စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကိုပဲ စားချင်တာ၊ အလွန်အကျွံ အစားရှောင်တာ၊ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး စွဲလမ်းတာ စတာတွေ ပါဝင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒီရောဂါတွေရဲ့ လက္ခဏာနဲ့ ကုသမှုတွေကို ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း

စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ (Eating Disorders) ရှိနေခြင်းကလည်း စိတ်ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရတာပါ။ စိတ်ခံစားမှုကြောင့် စားသောက်နေထိုင်ပုံပြောင်းလဲလာတာ၊ စားသောက်မှုပုံစံတွေ မူမမှန်တာ စတာတွေဖြစ်တာပါ။ ဒီလို စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာက အစပိုင်းမှာ စိတ်ကျန်းမာရေးကိုပဲ ထိခိုက်တာဆိုပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်တော့ စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း ကို ဝေမျှပေးချင်ပါတယ်။ စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ နဲ့ ကိုယ်တိုင်စောင့်ရှောက်မှု စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ အနေနဲ့ ဒီအခြေအနေကနေ ပြန်ပြီး ကျန်းမာလာဖို့ဆိုရင် ကိုယ်တိုင်ဂရုစိုက်မှုက အတော်လေး အရေးကြီးပါတယ်။ ဒီလို စောင့်ရှောက်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကုန်လုံးကို သေချာလေး ဂရုစိုက်ဖို့ လိုတာကြောင့် […]

စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ ကို ရှာဖွေမည်။

စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား

ထိပ်တန်း ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ DOCTOR WHO ထဲက သရုပ်ဆောင် ခရစ္စတိုဖာ အကယ်လ်စတန်က သူ့မှာ Anorexia Nervosa လို့ခေါ်တဲ့ ကိုယ်အလေးချိန် တက်လာမှာကြောက်ပြီး အစားအသောက်တွေ အလွန်အမင်းလျှော့ချစားသောက်တဲ့ စိတ်ဝေဒနာမျိုး ခံစားနေရတယ်လို့ ဝန်ခံလိုက်ပါတယ်။ Anorexia လို့ အတိုကောက်ခေါ်ဆိုကြတဲ့ အဝကြောက်ရောဂါဆိုတာ ဘယ်လိုမျိုးလဲ။ ကိုယ်တိုင်ကရော ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား ဆိုတာ ဆန်းစစ်လိုက်ရအောင်နော်။ ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား ဒီကနေ့ခေတ် လူငယ်အများစုဟာ ကိုယ့်ခန္ဓာကိုယ် ဝဖြိုးလာမှာကို စိုးရိမ်ထိတ်လန့်တတ် ကြပါတယ်။ Gym တွေဆော့ကြတယ်၊ အစားအသောက်တွေ ခြိုးခြံဆင်ခြင်ကြတယ်။ ဒီလိုပြုမူနေထိုင်ကြရခြင်းရဲ့ အဓိကအကြောင်းပြချက်ကတော့ ကိုယ်အလေးချိန် နည်းပါးတာဟာ လှတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ ယူဆချက်ကြောင့်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုကိုယ်အလေးချိန် တက်လာမှာကို ကြောက်ရွံ့တဲ့စိတ်ဟာ လွန်ကဲလာတတ်ပြီး အဆိုးဆုံးအခြေအနေမှာတော့ Anorexia လို့ခေါ်ဆိုတဲ့ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆာလောင်မှု(Emotional Hunger) ကိုဖယ်ရှားကြပါစို့

