backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆေးလိပ်က အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို မြင့်တက်စေတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဆေးလိပ်က အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းဖြစ်စေတတ်တယ်ဆိုပေမယ့် အဆုတ်ကင်ဆာဖြစ်သူတိုင်းက ဆေးလိပ် သောက်တတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ ဆေးလိပ်ကြောင့် မဟုတ်ဘဲ အဆုတ်ကင်ဆာဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေ အများကြီးရှိပါသေးတယ်။ ။

ခုနောက်ပိုင်းမှာ ဆေးလိပ်သောက်တဲ့သူတွေအပြင် ဆေးလိပ်မသောက်တဲ့အခြားသူတွေမှာပါ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဆုတ်ကင်ဆာဖြစ်တဲ့လူ ၂၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်မသောက်တဲ့သူတွေပါ။

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။ ဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်လား။

အဆုတ်ကင်ဆာ ၃ မျိုးရှိပါတယ်

  • Squamous cell lung cancers- ဆေးလိပ်သောက်သူတွေမှာ အတွေ့ရများတဲ့ အဆုတ်ကင်ဆာ
  • Adenocarcinomas – ဆေးလိပ်မသောက်သူတွေမှာ အတွေ့ရများတဲ့ အဆုတ်ကင်ဆာ

Squamous cell lung cancers– လေပြွန်တွေမှာဖြစ်တဲ့ ကင်ဆာဖြစ်ပြီး အစောဆုံးတွေ့ရတဲ့ လက္ခဏာတွေကတော့ ချောင်ဆိုးတာ၊ ချောင်းဆိုးသွေးပါတာ ဖြစ်ပါတယ်။

Adenocarcinomas – အဆုတ်အပြင်ပိုင်းမှာဖြစ်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး လက္ခဏာမပြဘဲ အကြာကြီးရှိနေတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အသက်ရှူရကျပ်တာ၊ မောပန်းတာတွေအပြင် ကင်ဆာပြန့်သွားတဲ့နေရာ( အရိုးတို့ ၊ ဦးနှောက်တို့) မှာ ဝေဒနာခံစားရတာ ဖြစ်ပါတယ်။

Bronchoalveolar carcinoma – Adenocarcinoma အောက်က အုပ်စုခွဲ တစ်ခုဖြစ်ပြီး ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေမှာ အတွေ့များတဲ့ ကင်ဆာတစ်ခုပါ။

ဆေးလိပ်မသောက်ပေမယ့် အဆုတ်ကင်ဆာဖြစ်စေနိုင်သည့် အကြောင်းများ

ဆေးလိပ်ကို ကိုယ်တိုင်ဖွာတာမဟုတ်ပေမယ့် ဆေးလိပ်သောက်တဲ့သူနားမှာနေပြီး တစ်ဆင်ခံဆေးလိပ်ငွေ့ရှူရှိုက်တဲ့သူတွေဟာ ဆေးလိပ်ငွေ့နဲ့ မထိတွေ့တဲ့သူတွေထက် ၂၄ ရာခိုင်နှုန်းပိုပြီး ကင်ဆာဖြစ်နိုင်တယ်လို့ဆိုပါတယ်။

  • မြေဆီလွှာဆီကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေဟာလည်း အဆုတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
  • Asbestos exposure

ကျောက်ဂွမ်းနဲ့ထိတွေ့ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ mesothelioma လို့ခေါ်တဲ့ အဆုတ်အပြင်လွှာ ကင်ဆာဖြစ်တတ်ပါတယ်။

အကြော်ကြော်ရာကနေ ထွက်လာတဲ့ အညှော်နံ့ကလည်း အဆုတ်ကင်ဆာကိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။

  • အဆုတ်ကင်ဆာက မျိုးရိုးလိုက်တဲ့ ကင်ဆာတစ်ခုဖြစ်တာကြောင့် အဆုတ်ကင်ဆာ မျိုးရိုးရှိရင်လည်း ကင်ဆာဖြစ်တတ်ပါတယ်။
  • လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာနေရတဲ့သူတွေဟာလည်း ဆေးလိပ်မသောက်ဘဲနဲ့လည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေများပါတယ်။

ဒါဆို အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို ဘယ်လို လျှော့ချကြမလဲ။

အဆုတ်ကင်တာ ဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် ဒီအချက်လေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

  • အိမ်မှာ အပင်လေးတွေ စိုက်ပါ။ အပင်လေးတွေက အိမ်ပတ်ဝန်းကျင်က လေထုညစ်ညမ်းမှုကို သန့်စင်ပေးပါလိမ့်မယ်။
  • ဆေးလိပ်သောက်တဲ့သူတွေ့ရင် သူတို့အနားလုံးဝမ သွားပါနဲ့။
  • ကျောက်ဂွမ်းတို့၊ ဓာတ်မြေသြဇာတို့နဲ့ ထိတွေ့နေရတဲ့ အလုပ်လုပ်နေရရင်လည်း နှာခေါင်းစည်းလိုမျိုး အကာအကွယ် တပ်ပြီးမှ ထိတွေ့ကိုင်တွယ်သင့်ပါတယ်။
  • မျိုးရိုးထဲ အဆုတ်ကင်ဆာ ဖြစ်ဖူးသူရှိခဲ့ရင် တစ်နှစ်တစ်ခါလောက် ဆေးစစ်ပြီး မိမိမှာ အဆုတ်ကင်ဆာ ရှိ၊ မရှိ စစ်ဆေးပါ။
  • အဆုတ်ကင်ဆာ အမျိုးအစားများ

    Squamous cell lung cancers– လေပြွန်တွေမှာဖြစ်တဲ့ ကင်ဆာဖြစ်ပြီး အစောဆုံးတွေ့ရတဲ့ လက္ခဏာတွေကတော့ ချောင်ဆိုးတာ၊ ချောင်းဆိုးသွေးပါတာ ဖြစ်ပါတယ်။
    Adenocarcinomas – အဆုတ်အပြင်ပိုင်းမှာဖြစ်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး လက္ခဏာမပြဘဲ အကြာကြီးရှိနေတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အသက်ရှူရကျပ်တာ၊ မောပန်းတာတွေအပြင် ကင်ဆာပြန့်သွားတဲ့နေရာ( အရိုးတို့ ၊ ဦးနှောက်တို့) မှာ ဝေဒနာခံစားရတာ ဖြစ်ပါတယ်။
    Bronchoalveolar carcinoma – Adenocarcinoma အောက်က အုပ်စုခွဲ တစ်ခုဖြစ်ပြီး ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေမှာ အတွေ့များတဲ့ ကင်ဆာတစ်ခုပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement