ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အူမကြီးကင်ဆာ

အူမကြီးအသားပို က ကင်ဆာပြောင်းတတ်သလား

အူမကြီးအသားပို ဆိုတာ အရေပြားပေါ်မှာ ပေါက်တဲ့ အသားပိုတွေနဲ့ ဆင်တူပါတယ်။ အများစုကတော့ အူမကြီးမှန်ပြောင်းကြည့်ရင်း အသားပိုတွေ့လို့ဆိုတာကို ကြားဖူးကြမှာပါ။ ဒီလို အသားပိုတွေက အန္တရာယ်ရှိသလား။ ကင်ဆာ ပြောင်းနိုင်သလား။ အူမကြီးအသားပို ဆိုတာ အသားပိုတွေကို အူမကြီးအပြင် အစာဟောင်းအိမ်မှာလည်း တွေ့ရတတ်ပါတယ်။ အူမကြီးအသားပိုက ကင်ဆာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေတော့ ရှိနေပါတယ်။ အူမကြီးအသားပိုက ကင်ဆာ မဟုတ်ပေမယ့် တချို့က ကင်ဆာပြောင်းနိုင်ခြေ ရှိပါတယ်။ အူမကြီးအသားပို ဘာကြောင့် ဖြစ်ရတာလဲ အလွယ်ပြောရမယ်ဆိုရင်တော့ ဆဲလ်တွေပွားတာ ပုံမှန်မဟုတ်လို့ပါ။ ပုံမှန်ထက်လွန်ကဲပြီး ဆဲလ်တွေပွားတဲ့အခါကျတော့ တခြားနေရာတွေလို မဟုတ်ဘဲ အသားပိုတွေ၊ ဖုဖုဖောင်းဖောင်းတွေ ဖြစ်လာတာပါ။ အူမကြီးအသားပိုက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေထိုင်စားသောက်မှုပုံစံအရဆိုရင် အသက် ၅၀အထက် ဖြစ်တာ ဆေးလိပ်သောက်တာ အရက်အလွန်အကျွံသောက်တာ အဆီတွေ အစားများပြီး […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ!

ကင်ဆာဝေဒနာ ခံစားနေရသူတွေ အနေနဲ့ မှန်ကန်စွာ စားသောက်မိဖို့ လိုပါမယ်။ ဒါမှလည်း ခန္ဓာကိုယ်က  ကင်ဆာကို ကြံ့ကြံ့ခံ တိုက်ထုတ်နိုင်မှာပါ။ တခြားကင်ဆာတွေဆို သိပ်ပြီး အကြောင်းဟုတ်လှပေမဲ့ လျှာကိုယ်တိုင်က ကင်ဆာဖြစ်ရင်ရော ဘယ်လိုစားကြမလဲ။ တစ်ခေါက်မှာတော့ လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။   လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ! ကင်ဆာကုထုံး ခံယူချိန်မှာ ခန္ဓာကိုယ်က ခုခံအားကျသွားတဲ့အတွက် ပိုးဝင်ကူးစက်မှုတွေ ပိုလွယ်လာပါတယ်။ ဒီအချိန်မှာ အစားအသောက်တွေကို သေချာ ဂရုစိုက် စားမိဖို့ လိုပါမယ်။ ဒါမှ အစားကနေတဆင့် ရောဂါ ကူးစက်တာကို ကာကွယ်နိုင်မှာပါ။  အသီးအရွက်တွေ အနေနဲ့ -  မုန်လာဥနီ၊ ရွှေဖရုံသီး၊ နိုကိုဥ၊ ခရမ်းချဉ်သီး စတာတွေကို အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ ရရှိစေဖို့ စားပေးလို့ […]


အခြားကင်ဆာများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပေမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]


