backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဘာတွေစားလို့ ဘာတွေရှောင်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဘာတွေစားလို့ ဘာတွေရှောင်ကြမလဲ

ရင်သားကင်ဆာ က အခုနောက်ပိုင်းအမျိုးသမီးတော်တော်များများမှာ ခံစားလာရတဲ့ဝေဒနာတစ်ခုပါ။ ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တော်လေးများပါတယ်။ရောဂါတော်တော်များများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ……..

ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။

  • အသက်အရွယ်
  • မျိုးရိုရှိတာ
  • အမျိုးသား၊အမျိုးသမီးဖြစ်တည်မှု
  • နေထိုင်စားသေက်မှုပုံစံတွေ
  • ကိုယ်လက်လှုပ်ရှားမှုနည်းတာ
  • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ
  • ဆေးလိပ်သောက်တာ
  • အရက်သောက်သုံးတာဆိုပြီး အမျိုးမျိုးရှိနေနိုင်ပါတယ်။

ဒီအချက်တွေထဲမှာမှ နေ့စဉ် စားသောက်နေထိုင်မှုက ရင်သားကင်ဆာ ခံစားရနိုင်ခြေအပေါ် သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိနေတယ်လို့လေ့လာမှုတွေအရသိရှိရပါတယ်။

ရင်သားကင်ဆာ ကာကွယ်ဖို့ လိုက်နာသင့်တဲ့စားသောက်မှုပုံစံ

ရင်သားကင်ဆာက မတူညီတဲ့နေရာတွေကနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နေထိုင်စားသောက်မှုကို ဂရုစိုက်တာပါပဲ။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုက ရင်သားကင်ဆာကို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ ထိရောက်မှုရှိပါတယ်။

ရင်သားကင်ဆာ မဖြစ်အောင် ဘာတွေစားမလဲ…….

ရင်သားကင်ဆာကာကွယ်ချင်တယ်ဆိုရင်တော့ နေ့စဉ်စားသောက်မှုထဲမှာ

ဒါတွေကိုတော့ တတ်နိုင်သမျှရှောင်ပါ

အယ်လ်ကိုဟော

အယ်လ်ကိုဟော ပုံမှန်လိုလို သောက်သုံးနေမယ်ဆိုရင်တော့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေတိုးလာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အယ်လ်ကိုဟောသောက်သုံးမှုက အက်စထရိုဂျင် ပမာဏကို တိုးစေနိုင်သလို ဆဲလ်DNA တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။ လေဒီလေးတို့အနေနဲ့ တစ်ပတ်ကို ၃ ယူနစ်လောက်အထိ အယ်လ်ကိုဟောကို သောက်သုံးနေမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေက ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းလောက် တိုးစေမှာပါ။

သကြား

သကြားစားသုံးမှုများတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေတဲ့ အချက်တစ်ခုပေါ့။ အဓိက အချိုတွေက ရေရှည်မှာ အဝလွန်စေလို့ပါ။ ဒါကြောင့် အချိုရည်တွေ သောက်သုံးတာ၊ သကြားအများကြီးစားတာမျိုးမလုပ်သင့်ပါဘူး။နေ့စဉ် သကြားစားသုံးမှုကို လျှော့တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရာရောက်ပါတယ်။

ပြုပြင်ထားတဲ့ အစားအသောက်

ပြုပြင်ထားတဲ့ အစားအသောက်တွေမှာပါတဲ့ အဆီတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးမှုမှာ ပြုပြင်ထားတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။ ဆီကြော်စာတွေကိုလည်း အများကြီးမစားမိဖို့ သတိပြုပါ။

အနီရောင်အသားတွေ

အနီရောင်အသားတွေကလည်း ရင်သားကင်ဆာဖြစ်စေဖို့ အများကြီးတွန်းအားပေးနေပါတယ်။ ဒါကြောင့် ရင်သားကင်ဆာ ကာကွယ်ချင်တယ်ဆိုရင်တော့ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ အနီရောင်အသားကို စားပေးပါ။

ဒါတွေစားလို့ ရင်သားကင်ဆာမဖြစ်ဘူးလို့ ၁၀၀%တော့ အာမခံလို့ မရပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံက ရင်သားကင်ဆာအပါအဝင် တခြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

အခုကစလို့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို မွေးမြူပြီး ရင်သားကင်ဆာ မဖြစ်အောင် ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ပါ လေဒီလေးတို့ရေ……..

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement