ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာတွေနဲ့ အမာရွတ်မကျန်ခွဲစိတ်ကုထုံး

ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါးကို ပိုင်ဆိုင်ထားချင်ကြတာ ယောက်ျားလေး၊ မိန်းကလေး အရွယ်မရွေးပါပဲ။ ဒါပေမယ့် မဖြစ်မနေရင်ဆိုင်လာရတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ရောဂါတွေကို ငြင်းဆန်လို့မှမရတာလေ။ အခုနောက်ပိုင်းမှာဆိုရင် ကင်ဆာဆိုတဲ့စကားလုံးက လူတွေနဲ့သိပ်မစိမ်းတော့သလို အဖြစ်များလာတဲ့ ကင်ဆာအမျိုးအစားလည်း တိုးလာပါတယ်။ ကံကောင်းတာတစ်ခုက ခေတ်မီဆေးပညာကုထုံးတွေနဲ့ ကုသရေးဝန်ဆောင်မှုကောင်းတဲ့ဆေးရုံ၊ဆေးခန်းတွေပေါ်ထွက်လာတာကြောင့် ပြန်လည်ကျန်းမာလာပြီး သက်တမ်းစေ့နေထိုင်သွားနိုင်သူတွေတောင်ရှိပါတယ်။ ဒါဆို ကင်ဆာလို့တွေးလိုက်တာနဲ့ လေဒီတို့အတွေးမှာ ဘယ်ကင်ဆာအမျိုးအစားကိုအရင်ပြေးမြင်မိမလဲ။ ရင်သားကင်ဆာနဲ့ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာတွေပါပဲ။ နောက်ထပ်ရော ဘာတွေရှိဦးမလဲ ဆက်ကြည့်ရအောင်... မိန်းကလေးတွေမှာအဖြစ်များကြတဲ့ ကင်ဆာတွေက - ရင်သားကင်ဆာ မိန်းကလေးတွေအားလုံးဟာ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ သိထားသင့်တယ်၊ လေ့လာထားသင့်တယ်။ ကိုယ့်ရင်သားမှာ တစ်ခုခုထူးခြားတာ၊ အရင်နဲ့မတူတာ သတိထားမိရင်၊ ခံစားမိရင် အမြန်ဆုံးစမ်းသပ်စစ်ဆေးမှုခံယူဖို့လိုပါတယ်။ မိသားစုမျိုးရိုး၊ မျိုးဗီဇသန္ဓေပြောင်းခြင်း ဒါမှမဟုတ် တခြားအကြောင်းရင်းခံတွေကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာအန္တရာယ်ပိုများနေနိုင်ပါတယ်။ သားအိမ်ကင်ဆာ ပျိုဖော်ဝင်ချိန်စောတာ၊ သွေးဆုံးနောက်ကျတာ၊ ကလေးမရနိုင်ခဲ့တာ စတဲ့အကြောင်းရင်းခံတွေကြောင့် သားအိမ်ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ပိုများနိုင်ပါတယ်။ မိသားစုထဲမှာ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာဖြစ်ဖူးသူရှိတဲ့ အမျိုးသမီးတွေ၊ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ်

မိန်းကလေးတွေ အတွက် အကြောက်ရဆုံး ရောဂါတွေထဲမှာ ရင်သားကင်ဆာ က ထိပ်ဆုံးက ပါဝင်နေတာ သိကြပြီး ဖြစ်မှာပါ။ ဟိုးအရင်က ကင်ဆာ ဆိုတာ လူတစ်ရာမှာ နှစ်ယောက်လောက်ပဲ ဖြစ်တာ တွေ့ရတဲ့အထိ ကြားရခဲတဲ့ ဝေါဟာရပါနော်။ ခုများတော့ ကိုယ်သိကျွမ်းတဲ့လူတွေထဲ အကောင်းကြီး ကနေ ကင်ဆာတဲ့ ဆိုပြီး ရုတ်တရက် သိလိုက်ရတာတွေ အများကြီးကို တွေ့နေရပါတယ်။ ကင်ဆာဖြစ်ပွားမှုမှာ နိုင်ငံတကာကို မီလာခဲ့တဲ့ အဖြစ်ပါပဲ။ ရင်သားကင်ဆာ ဆိုတာ မျိုးဗီဇကြောင့် ဖြစ်ရတာကလွဲလို့ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ် ဆိုရင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ် ရင်သားကင်ဆာ မဖြစ်စေဖို့ ဆိုရင် အရင်ဆုံး - အစားအသောက်ကို ဟန်ချက်ညှိပါ အစားအသောက်ကြောင့် […]