ရေးသားသူ - ဒေါက်တာ နှင်းရည်လဲ့နိုင် ကမ္ဘာပေါ်မှာ အသက်ရှင်‌‌နေထိုင်ဖို့ ရုန်းကန်လှုပ်ရှားရတာက တော်တော် စိတ်ပင်ပန်းစရာကောင်းပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ရချိန်မှာ လူတော်တော်များများက အစားအသောက်နှင့် စိတ်ဖြေလေ့ရှိကြပါတယ်။ • ဘယ်ချိန်တွေမှာ Emotional hunger ပြဿနာ ပေါ်လာတတ်လဲ။  စိတ်ဖိစီးချိန်  ကျန်းမာရေးချူချာတဲ့အခါ  စိတ်ဓာတ်ကျတဲ့အခါ  ငွေရေးကြေးရေး အခက်အခဲ ဖြစ်တဲ့အခါ  လူမှုရေးပြဿနာများ ရှိတဲ့အခါ  သက်ဆိုင်ရာနယ်ပယ်တွင် ကျရှုံးနေတဲ့အခါ  တုန်လှုပ်ဖွယ် အပြောင်းအလဲများ ကြုံတဲ့အခါ  စိတ်ဆိုးဒေါသထွက်တဲ့အခါ  အထီးကျန်ဆန်ပြီး ပျင်းတဲ့အခါ  အတိုင်းအဆမဲ့ပျော်ရွှင်နေချိန်မှာပါ အစားအသောက် နှင့် ကိုယ်ကိုယ်ကို နှစ်သိမ့်၊ ဂုဏ်ပြုတတ်ကြပါတယ်။ အမှန်တကယ် မဆာဘဲ စားတဲ့အခါမှာ သတိလက်လွတ်ဖြစ်ပြီး အများကြီး စားလိုက်တတ်ကြတယ် ။ အစားအစာက လူတွေကို ခဏတာပျော်ရွှင်စေတယ်။ အစာစားလိုက်တာနှင့် ခက်ခဲကြမ်းတမ်းမှုများက‌နေလွတ်မြောက်သွားသလို ခံစားရ‌လို့ပါ။အဲ့အချက်ကို မသိစိတ်က မှတ်ထားပြီး […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

အစားအသောက် စွဲလမ်းတပ်မက်တယ်ဆိုတာ အစားအစာတစ်မျိုးမျိုးကို မစားရရင် မနေနိုင်အောင် ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် အသင့်စား စားစရာ သရေစာတွေမှာ ပိုတွေ့ရတတ်ပါတယ်။ သာမန်စွဲလမ်းတာမဟုတ်ဘဲ မလုပ်ရမနေနိုင်တဲ့ အခြေအနေဖြစ်တာမို့ မူးယစ်ဆေးစွဲတဲ့အဆင့်နဲ့ နှိုင်းယှဉ်ပြီး addiction လို့ သုံးနှုန်းလေ့ရှိပါတယ်။ အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို သိသာစေတဲ့ လက္ခဏာတွေ ရှိပါတယ်။ အဓိကလက္ခဏာတွေကတော့ ၁။ အစားတစ်မျိုးမျိုးကို မစားရမနေနိုင်ခြင်း (ဗိုက်ပြည့်နေလျှင်ပင် ထပ်စားလိုခြင်း) ၂။ စားလိုတဲ့အစာကို လိုတာထက် ပိုစားနေတတ်ခြင်း ၃။ အလွန်အကျွံစားခြင်း ၄။ စားပြီးလျှင် နောင်တရသလိုဖြစ်ခြင်း၊ သို့သော် သိပ်မကြာခင်မှာပင် စိတ်ပြောင်းပြီးထပ်စားလိုခြင်း ၅။ အစားများများစားလိုခြင်းအတွက် မိမိကိုယ်ကို ဆင်ခြေမျိုးစုံပေးခြင်း ၆။ မကောင်းသော အလေ့အထမှန်းသိသော်လည်း မဆင်ခြင်နိုင်ခြင်း ၇။ မိမိစားသုံးနေသည်များ မကောင်းမှန်းသိ၍ ပတ်ဝန်းကျင်ကလူအများကို ပေးမသိခြင်း စတာတွေ ဖြစ်ပါတယ်။ အစားအစာ စွဲလမ်းတပ်မက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ အဝလွန်ခြင်း၊ ဆီးချိုဖြစ်ခြင်း […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

ဝမှာဆိုးလို့ စားလိုက်တဲ့အစာတွေကို ပြန်အန်ထုတ်တဲ့ Bulimia Nervosa ပြဿနာ သင့်မှာ ရှိနေပြီလား။

