home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သားဥအိမ်ကင်ဆာက ဖြစ်တဲ့ ပျို့ခြင်းကို အိမ်တွင်းဆေးဝါးများနှင့် ကုသခြင်း

သားဥအိမ်ကင်ဆာက ဖြစ်တဲ့ ပျို့ခြင်းကို အိမ်တွင်းဆေးဝါးများနှင့် ကုသခြင်း

သားဥအိမ်ကင်ဆာရှိပါက ကင်ဆာရောဂါကြောင့် သော်လည်းကောင်း၊ ကင်ဆာကုသမှုများ ကြောင့်လည်းကောင်း ပျို့ခြင်းကို ခံစား ရနိုင်ပါတယ်။ သတင့်းကောင်း မှာ ဆေးသောက်ရန်မလိုဘဲ ထိုပျို့ခြင်းကို ကုသနိုင်ပါတယ်။ ထိုသဘာဝနည်းလမ်း ငါးခုကို အောက်တွင် ဖေါ်ပြထားပါတယ်။

စားသောက်ပုံစံကို ထိန်းညှိခြင်း

လူအများစုဟာ တစ်နေ့ကို ထမင်းသုံးကြိမ်စားသော အလေ့ရှိပါတယ်။ သို့သော် အကြိမ်အရေအတွက်ကို ငါးကြိမ်၊ခြောက်ကြိမ်တိုးကာ ပမာဏကို အနည်းငယ်စီသာ စားသုံးပါက အာဟာရမျှတသည်ဟု လေ့လာချက်များ အရဆိုကြပါတယ်။ သားဥအိမ်ကင်ဆာရှိသူများသည် ဘယ်တော့မှ အစာစားအကြိမ်ကို မကျော်သင့်ပါ။ အစားစားနေစဉ် အစာကြေစေရန် အရည်အနည်းငယ်ကို ပါတွဲသောက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခံတွင်းကောင်းစေရန် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း စားသောက်သင့်ပါတယ်။

ထို့ပြင် အစားအစာများက အနံ့ပြင်းပါက အနံ့ကို ဖယ်ထုတ်စားသုံးသင့်ပါတယ်။ အနံ့ပြင်းခြင်းက ပျို့ခြင်းကို လှုံ့ဆော်ပါတယ်။ အေးသောအစာများ၊ အငန်ပါသော အာလူးကြော်၊ မုန့်ကြွပ်၊ မုန့်ခြောက် စသောအစာများ က ပျို့ခြင်းကို လှုံ့ဆော်နိုင်ချေ နည်းပါတယ်။ အကြော်များ ၊ အနံ့ပြင်းသော အစားအစာများ၊ အစပ်များ ကို ရှောင်ကြဉ်သင့်ပါတယ်။

နို့

အန်ပြီးပါက နို့သောက်လျှင် အလွန်ခက်ခဲပါတယ်။ သို့သော် နို့ကို အခြားအစာများနဲ့ တွဲစားပါက ကောင်းသော အကျိုးသက်ရောက်မှုကို ရစေပါတယ်။ နို့တစ်ခွက်ကို အပူပေးပါ၊ နွေးရုံသာ ပူပါစေ၊ မဆူပွက်ပါစေနဲ့။ ပါမုန့်ခြောက်တစ်ချပ်ကို နို့ထဲစိမ်ပါ ၊ အရသာပိုကောင်းရန် သကြားသို့မဟုတ် ပျားရည် အနည်းငယ်ထည့်ပါ။ အစာမစားခင် နို့တစ်ခွက်သောက်ခြင်းက အစာအိမ်အတွက် မကောင်းသော်လည်း ပါမုန့်နဲ့ ရောစားပါက အစာပြေစေပြီး အန်ခြင်းကို လည်း လျော့နည်းစေပါမယ်။

