ကင်ဆာဖြစ်စေနိုင်တဲ့ အဓိကကျတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ဒီအကြောင်းအရာတွေက ကင်ဆာဖြစ်နိုင်ခြေ အပေါ်ကို တိုက်ရိုက်ကြီး သက်ရောက်နေတာ မဟုတ်ပေမယ့် ဒီဖြစ်နိုင်ခြေ ၁ ခု ဒါမှမဟုတ် ၁ ခုထက်ပိုတဲ့ အခြေအနေတွေ ရှိနေမယ်ဆိုရင် ကင်ဆာကို အရမ်း ပြင်းထန်တဲ့ အခြေအနေမှ သိရတာမျိုး မဖြစ်စေဖို့နဲ့ စောစောသိရှိကုသနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
ကင်ဆာက အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေမှာတော့ ကင်ဆာဖြစ်နိုင်ခြေက ပိုများနေပါတယ်။ ကင်ဆာ အများစုက အသက်ရလာလေလေ ဖြစ်နိုင်ခြေ များလာလေလေပါ။
ဘဝနေထိုင်မှုပုံစံတွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အဆီများတဲ့ အစားအစာတွေ စားတာ၊ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတာတွေကြောင့်လည်း အသက်အရွယ် ကြီးရင့်သူတွေမှာ ကင်ဆာ ဖြစ်နိုင်ခြေ ပိုများနေတာပါ။ ကင်ဆာဖြစ်ပွားနေတဲ့ ကလေးအများစုကတော့ ငယ်စဉ်မှာ ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ ဘဝနေထိုင်မှု ပုံစံနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မိခဲ့တာကြောင့်ပါ။
အဝလွန်တဲ့သူတွေမှာလည်း ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ အကြောင်းကတော့ အဝလွန်တဲ့အခါ ဝမ်းဗိုက်တွင်းပိုင်းက အဆီတွေကြောင့် ရောင်ရမ်းမှု ဖြစ်တာ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တဝိုက်မှာ အဆီတွေဖြစ်တာကြောင့် ရောင်ရမ်းတာတွေ ဖြစ်တာကြောင့်ပါ။
ရောင်ရမ်းမှုက ပန်ကရိကနေ အင်ဆူလင် များစွာ ထွက်ရှိအောင် လှုံ့ဆော်သလို အဆီဆဲလ် အပိုတွေက အက်စထရိုဂျင်တွေကို ပိုဖြစ်စေနိုင်ပါတယ်။ အင်ဆူလင် များတာ အက်စထရိုဂျင် များတာတွေက ဆဲလ်တွေကို ပုံမှန်ထက် ကွဲပွားစေပြီး ကင်ဆာဆံလ်တွေ ဖြစ်ပေါ်လာစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။