ပိန်သွယ်သွယ် ကိုယ်ခန္ဓါလေး ၊အဆီပိုမရှိတဲ့ခန္ဓါကိုယ် အချိုးအစားကို လိုချင်ကြတာ မိန်းကလေးတိုင်းပါ။ ဒါပေမယ့် ဒီလို ကိုယ်ခန္ဓါတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာကလည်း အစားအသောက်တွေ ဆင်ခြင်၊ လေ့ကျင့်ခန်းတွေ လုပ်မှ ရမှာလေ။ ခက်တာက လေ့ကျင့်ခန်းလည်းမလုပ်ချင် အစားလေးလည်းစားချင် ပိန်ကလည်းပိန်ချင်ဆိုတော့ အခက်တွေ့နေကြတာပေါ့။ အဲဒီမှာ Bulimia Nervosa ခေါင်းထဲ စရောက်လာတာပဲ။ “ ငါစားလိုက်တဲ့ အစားအစာတွေကို အစာအိမ်က စုပ်ယူမှ အာဟာရဖြစ်ပြီး ဝတာဆိုတော့ စားတော့စားမယ် ပြီးရင် အာဟာရ တွေ မစုပ်ခင် ပြန်ထုတ်လိုက်မယ်။ ဒါဆိုရင် စားတော့စားရတယ် အာဟာရမစုပ်တော့ ဝတော့မှာ မဟုတ်ဘူး။” ဆိုတဲ့ အတွေးတွေ။ အဲဒါတွေတွေးပြီး သိပ်တော်တဲ့ငါပါလားဆိုပြီးတော့ ဝမ်းမသာလိုက်ပါနဲ့။ ဒါဟာ Bulimia Nervosa ဆိုတဲ့ ရောဂါဖြစ်ဖို့ အစပြုနေတာပါ ။ ဒီတော့ ဆေးပညာမှာ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ

ဗိုက်ကတော့ မချောင်သေးဘူး စားစရာ နောက်တစ်ခုခုက ပါးစပ်ထဲရောက်နေပြီ။ တစွတ်စွတ်နဲ့ စားမိနေတာ ဗိုက်လည်းမဆာဘဲနဲ့လေ။ စားမိနေတုန်းတော့ မသိသေးဘူး။ ပြန်စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာမှာစားခဲ့မိတာ စုံလို့။ ဒီလိုစားမိတာ အစာအိမ်အတွက်ရော ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ဝိတ်တွေတက်လာမယ်၊ အစာမကြေဖြစ်မယ် စတဲ့ အကျိုးဆက်တွေရှိလာနိုင်တာပေါ့။ ဒါကို ထိန်းချုပ်ဖို့အတွက် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းခံတော့ သိထားဖို့လိုပါတယ်။ မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ ။ မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ ဆိုတော့ ဘာတွေများ ဖြစ်မလဲ။ စိတ်ဖိစီးမှု စိတ်ဖိစီးတာ ကြာရှည်လာရင် ခန္ဓာကိုယ်မှာ ထွက်လာတတ်တဲ့ cortisol ဟော်မုန်းကြောင့် အစားတွေ ပိုစားမိတတ်တယ်။ စိတ်ဖိစီးမှုက အမြဲလက်တကမ်းမှာရှိနေတယ်ဆိုရင် အဲ့ဟော်မုန်းက မြင့်တက်နေပြီး သရေစာတွေပဲဖြစ်ဖြစ် တောက်လျှောက်စားနေမိမှာပဲ။ အားမရှိလို့ ကိုယ်က လုံလုံလောက်လောက် အနားမယူတဲ့အခါ ဆာလောင်မှုကို […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Binge Eating Disorder (အစားလွန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Binge Eating Disorder (အစားလွန်ရောဂါ) ကဘာလဲ။ အစားလွန်ရောဂါ (Binge eating disorder) ဆိုတာ အစားစားတာကို မထိန်းနိုင်တဲ့ အပြုအမူအလေ့အထကို ခေါ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် အစားစားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့သလို ခံစားရမယ်၊ နေ့ရှိသရွေ့ အစားစားဖို့ပဲ အာရုံရောက်နေမယ်၊ ဘယ်သူမှမသိအောင် ကျိတ်စားမယ်၊ ငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့စဉ်ဘ၀ ဒါမှမဟုတ် စိတ်ဖီးစီးစရာကောင်းတဲ့ နေ့စဉ်ဘဝကနေ လွတ်မြောက်ဖို့ရည်ရွယ်ပြီး အစားစားပေမယ့် သင်ခံစားနေရတာတွေ မပျောက်ဘဲဖြစ်နေမယ် ဆိုရင်တော့ ဒါဟာ အစားလွန်ရောဂါရဲ့ လက္ခဏာတွေလို့ ဆိုနိုင်ပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ အစားလွန်ရောဂါဟာ အလွန်အဖြစ်များပါတယ်။ လူတွေဟာ တစ်သက်မှာ တစ်ချိန်မဟုတ်တစ်ချိန် ဒီရောဂါရလာနိုင်ပါတယ်။ ဒါပေမယ့် ရောဂါရှိလို့ရှိနေမှန်း စောစောသတိမထားမိကြဘဲ အဝလွန်ခြင်းလို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာမှသာ သတိထားမိတတ်ကြပါတယ်။ Binge Eating Disorder (အစားလွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Eating Disorders (အစားအသောက်မူမမှန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eating Disorders (အစားအသောက်မူမမှန်ခြင်း) ကဘာလဲ။ အစားအသောက်မူမမှန်ခြင်းဆိုတာ အစားအသောက်ုပုံမှန်မစားခြင်း နှင့် ခန္ဓါကိုယ်ပုံစံအလေးချိန်အပေါ် စိတ်ဖိစီးမှုများခြင်းကြောင့်ဖြစ်လာသော ဖျားနာမှုတစ်ခုဖြစ်သည်။ များသောအားဖြင့် သင့် ခန္ဓါကိုယ်အလေးချိန် ပုံသန္ဏန် အစားအသောက်တို့အပေါ် အလေးအနက်အရမ်းထားခြင်း ကြောင့်ဖြစ်တတ်ပြီး အန္ဓါရယ်များသောအစားအသောက်ပုံစံကိုဖြစ်စေသည်။ ခန္ဓါကိုယ်အတွက် လုံလောက်သော အာဟာရကိုမရနိုင်ပဲဖြစ်တတ်သည်။ အဖြစ်များဆုံးပုံစံမှာ အေနိုရက်စီးယားနာဖိုစာ၊ ဗျူလီးမီးရား နာဖိုစာ နှင့် အစားအသောက်များလွန်းခြင်းတို့ဖြစ်သည်။ အစားအသောက်မူမမှန်ခြင်းသည် နောက်ဆက်တွဲပြသာနာများစွာကိုဖြစ်စေနိုင်သည်။ အချို့က အသက်အန္ဓါရယ်ရှိနိုင်သည်။ အစားအသောက်မူမမှန်ခြင်းပြင်းထန်လေလေ သို့မဟုတ် ရောဂါကြာရှည်လေလေ ပိုပြင်းထန်သောနောက်ဆက်တွဲ ဥပမာ ရောဂါဆိုင်ရာပြသာနာများ စိတ်ဓါတ်ကျခြင်း နှင့် ဒေါသထွက်လွယ်ခြင်း သတ်သေလိုသောအတွေး သို့မဟုတ် အပြုအမူများဖြစ်ခြင်း ကြီးထွားဖွံဖြိုးမှုဆိုင်ရာပြသာနာများဖြစ်ခြင်း ပတ်ဝန်းကျင်နှင့် ဆက်စပ်မှုဆိုင်ရာပြသာနာများ ဆေးစွဲခြင်း အလုပ်နှင့် ကျောင်းတွင် ပြသာနာများဖြစ်ခြင်း သေခြင်း ထိဖြစ်တတ်သည်။ Eating Disorders (အစားအသောက်မူမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ဆယ်ကျော်သက်နှင့် ငယ်သောမိန်းကလေးများသည် ယောက်ျားလေးများထက်ပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEating Disorders […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Anorexia Nervosa