ရင်သားကင်ဆာ

အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော်

အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော် ..... ဒီလို ပြောလို့ ဟုတ်ပါ့မလားလို့ တွေးနေပြီလား လေဒီတို့ရေ။ ဝလို့ လှတာ မှန်ပေမယ့် ဝတဲ့ နောက်ကွယ်မှာ ချစ်စရာ ကောင်းတာ တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူးနော်။ ဝနေခြင်းရဲ့ နောက်ကွယ်မှာ ရောဂါ အန္တရာယ်တွေ ပေါင်းစုံ ရှိနေပါတယ်။ လူကို ဒုက္ခပေးနိုင်တဲ့ အဖြစ်များဆုံး အန္တရာယ်ကြီးတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေဆို ဝတဲ့သူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီတစ်ခါလည်း အဖြစ်များတဲ့ ရင်သားကင်ဆာ နဲ့ပတ်သက်ပြီး သတိပေးဖို့ ရည်ရွယ်ထားတာမို့ ဆက်ပြီးဖတ်ကြည့်ပေးပါဦး။ အဝမလွန်စေနဲ့...ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်နော် ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ တချို့က အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လို ကိုယ့်ရဲ့ အမူအကျင့်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ လှုပ်ရှားမှုနည်းတယ်လား ပုံမှန် လှုပ်ရှားမှု မရှိတဲ့ သူတွေ၊ […]


အခြားကင်ဆာများ

ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် နေ့တိုင်းစားပေးသင့်တဲ့ အစားအစာအချို့

ရောဂါဆိုတာမျိုးက မဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးပါ။ရောဂါကို ကာကွယ်ဖို့ အစားအသောက်တွေနဲ့ကာကွယ်လို့ရသလိုနေထိုင်မှုပုံစံပြောင်းလဲမှုကနေလည်း ကင်ဆာကို ကာကွယ်လို့ရပါတယ်။ ကင်ဆာကို ကာကွယ်မှုက အပြည့်အဝကာကွယ်ပေးနိုင်တယ်လို့ မဆိုသာပေမယ့် ကာကွယ်ထားတာကတော့ ပိုကောင်းမှာပါ။ ဒီတော့ ကင်ဆာကာကွယ်ဖို့ဘာတွေစားကြမလဲ ဆက်ကြည့်လိုက်ရအောင်လား.......... ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် ဘာတွေစားရမလဲ.................. ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာဒီအစားအစာတွေကို ထည့်စားပေးသင့်ပါတယ်။ ပန်းသီး ပန်းသီးမှာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေရှိနေပါတယ်။ ဒါ့အပြင် ပန်းသီးစားသုံးပေးမှုက နာကျင်ရောင်ရမ်းမှု၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မခံစားရအောင် ကာကွယ်ပေးနိုင်မှာပါ။ ပန်းသီးမှာပါတဲ့ polyphenolsဒြပ်ပေါင်းက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးစားသုံးပေးမှုက ရင်သားကင်ဆာကို အထိရောက်ဆုံးကာကွယ်ရာရောက်မှာပါ။ ဘယ်ရီသီး ဘယ်ရီသီးမှာ ဗီတာမင်၊သတ္တုဓါတ်တွေနဲ့အမျှင်ဓါတ်တွေအပြင် ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေပြီး ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အစာရေမျိုကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ ပန်းဂေါ်ဖီအပြင် […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

