အသည်းခြောက် တယ် အသည်းခြောက်တယ်လို့ ပြောလိုက်ရင် အရက်ကြောင့်လို့ပဲ ထင်ကြပါတယ်။ ဒါဟာ မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ အသည်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက ထိပ်ဆုံးမှာ ရှိနေလို့ပါပဲ။ ဒါပေမယ့် တစ်ခါမှ အရက်မသောက်တဲ့သူတွေလည်း အသည်းခြောက်နိုင်ပါတယ်။ တစ်ခါတစ်လေ မိန်းကလေး ငယ်ငယ်လေး ရုတ်တရက် ဆုံးသွားတယ်။ ဘာကြောင့်လဲလို့ မေးတော့ အသည်းခြောက်တာလို့ ပြောလိုက်ရင် ‘ဟယ် ဒီကောင်မလေး အရက်လည်း မသောက်ပဲနဲ့’ လို့ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အရက်မသောက်လည်း အသည်းခြောက်နိုင်တဲ့ နည်းလမ်းတွေမှ အများကြီးပါပဲ။ ဒါလေးတွေကို ပြောပြပေးပါ့မယ်။