Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း) ဆိုတာဘာလဲ။

Choledocholithiasis ဟာ သည်းခြေ ပြွန်အတွင်း ကျောက်တည်ခြင်းကို ဆိုလိုပြီး common bile duct မှာ အနည်းဆုံး သည်းခြေကျောက် တစ်လုံးရှိခြင်း ဖြစ်ပါတယ်။ ကျောက်တွေဟာ bile pigments သို့ calcium နဲ့ ကိုလက်စထရော ဆားတွေပါဝင်ပါတယ်။

Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Choledocholithiasis ဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Choledocholithiasis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

· ဝမ်းဗိုက်အပေါ်ပိုင်း၊ အလယ် အပေါ်ပိုင်းမှာ ဗိုက်နာခြင်း

· အဖျားတက်ခြင်း

· အသားဝါးခြင်း၊ မျက်လုံးဝါခြင်း

· အစားအသောက်ပျက်ခြင်း

· ပျို့အန်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း) ဖြစ်ပွားစေသလဲ။

သည်းခြေကျောက် နှစ်မျိုးရှိပါတယ်။ ကိုလက်စထရော ကျောက်နဲ့ Pigment ကျောက်တွေပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက ကိုလက်စထရောကျောက်တွေဟာ ကော်လက်စထရော (သို့) bilirubin များခြင်း (သို့) bile salt နည်းခြင်း ကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။

ဘယ်အရာတွေက Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Choledocholithiasis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • သည်းခြေကျောက် ဖြစ်ဖူးခြင်း၊ သည်းခြေအိတ် ရောဂါဖြစ်ဖူးခြင်း
  • အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ ကြာရှည်စွာ အစာမစားပဲနေခြင်း
  • မျိုးရိုးဗီဇ – အသက် ၄၀ ကျော်၊ အမျိုးသမီးဖြစ်ခြင်း၊ မျိုးရိုး (American Indians, Mexican Americans)၊ မျိုးရိုးဗီဇ

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

တကယ်လို့ လက္ခဏာတွေ ရှိမယ်ဆိုရင် ဆရာဝန်က common bile duct မှာ ကျောက်တည်ခြင်းရှိမရှိကို အောက်ပါ စစ်ဆေးမှုတွေ ပြုလုပ်ပြီး စစ်ဆေးနိုင်ပါတယ်။

• Transabdominal ultrasound (TUS);

• Abdominal CT scan;

• Endoscopic ultrasound (EUS);

• Endoscopic retrograde cholangiography (ERCP): Magnetic resonance cholangiopancreatography (MRCP);

• Percutaneous transhepatic cholangiogram (PTCA).

သွေးစစ်ဆေးမှုပြုလုပ်ခြင်းကို ရောဂါပိုးဝင်ခြင်းကို ရှာဖွေဖို့နဲ့ အသည်းနဲ့ Pancreas လုပ်ငန်းဆောင်တာတွေကို စစ်ဆေးဖို့ ပြုလုပ်ပြီး complete blood count, bilirubin test, pancreatic enzymes test, liver function tests တွေပါဝင်ပါတယ်။

Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း) ကို ဘယ်လိုကုသလဲ။

ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပိတ်ဆို့မှု သက်သာစေဖို့ပဲဖြစ်ပါတယ်။

ကုသမှုတွေကတော့

  • သည်းခြေအိတ်နဲ့ ကျောက်ကို ခွဲစိတ်ဖယ်ရှားခြင်း
  • Spincterotomy လို့ ခေါ်တဲ့ လုပ်ဆောင်မှုနဲ့ ERCP ပြုလုပ်ပြီး common bile duct ကြွက်သားကို လှီးပြီး ကျောက်တွေကို ထွက်သွားစေခြင်း၊ ဖယ်ရှားခြင်း တို့ပဲဖြစ်ပါတယ်

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Choledocholithiasis (သည်းခြေပြွန် ကျောက်တည်ခြင်း) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Choledocholithiasis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • အမျှင်ဓါတ်များတဲ့ အစားအသောက်တွေကို စားသုံးခြင်း
  • Trans-fatty acid foods တွေကို ရှောင်ကျဉ်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 6, 2017

ရင်းမြစ်များ