အပ်စိုက်ကုထုံး

အပ်စိုက်ကုထုံးဟာ ရိုးရာဆေးပညာတစ်မျိုးဖြစ်ပြီး တရုတ်ပြည်မှ ဆင်းသက်လာပါတယ်။ ကောင်းကျိုးများဖြစ်ပေါ်စေသည်ဟု သက်သေများရှိသော်လည်း အဆင့်မြင့် ကုသနည်းတစ်ခုအနေနဲ့တော့ လက်မခံကြပါ။ ၁၉၉၈ မှဲာ ကျန်းမာရေး တက္ကသိုလ် တစ်ခုက အပ်စိုက်ကုထုံးသည် ပျို့အန်ခြင်းကို ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးပညာရှင် အတော်များများက အပ်စိုက်ကုထုံးနဲ့ ဆိုင်တဲ့ အသိပညာများကို လိုအပ်သော သူများကို ကူညီပေးနိုင်တယ်လို့ တိုက်တွန်းကြပါတယ်။

လေးညှင်း

လေးညှင်းပွင့်ရဲ့ အာနိသင်များက သားဥအိမ်ကင်ဆာကြောင့် ခံစားရသော ပျို့အန်ခြင်းအတွက် အလွန်အထောက်အကူပြုပါတယ်။ ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်းများ အတွက်လည်း အသုံးဝင်ပါတယ်။ လေးညှင်းကို အသုံးပြုနိုင်သော နည်းလမ်းများစွာရှိပါတယ်။ ရေနွေးတစ်ခွက် ထဲသို့ လေးညှင်းမှုန့် လက်ဖက်ရည်တစ်ဇွန်းစာ ထည့်ပြီး မွှေပါ။ ငါးမိနစ်ခန့် နှပ်ထားပြီး အမှုန့်များကို ဖယ်ကာ အရည်ကို သောက်သုံးနိုင်ပါတယ်။ ပျားရည်တစ်ဇွန်းထည့်ခြင်းဖြင့် အရသာပိုကောင်းစေပါတယ်။ ထို့ပြင် လက်ကိုင်ပဝါ တစ်ထည်ကို လေးညှင်းအဆီ အစက်အနည်းငယ်ချကာ ပျို့အန်ချင် တိုင်းရှူနိုင်ပါတယ်။

အရိုးရှင်းဆုံးကတော့ လေးညှင်းပွင့် တစ်ပွင့်နှစ်ပွင့်ကို ဝါးခြင်းဖြင့် ချက်ချင်း အာနိသင်ရစေပါတယ်။

ယိုးဂကျင့်စဉ်

ယိုးဂ ကျင့်စဉ်သည် အန်ဒေါဖင် ဟော်မုန်းကို ထွက်စေပြီး ကြွက်သားများကို ပြေလျော့စေပါတယ်။ ထို့ကြောင့် ပျို့ခြင်း၊ မအီမသာ ဖြစ်ခြင်းများကို သက်သာစေပါတယ်။ အသက်ပြင်းပြင်းရှူခြင်း နှင့် ပေါင်းစပ်သော ရိုးရှင်းသည့် လှုပ်ရှားမှု အနည်းငယ်ကို ပြုလုပ်ခြင်းဖြင့် ဦးနှောက်ထဲသို့ အောက်စီဂျင်ပိုရောက်စေကာ ပျို့ခြင်းကို သက်သာစေပါတယ်။ ထို့ပြင် အသက်ပြင်းပြင်းရှူခြင်းကို သာ အာရုံရောက်ကာ ပျို့ခြင်းကို အာရုံလွှဲနိုင်ပါတယ်။

ပျို့ခြင်းက ပြင်းထန် ဘေးထွက်ဆိုးကျိုးတစ်ခုမဟုတ်သော်လည်း မကုသပါက နေထိုင်ရခက်သော အနှောက်အယှက် တစ်ခုဖြစ်ပါတယ်။ ထိုသဘာ၀ နည်းလမ်းများနဲ့ မသက်သာပါက ဆရာဝန်နှင့် တိုင်ပင်ခြင်းဖြင့် အကောင်းဆုံး အကြံဉာဏ်များ ရနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။