ကင်ဆာ
ကင်ဆာ ဆိုတာ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကွဲပွားမှုကြောင့်ဖြစ်လာတဲ့ ရောဂါအမျိုးအစားပါ။ ဆဲလ်တွေ အဆမတန် ကွဲပွားလာတဲ့အခါ တစ်ရှူးတွေကို ဖျက်ဆီးတာ၊ လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကင်ဆာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကင်ဆာအမျိုးအစားကွဲပေါင်း ၂၀၀ လောက်ကိုရှိပါတယ်။ အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေကတော့ အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ မှဲ့ကင်ဆာတို့ပါ။ ကင်ဆာက အမျိုးအစားအပေါ်လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ ကုသနည်းကလည်း အခြေအနေကိုလိုက်ပြီး ခွဲစိတ်ကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပြ ကုသတာ၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အမျိုးသား ၂ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသမီး ၃ ဦးမှာ တစ်ဦးနှုန်းလောက်ဟာ ကင်ဆာရောဂါကို ခံစားနေရပါတယ်။ ကင်ဆာ အမျိုးအစားများ ကင်ဆာဆဲလ် စတင်ဖြစ်ပွားတဲ့ တစ်ရှူးအမျိုးအစား၊ အင်္ဂါအစိတ်အပိုင်းပေါ်မူတည်ပြီး […]