အခြားကင်ဆာများ

ကင်ဆာကုထုံး ခံယူချိန်မှာ စားပေးသင့်တဲ့ သစ်သီးများ

ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တာက နေ့စဉ်ဘဝမှာ ကျန်းမာနေစေဖို့အတွက် အရေးပါပါတယ်။ ကျန်းမာအောင် စားသောက်တာနဲ့ လေ့ကျင့်ခန်း လုပ်တာက နေ့စဉ်ဘဝမှာ ကျန်းမာစေနိုင်သလို ကင်ဆာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ရုံတင်မကပါဘူး။ နေထိုင်မကောင်းဖြစ်တဲ့အခါမျိုးနဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာဖြစ်တဲ့ ကင်ဆာကုထုံး ခံယူချိန်မှာ လည်း ထိရောက်မှု ကောင်းစေဖို့နဲ့ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဒီတစ်ခေါက်တော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်လို့ ဆိုရမယ့် ကင်ဆာကုထုံး ခံယူနေချိန်မှာ စားပေးသင့်တဲ့ သစ်သီးလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ ကင်ဆာကုထုံး ခံယူချိန်မှာ စားပေးသင့်တဲ့ သစ်သီးများ ကင်ဆာကုထုံး မခံယူခင်၊ ခံယူနေချိန် နဲ့ ခံယူပြီးချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပြည့်ဝစေပြီး ကျန်းမာနေစေဖို့ ဒီအသီးလေးတွေကို စားပေးလို့ […]


အခြားကင်ဆာများ

ဆေးလိပ် ကြောင့် ကင်ဆာ ၁၆မျိုး ဖြစ်နိုင်ပါတယ်။

ဆေးလိပ် က မကောင်းဘူးဆိုတာ သိထားပေမယ့်လည်း ဖြတ်ဖို့ ခက်ပါတယ်။ ဆေးလိပ်တစ်ချက်ဖွာလိုက်တိုင်းမှာ အမျိုးအစား ၇၀၀၀လောက်ရှိတဲ့ ဓာတုပစ္စည်းတွေက အဆုတ်နဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားပါတယ်။ ဒီအမျိုး ၇၀၀၀ကျော်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်း ၆၉မျိုး ပါဝင်ပါတယ်။ ဆေးလိပ် နဲ့ ပတ်သက်ပြီး မှတ်သားဖွယ်အချက်အလက်များ ဆေးလိပ်နဲ့ ကင်ဆာနဲ့က ဆက်နွယ်မှု ကြီးမားပါတယ်။ ကင်ဆာဖြစ်သူ ၈ယောက်မှာ ၁ယောက်က ဆေးလိပ်ကြောင့်ပါ။ ကင်ဆာကြောင့် သေဆုံးသူ ၅ယောက်မှာ ၁ယောက်က ဆေးလိပ်ကြောင့်ပါ။ ဆေးလိပ်တစ်ချက် ဖွာလိုက်တိုင်းမှာ ဓာတုပစ္စည်းပေါင်း ၇၀၀၀က အဆုတ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပါတယ်။ စီးကရက်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းပေါင်း ၆၉မျိုး ပါပါတယ်။ တစ်နှစ်ကို ကင်ဆာရောဂါတွေ့ရှိမှု ၁၅,၀၀၀ကျော်လောက်က ဆေးလိပ်ကြောင့်ပါ။ ဆေးလိပ်သောက်ပြီး ၆နာရီလေက်ဆိုရင် ခန္ဓာကိုယ်က စပြီး […]


အခြားကင်ဆာများ

ကင်ဆာဆဲလ်တွေ အပွားနှေးစေဖို့

ကင်ဆာဆဲလ်တွေ က အချိန်ကြာလာတာနဲ့အမျှ ဘေးက တစ်ရှူးတွေ၊ အဝေးက အင်္ဂါအစိတ်အပိုင်းတွေဆီကို ပွားသွားတတ်ပါတယ်။ ဒါကိုက ကင်ဆာရဲ့ ဝိသေသတစ်ခုပါ။ ဆဲလ်တွေ အဆမတန်ပွားပြီး ကြီးလာတာ၊ ဘေးနားက တစ်ရှူးတွေကို ထိုးဖောက်တာ၊ သွေး၊ ပြန်ရည်ကနေတဆင့် အဝေးက ကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားတာကြောင့် ကင်ဆာဆဲလ်တွေက ကြာလေပွားလေပါပဲ။ ဒီမှာမှ တချို့ကင်ဆာတွေက နဂိုတည်းက အပွားမြန်တဲ့ ကင်ဆာတွေ ရှိသလို အပွားနှေးတဲ့ ကင်ဆာ (ဥပမာ ဆီးကျိတ်ကင်ဆာ)တွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်ဆာာရဲ့ သဘောကတော့ မကုသဘူးဆိုရင်  ကြာလေပွားလေဖြစ်ပြီး အဆင့်တွေ တက်လာနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ ကို အပွားနှေးအောင် လုပ်လို့ရပါသလား။ ကင်ဆာဆဲလ်တွေကို အပွားနှေးအောင် special diet တွေ၊ cancer diet တွေ ဆိုပြီး ပြောကြပေမယ့် ဒါတွေမှာ ထူးထူးခြားခြား […]


