လေ့လာမှုတွေအရ ဝိုင်၊ ဘီယာ ဒါမှမဟုတ် အရက်တစ်ခုခုကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ အယ်လ်ကိုဟောမသောက်တဲ့သူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများပါတယ်။ လုံးဝမရှောင်နိုင်ရင်တောင် တစ်နေ့ကို တစ်ခွက်ထက်ပိုမသောက်သင့်ပါဘူးလို့ ပညာရှင်တွေကသတိပေးပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါလိမ့်မယ်။
ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းထားမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်များတဲ့သူတွေ ဒါမှမဟုတ် အဝလွန်သူတွေမှာ ဖြစ်နိုင်တဲ့အန္တရာယ်ပိုများပါတယ်။ သွေးဆုံးထားတဲ့အမျိုးသမီးတွေအတွက် ဒီအချက်ကပိုအရေးကြီးပါလိမ့်မယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။