လျှာကင်ဆာအကြောင်း တစေ့တစောင်း

ကင်ဆာဆိုတာက ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ကုသပျောက်ကင်းဖို့ ခက်သလို အသက်အန္တရာယ်လည်းစိုးရိမ်ရနိုင်ပါတယ်။ ဒီလိုပါပဲ ခံတွင်းမှာလည်း ကင်ဆာဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခံတွင်းထဲမှာဖြစ်တဲ့ ကင်ဆာတွေထဲကတစ်ခုဖြစ်တဲ့ လျှာကင်ဆာအကြောင်း ပြောပြပေးချင်ပါတယ်။ လျှာကင်ဆာ က တကယ်ရောရှိလို့လားလို့တွေးနေတယ်ဆိုရင် ဒီဆောင်းပါးလေးကသေသေချာချာရှင်းပြပေးနိုင်မှာပါ။ လျှာကင်ဆာအကြောင်း လျှာကင်ဆာအကြောင်း ပြောမယ်ဆိုတော့ အရင်ဆုံး ပြောချင်တာက လျှာကင်ဆာ ဆိုတာက ခံတွင်းမှာဖြစ်တတ်တဲ့ ကင်ဆာတစ်မျိုးပေါ့။ ဆဲလ်တွေက ထိန်းချုပ်လို့မရတဲ့ အခြေအနေတစ်ခုအထိ ကွဲထွက်ရာကနေ အကျိတ်တွေဖြစ်လာတတ်တဲ့ ကင်ဆာတစ်မျိုးပါ။ ဒီကင်ဆာက လျှာအရှေ့ပိုင်း၊ လျှာအဖျားမှာဖြစ်တတ်သလို လျှာအနောက်ပိုင်း (လည်ချောင်းနဲ့ဆက်နေတဲ့နေရာ) မှာလည်းဖြစ်နိုင်ပါတယ်။လျှာအရှေ့ပိုင်းမှာ ကင်ဆာဖြစ်တဲ့အခါ စကားပြောရခက်ခဲပြီး လျှာအနောက်ပိုင်းမှာ လျှာကင်ဆာဖြစ်မယ်ဆိုရင် အစားအစာမျိုချရခက်ခဲနိုင်ပါတယ်။ လျှာကင်ဆာကဖြစ်ခါစမှာ သတိပြုမိခဲကြပြီး လည်ချောင်းထဲက ပြန်ရည်ကျိတ်တွေဆီ ကင်ဆာဆဲလ်တွေ ကူးစက်လာချိန်မှ ကင်ဆာခံစားနေရပြီဆိုတာကို သိတတ်ကြပါတယ်။ လျှာကင်ဆာက လူကြီးတွေမှာပဲဖြစ်တာလား.... လျှာကင်ဆာက ကလေးတွေမှာဖြစ်ခဲပြီး အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ […]