အခြားကင်ဆာများ

ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။

ခန္ဓာကိုယ်မှာ အကျိတ်တစ်ခု တွေ့ပြီဆိုရင် ရိုးရိုးအကျိတ်လား၊ ကင်ဆာအကျိတ်လား ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒီနှစ်ခုက ပြင်းထန်ပုံခြင်း ကွာခြားသလို ကုသနည်းတွေလည်း မတူပါဘူး။ အကြမ်းအားဖြင့်တော့ ရိုးရိုးအကျိတ်က လူကို အန္တရာယ်ပေးတာ နည်းပါတယ်။ ဒါနဲ့ ပြောင်းပြန် ကင်ဆာကျိတ် ကတော့ အန္တရာယ်များပါတယ်။ အကျိတ်ဆိုတာ ဆဲလ်တွေပွားပြီး ပုံမှန်မဟုတ်တဲ့ အလုံးအဖုတွေ ပေါ်လာပြီဆိုရင် ဒါကို အကျိတ်လို့ သတ်မှတ်ပါတယ်။ ဒီမှာမှ ဘေးကို မပွားတဲ့ အကျိတ်ဆိုရင်  ရိုးရိုးအကျိတ် (Benign tumor) လို့ သတ်မှတ်ပြီး တခြားကို ပွားတယ်ဆိုရင်တော့ ကင်ဆာကျိတ် လို့ သတ်မှတ်နိုင်ပါတယ်။ ရိုးရိုးအကျိတ်လား၊ ကင်ဆာကျိတ် လား ဘယ်လိုသိနိုင်မလဲ။ ရိုးရိုးအကျိတ် ရိုးရိုးအကျိတ်မှာ ဆဲလ်တွေက ဘေးကို ပြန့်လေ့မရှိပါဘူး။ ကြီးတာလည်း နှေးပါတယ်။ ဒီအရွယ်အတိုင်းပဲ နှစ်ကြာအောင် ရှိနေတတ်ပါတယ်။ […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အရေးကြီးအချက်များ

သားဥအိမ်ကင်ဆာ က အဖြစ်များတဲ့ ကင်ဆာပါ။ အထူးသဖြင့် သွေးဆုံးချိန်မှာဆို ပိုသတိထားသင့်ပါတယ်။ နောက်ကျမှသိရရင် အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်တဲ့ ကင်ဆာပဲ ဖြစ်ပါတယ်။ စောစောစီးစီး မသိလိုက်ဘူးဆိုရင် သားဥအိမ်က ကင်ဆာဆဲလ်တွေက တင်ပဆုံကွင်းနဲ့ ဝမ်းခေါင်းထဲကို ပြန့်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိထားဖို့ လိုပါတယ်။ သားဥအိမ်ကင်ဆာနဲ့ ပတ်သက်တဲ့ အရေးကြီးအချက်များ မျိုးဗီဇစစ်ဆေးမှုတွေက အရေးကြီးပါတယ်။ သားဥအိမ်ကင်ဆာက သားအိမ်ခေါင်းကင်ဆာလို သားအိမ်ခေါင်းအချွဲ စစ်ဆေးတာတို့၊ HPV ကာကွယ်ဆေးထိုးတာတို့ မရှိပါဘူး။ သူ့မှာရှိတာက မျိုးဗီဇပါ။ ဒီထဲမှာ အရေးကြီးဆုံးက BRCA geneပါ။ ဥပမာ ပြောရရင် မိမိမှာ BRCA 1 gene ပါနေရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၉၀%နဲ့  သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ ၅၀% ရှိပါတယ်။ ခုစစ်လို့ မရှိရင်တောင်  […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း

