှားနိုင်တဲ့ AQ မြင့်မားကြသူတွေပါ။ ဒီလိုဆို တိုးတက်အောင် AQ စွမ်းရည်ကို ပျိုးထောင်လို့ မရဘူးလားဆိုတော့ ရပါတယ်။ ဘယ်လို ပျိုးထောင်ရမလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။
လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ တိုးတက်စေဖို့
လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQတိုးတက်စေဖို့ ဒီနည်းလမ်း ၄ ခုကို လိုက်နာ ကျင့်သုံးဖို့ လိုပါမယ်။
ကြည့်ပါ – ကိုယ်ရဲ့ လူနေမှုဘဝမှာဖြစ်ဖြစ် လုပ်ငန်းနယ်ပယ်မှာဖြစ်ဖြစ် ပြောင်းလဲမှုတွေ လိုအပ်နေတဲ့ ပြောင်းလဲမှုတွေကို မြင်အောင် ကြည့်ပါ။ လက်ခံပါ။ ဘယ်လို ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲဆိုတာကို သေချာလေး အကဲဖြတ်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကိုယ်တိုင် လုပ်ဆောင်ပါ။ ပွင့်လင်းမြင်သာမှု ရှိတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ပါ။ အခြားသူတွေရဲ့ အမြင်တွေကို ရယူပါ။ အခြားသူတွေရဲ့ အမြင်တွေကို ပွင့်လင်းစွာ ရရှိနိုင်ဖို့ မလွယ်ပေမယ့်လည်း AQ တိုးတက်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဖို့ဆိုရင်တော့ အတော်လေး အရေးပါမယ်ဆိုတာ သတိရပါ။
လက်ခံပါ – ကြုံလာရတဲ့ အခြေအနေတွေကို လက်ခံပါ။ ပြောင်းလဲမှုတွေ လုပ်တဲ့အခါ အချို့သော နေရာတွေမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပြီး ရှုံးနိမ့်နိုင်တယ်ဆိုတာကို လက်ခံပါ။ ဒါပေမယ့် ဒီအရှုံးတွေကြောင့် ပန်းတိုင်ကို လက်လျှော့လိုက်တာမျိုးတော့ မဖြစ်ပါစေနဲ့။
ဖြေရှင်းပါ – ပြဿနာ တစ်ခုခု အခက်အခဲ တစ်ရပ်ရပ် ရင်ဆိုင်ရချိန်မှာ ဒီပြောင်းလဲမှု အခြေအနေအခက်အခဲကို ဘယ်လို အောင်မြင်အောင် လုပ်ဆောင်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေ လုပ်ငန်းစဉ် အဆင့်ဆင့်တွေကို ကိုယ့်ကိုယ့်ကိုယ် ဆက်တိုက် မေးခွန်းထုတ်ပါ။ ကိုယ်တိုင်က ဘာလုပ်နိုင်မလဲဆိုတာနဲ့ သူမတူတဲ့ ဖြေရှင်းနည်း အသစ်တစ်ရပ်ရပ်နဲ့ ဖြေရှင်းနိုင်ဖို့ ကိုယ့်ရဲ့ တွေးတောနိုင်စွမ်းကို အစွမ်းကုန် အသုံးချပြီး ဖြေရှင်းပါ။
လုပ်ပါ – အပြောင်းအလဲတွေ သူမတူတဲ့ ကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို ရဲရဲ လုပ်ဆောင်ပါ။ ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တွေကို လက်တွေ့ အကောင်အထည်ဖော်ပြီး အောင်မြင်အောင် လုပ်ဆောင်ပါ။
ဒီနည်းလမ်းလေးတွေကို ကျင့်သုံးရင်း နေ့စဉ်ဘဝမှာ ကြုံရနိုင်တဲ့ အခက်အခဲတွေကို မရှောင်လွှဲဘဲ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင် AQ စွမ်းရည်လည်း တိုးတက်လာပြီး နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ အောင်မြင်ပျော်ရွှင်မှုတွေကို ရရှိစေမှာပါ။
ပြဿနာတွေ ကြုံလာရင် အရှုံးမပေးဘဲ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းတွေနဲ့ တွေးတောဖြေရှင်းရင်း လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း (သို့မဟုတ်) AQ ကို မြှင့်တင်လို့ ရပါတယ်။ AQ ကောင်းလေလေ စိတ်ဖိစီးမှု ကင်းပြီး ပေါင်းသင်းဆက်ဆံရေးရော
ခေါင်းဆောင်မှုပါ ကောင်းပြီး ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်လာမှာပါ။
<strong>စကားလက်ဆောင်</strong>
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။