အဓိပ္ပါယ်ဖွင့်ဆိုချက်Anorexia Nervosa ကဘာလဲ။ Anorexia nervosa ဆိုတာ အသက်အရွယ်၊ အရပ်အမောင်းနဲ့ မလိုက်ဖက်အောင် နည်းလွန်းသော ကိုယ်အလေးချိန်ရှိနေစေတဲ့ စားသောက်မှုဆိုင်ရာ ပြဿနာတစ်မျိုး ဖြစ်ပါတယ်။ ဒီစိတ်ရောဂါရှိနေသူတွေဟာ ကိုယ်အလေးချိန်အလွန်နည်းနေသော်လည်း မိမိကိုယ်အလေးချိန်အပေါ် အထင်အမြင်မှားမှုရှိနေပြီး ဝလာမှာ အလွန်ကြောက်နေကြပါတယ်။ သူတို့ဟာ ပိန်အောင် အစားလျှော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အခြားနည်းလမ်းများ ဥပမာ ဝမ်းနှုတ်ခြင်း၊ အန်အောင်လုပ်ခြင်းတို့ကို အလွန်အကျွံလုပ်တတ်ကြပါတယ်။ Anorexia Nervosa က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ ဆယ်ကျော်သက်မတိုင်မီ/ ဆယ်ကျော်သက်/လူငယ်အရွယ်တွေမှာ စဖြစ်တတ်ပါတယ်။ မကုသဘဲထားလျှင် ကိုယ်အလေးချိန်အလွန်နည်းပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAnorexia Nervosa ရဲ့လက္ခဏာတွေကဘာတွေလဲ Anorexia nervosa ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေသော်လည်း ဝမှာ ဝိတ်တက်မှာ အလွန်ကြောက်နေခြင်း အန်အောင်ပြုလုပ်ခြင်း ဆီးသွားအောင် ဆီးဆေးသောက်ခြင်း၊ အန်အောင် ဝမ်းနှုတ်ဆေးသောက်ခြင်း ပိန်ဆေးများသောက်ခြင်း အစာမစားခြင်း၊ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကဘာလဲ။ ညတွင်အလွန်အကျူးစားသောက်ခြင်း နှင့် အတူ အိပ်ပျော်ရန်ခက်ခဲခြင်းတို့ကိုဆိုလိုသည်။ ယခုရောဂါစုနှင့်အတူ ညစာနောက်ပိုင်းတွင် အလွန်အကျူးစားသောက်ခြင်း၊အိပ်မပျော်ခြင်း၊နှင့် တရေးနိုးသောအခါ ထစားသောက်ခြင်းတို့လည်းပါဝင်သည်။ Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ ညတွင်အစားလွန်ခြင်း ရောဂါစုသည် လူတစ်ရာတွင် တယောက်ထက်ပို၍ဖြစ်ပွားလေ့ရှိသည်။ အကယ်၍ ဝဖိုင့်သူဖြစ်ပါက ဆယ်ပုံ တစ်ပုံဖြစ်နိုင်ချေရှိနေသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်နှင့်တွေ့ဆုံ ပြသပါ။ လက္ခဏာများNight eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ညတွင်အစားလွန်ခြင်း ရောဂါစု ရှိပါက ညစာစားပြီးနောက်ပိုင်းတွင်လည်း ထပ်မံ၍တနေ့တာပုံမှန်စားသောက်နေကျ ကယ်လိုရီ၏ လေးပုံတစ်ပုံကို စားသောက်လေ့ရှိသည်။ တစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ်ခန့်ညအိပ်နေရာမှ ထ၍စားသောက်လေ့ရှိတတ်သည်။ အနည်းဆုံး အောက်ပါအချက်သုံးချက်နှင့်လည်း ကိုက်ညီနေတတ်သည်။ မနက်တွင်အစာစားချင်စိတ်မရှိခြင်း ညစာနှင့် ညအိပ်ချိန်ကြားတွင်သာ ဗိုက်ဆာခြင်း၊အစာစားရန်စိတ်အားထက်သန်နေခြင်း တစ်ပတ်တွင် 4 ၊5 ည လောက် ညအိပ်မပျော်ခြင်း အစာစားမှ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းရဲ့ အမှန်တရား