သားဥအိမ်ကင်ဆာ ဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေက သားဥအိမ်ထဲမှာ အလျင်အမြန်ပဲ ပွားလာပြီး ဘေးနားက တစ်ရှူးတွေဆီကို ပြန့်သွားတတ်ပါတယ်။ အမျိုးသမီး မျိုးပွားအင်္ဂါမှာ သားဥအိမ် ၂ခုရှိပြီး သားအိမ်ရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ရှိနေတာပါ။ ဗာဒံစေ့သာသာလောက်ပဲရှိပြီး လစဉ် မျိုးဥလေးတွေကို လွှတ်ထုတ်ပေးပါတယ်။ ဒါ့ပြင် အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေကိုလည်း ထုတ်ပေးနိုင်ပါတယ်။ သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း တွေကို သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သားဥအိမ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း သားဥအိမ်ထဲမှာ ရှိတဲ့ ဆဲလ်တွေရဲ့ မျိုးဗီဇ DNAမှာ ပြောင်းလဲမှုတွေဖြစ်ရာက စပြီးတော့ ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးလာပါတယ်။ မျိုးဗီဇပြောင်းလဲနေတဲ့ ဆဲလ်တွေက မြန်မြန်ဆန်ဆန် ပွားလာတဲ့အခါ အကျိတ်တွေ ဖြစ်လာပါတယ်။ ဒီကင်ဆာဆဲလ်တွေ ဆက်ပြီး ပွားလာတာနဲ့အမျှ ကောင်းတဲ့ ဆဲလ်တွေ သေဆုံးပြီး နည်းသွားပါတယ်။ […]


ရင်သားကင်ဆာ

ကင်ဆာရှိနေတာတောင် မျှော်လင့်ချက် မပျောက်ဆုံးခဲ့ပါ။

ရေချိုးခန်းဝင်ရင် ဆပ်ပြာတိုက်တော့ ရင်သားမှာ အဖုလေးလိုလို အကျိတ်လေးလိုလို စမ်းမိတယ်။ အစကတော့ ဘာရယ်လို့မှ ထွေထွေထူးထူး မတွေးဘဲ ထားလိုက်တယ်။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ အကျိတ်လေးက ပိုကြီးလာသလိုပဲ။ ဒီလိုနဲ့ မေမေ့ကို ပြောပြမိတော့ ကင်ဆာ ဖြစ်နေမှာစိုးလို့ ဆေးခန်းပြကြည့်ဖို့ ပြောတယ်။ ချက်ချင်းတော့ မပြဖြစ်သေးဘူးပေါ့။ အလုပ်တွေများနေတာနဲ့ အချိန်နည်းနည်းကြာလာတော့ အကျိတ်က ကြီးလာတယ်။ ဒီလိုနဲ့ မဖြစ်တော့ဘူးဆိုပြီး မေမေကိုယ်တိုင် လိုက်ပို့မှပဲ ဆေးခန်းရောက်တော့တယ်။ ဆရာဝန်နဲ့ ဖြစ်တဲ့ လက္ခဏာတွေကို သေချာပြောပြပြီး ဆေးစစ်မှုတွေ လုပ်ခိုင်းတယ်။ ဒီအချိန်မှာကတည်းက ဆရာဝန်က သေချာတော့ ပြောလို့မရသေးပေမယ့် ကင်ဆာလို့ သံသယရှိတယ်လို့တော့ပြောတယ်။ မေမေရော ကိုယ်တိုင်ပါ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းပေါ့။ ဒီလိုနဲ့ ဆေးစစ်ချက် အဖြေတွေထွက်လာတော့ စိတ်တော့ မကောင်းပေမယ့် ရင်သားကင်ဆာဖြစ်နေတာပါလို့ ဆရာဝန်က ပြောလာတယ်။ ခေါင်းကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း