အူမကြီးကင်ဆာ

Colostomy ဖောက်ထားတဲ့သူတိုင်း ဒါတွေ သိထားသင့်တယ်နော်။

အူမကြီးကင်ဆာဖြစ်နေတဲ့သူတိုင်း Colostomy ( အူအပေါက်ဖောက်) တဲ့ကုသခြင်းကို သိကြမှာပါ ။ အူမကြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဆိုရင် စအိုပေါက်ကိုပိတ်၊ ဗိုက်မှာ အပေါက်လေးဖောက်ပြီး အိတ်လေးနဲ့ အူကို အပြင်ထုတ်ထားတဲ့ colostomy ကုသနည်းဟာ အူမကြီးကင်ဆာနောက်ဆုံး အဆင့်သမားတွေအတွက် တကယ်ကို အရေးပါတဲ့ကုသနည်းပါ။ ဒီတော့ အူမကြီးကင်ဆာလည်းဖြစ်နေတယ် colostomy လည်းဖောက်ရမယ်ဆိုရင် ဒီအချက်တွေသိထားသင့်ပါတယ်။ ( ၁ ) ခွဲစိတ်မှု နောက်ဆုံးအဆင့်ရောက်နေတဲ့ အူမကြီးကင်ဆာဆိုရင် အချိန်သိပ်မဆွဲတော့ဘဲ ခွဲစိတ်မှု ချက်ချင်းလုပ်တာများပါတယ်။ ခွဲစိတ်မှုမလုပ်ခင် အူသန့်ရှင်းအောင် ဆရာဝန်တွေက ဆောင်ရွက်ပေးမှာဖြစ်ပြီး ခွဲစိတ်ပြီးနောက်ပိုင်း အနာသက်သာအောင်လည်း ဆေးတွေသောက်ရမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ရက်အနည်းငယ်လောက် အနားယူရမှာဖြစ်ပြီး နောက်ပိုင်းမှာ လမ်းကို ဖြည်းဖြည်းချင်းပြန်ထလျှောက်ပေးရမှာဖြစ်ပါတယ်။ ( ၂ ) Colostomy ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ ။ အသုံးများတဲ့ Colostomy ကတော့ 2-pouch system […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဘာတွေစားလို့ ဘာတွေရှောင်ကြမလဲ

ရင်သားကင်ဆာ က အခုနောက်ပိုင်းအမျိုးသမီးတော်တော်များများမှာ ခံစားလာရတဲ့ဝေဒနာတစ်ခုပါ။ ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တော်လေးများပါတယ်။ရောဂါတော်တော်များများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ........ ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ အသက်အရွယ် မျိုးရိုရှိတာ အမျိုးသား၊အမျိုးသမီးဖြစ်တည်မှု နေထိုင်စားသေက်မှုပုံစံတွေ ကိုယ်လက်လှုပ်ရှားမှုနည်းတာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ ဆေးလိပ်သောက်တာ အရက်သောက်သုံးတာဆိုပြီး အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒီအချက်တွေထဲမှာမှ နေ့စဉ် စားသောက်နေထိုင်မှုက ရင်သားကင်ဆာ ခံစားရနိုင်ခြေအပေါ် သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိနေတယ်လို့လေ့လာမှုတွေအရသိရှိရပါတယ်။ ရင်သားကင်ဆာ ကာကွယ်ဖို့ လိုက်နာသင့်တဲ့စားသောက်မှုပုံစံ ရင်သားကင်ဆာက မတူညီတဲ့နေရာတွေကနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နေထိုင်စားသောက်မှုကို ဂရုစိုက်တာပါပဲ။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုက ရင်သားကင်ဆာကို […]


အသည်းကင်ဆာ

သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ်

သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ် ဆိုတာ သိပြီးပြီလား ..... တစ်နေ့နှစ်ကြိမ် သွားတိုက်ဖြစ်ရဲ့လား။ မတိုက်ဖြစ်ဘူးဆိုရင်တော့ ဒီနေ့ကစပြီး သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူလိုက်ပါနော်။ သွားနဲ့ခံတွင်း သန့်ရှင်းမှုက သင်ထင်မထားလောက်အောင်ကို တာသွားတာပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်လား......... သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ် သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ် လို့ ပြောရတာက သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်မှုက ခန္ဓာကိုယ်ကို ကျန်းမာနေစေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ ခံတွင်းက ခန္ဓာကိုယ်ရဲ့ ဝင်ပေါက်ပါ။ ခံတွင်းကျန်းမာရေးကိုသာ သေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးတွေပဲ ဖြစ်လာမှာပါ။ သွားတွေကိုက်မယ်၊ သွားဖုံးကနေ သွေးထွက်မယ်၊ ခံတွင်းနံ့ဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှု အားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။ ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားလာပြီး သွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် […]