တချို့လူတွေက အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းဟာ ကိုယ်ခန္ဓာထဲမှာ အာဟာရဓာတ်တွေ ပြတ်လတ်နေတာကြောင့်လို့ ထင်ကြတယ်။ အံ့အားသင့်စရာကောင်းတာက ဒီအဆိုဟာအမှန်ဖြစ်တယ်လို့ ထောက်ခံစရာအချက်ကို သုတေသနပညာရှင်တွေက မတွေ့ခဲ့ကြပါဘူး။ တချို့တွေကတော့ အစားအသောက်ကို အလွန်အကြူးစားနေခြင်းဟာ မိမိနှစ်သက်တဲ့အစားအသောက်တွေကို လိုတာထပ်ပိုစားနေတာလို့ ပြောကြတယ်။ ဒါကရော မှန်ရဲ့လား။ အစားအသောက်ကို အလွန်အကြူးစားခြင်းဆိုတာ ဘာလဲ။ ဘာကိုဆိုလိုတာလဲ။ လေ့လာမှုတွေအရ ဦးနှောက်မှာရှိတဲ့ ( Insula, hippocampus, caudate) နေရာတွေက အစားအသောက်ကို အလွန်အကြူးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ကိုယ်ထဲမှာ တချို့သောအာဟာရ (ဥပမာ- ဗီတာမင်ဘီ၁၂ ၊ ကယ်စီယံဓာတ်) ချို့တဲ့ရင်လည်း အလွန်အကြူးစားခြင်းကို ဖြစ်စေတယ်။ စိတ်ဖိစီးမှုများတဲ့လူတွေက သကြားကို အလွန်စားကြတယ်။ တချို့သုတေသန ပညာရှင်တွေကတော့ ချောကလက်နဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေဟာ ဦးနှောက်ထဲမှာ endophine ကို ထုတ်ပေးတယ်လို့ ပြောကြတယ်။ ဒီဓာတ်က သင့်စိတ်ဓာတ်ကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်