အဆုတ်ကင်ဆာ

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆေးလိပ်က အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို မြင့်တက်စေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဆေးလိပ်က အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းဖြစ်စေတတ်တယ်ဆိုပေမယ့် အဆုတ်ကင်ဆာဖြစ်သူတိုင်းက ဆေးလိပ် သောက်တတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ ဆေးလိပ်ကြောင့် မဟုတ်ဘဲ အဆုတ်ကင်ဆာဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေ အများကြီးရှိပါသေးတယ်။ ။ ခုနောက်ပိုင်းမှာ ဆေးလိပ်သောက်တဲ့သူတွေအပြင် ဆေးလိပ်မသောက်တဲ့အခြားသူတွေမှာပါ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့လူ ၂၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်မသောက်တဲ့သူတွေပါ။ ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်လား။ အဆုတ်ကင်ဆာ ၃ မျိုးရှိပါတယ် Squamous cell lung cancers- ဆေးလိပ်သောက်သူတွေမှာ အတွေ့ရများတဲ့ အဆုတ်ကင်ဆာ Adenocarcinomas - ဆေးလိပ်မသောက်သူတွေမှာ […]


အခြားကင်ဆာများ

အချိန်အကန့်အသတ်နဲ့ အစာစားတာက ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်

အစားအစာက လူနဲ့တည့်ပါတယ်။ ဒါကြောင့်ဆိုပြီး အစားအစာကို အချိန်တိုင်းစားနေဖို့ကမဖြစ်ပြန်ပါဘူး။ အစားအစာဆိုတာက အချိန်အခါနဲ့ကိုက်ညီအောင်စားတတ်မှလည်း အာဟာရလည်းဖြစ်ပြီး ခန္ဓါကိုယ်ကို ထိခိုက်မှုမဖြစ်စေမှာပါ။ အစားတသွတ်သွတ်စားနေခြင်းက ကျန်းမာရေးကိုရော အလှအပကိုပါ ထိခိုက်စနိုင်တာပါနော်။ အမြဲလိုလိုအစားတွေစားနေမယ်ဆိုရင် အရင်ဆုံးဖြစ်လာမှာက ကိုယ်အလေးချိန်တက်လာမယ်။ ဒီကနေတဆင့် ထပ်စားမယ်ဆိုရင် အဝလွန်လာမယ်။ အဝလွန်တာကနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်နော်။အဝလွန်တာက ကင်ဆြာဖစ်နိုင်ခြေကိုတိုးစေနိုင်တာကြောင့် ကယ်လ်လိုရီစားသုံးမှုကိုလျှော့ချပြီး ကင်ဆာကာကွယ်ကြဖို့ ဆရာဝန်တွေက အကြံပြုထားတာမျိုးတွေရှိပါတယ်။ မကြာသေးခင်ကလေ့လာမှုတွေအတွင်း သိရှိခဲ့ရတာတစ်ခုက အချိန်အကန့်အသတ်အတိအကျနဲ့ အစား စားသောက်တာနဲ့ ကယ်လ်လိုရီတတ်နိုင်သမျှလျှော့စားတာက ကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေတယ်ဆိုတဲ့ အချက်ပါ။ အစားအစာတွေကို အချိန်အတိအကျနဲ့မစားဘဲ တစ်ချိန်လုံးစားနေမယ်၊ အဆီနဲ့ကယ်လ်လိုရီများတဲ့အစားအစာတွေကို စားသုံးနေမယ်ဆိုရင် အဝလွန်လာပြီးနောက်ဆက်တွဲအနေနဲ့ ကင်ဆာရောဂါကိုခံစားလာရနိုင်ပါတယ်။ အဝလွန်တာက ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်၊လို့ မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရသိရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အဝလွန်တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ အစားအစာကို အချိန်အကန့်အသတ်နဲ့စားမယ် လူတစ်ယောက်အနေနဲ့ အမြဲကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာမှာ အစားအသောက်ကို အချိန်အတိုင်းအတာတစ်ခုသတ်မှတ်လို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း