backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ

တစ်နေ့ထက်တစ်နေ့ ကင်ဆာ ဖြစ်တဲ့နှုန်းတွေတိုးလာနေပါတယ်။ သဘာဝပတ်ဝန်းကျင်အနေအထား၊နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် ကင်ဆာရောဂါတွေဖြစ်ပွားနေရတာပါ။ပြဿနာရှိရင် အဖြေရှိစမြဲပါ။ ဒီတော့ ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်မယ့် နည်းလမ်းရှိတာပေါ့။နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေကိုပြောင်းလဲမှုကနေတဆင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါသတဲ့။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်း ကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရအောင်ပါ။ ဒီတော့ ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ က ဘာတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်လား။

ကင်ဆာ ဆိုတာ

ကင်ဆာ ဆိုတာက ခန္ဓာကိုယ်က ဆဲလ်တွေထိန်းချုပ်လို့မရအောင်ကြီးထွားလာပြီး အကျိတ်တွေအဖြစ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့ကိုပြန်ပွားသွားတဲ့ရောဂါတစ်မျိုးပါ။ ကင်ဆာအမျိုးအစားပေါင်း ၂၀၀လောက်ရှိတယ်လို့ ခန့်မှန်းရပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ကင်ဆာရောဂါတွေထဲမှာမှ အရေပြားကင်ဆာရင်သားကင်ဆာအသည်းကင်ဆာသားအိမ်ခေါင်းကင်ဆာတွေက အဖြစ်များပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ

ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ ကတော့ ဒီအချက်လေးတွေပါပဲ။

ဆေးလိပ်ဖြတ်ပါဆေးလိပ်ဆေးရွက်ကြီးကနေထုတ်ထားတဲ့ အရာတွေကိုရှောင်ရှားပေးပါ။ဆေးလိပ်သောက်သုံးမှုကြောင့် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ ကင်ဆာရောဂါအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းတွေကိုရှောင်ရှားပေးပါ။ တဆင့်ခံဆေးလိပ်ငွေ့တွေကလည်း ကင်ဆာရောဂါကိုဖြစ်စေနိုင်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့တွေကိုပါရှောင်ရှားနိုင်အောင်လုပ်ဆောင်ပါ။

ကျန်းမာတဲ့ စားသောက်မှုပုံစံမွေးမြူပါ –အစားအစာတွေကနေတဆင့်လည်း ခန္ဓာကိုယ်ကျန်းမာအောင်လုပ်ဆောင်ပေးလို့ရပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင်စားသုံးပါ။ အနီရောင်အသားတွေကို အများကြီးမစားပါနဲ့။ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။

အချိုအများကြီးမစားပါနဲ့ – ခန္ဓါကိုယ်မှာ စွမ်းအင်ပြည့်ဝဖို့အတွက် အချိုဓာတ်ကို လိုအပ်တယ်ဆိုပေမယ့် အချိုအများကြီးမစားဖို့ပြောပါရစေ။ အချုအများကြီးစားတဲ့အခါ အဝလွန်တာ၊ ဆီးချိုရောဂါနဲ့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေအပြင် ကင်ဆာရောဂါပါဖြစ်စေနိုင်တာကြာင့်ပါ။ အချိုရည်တွေ၊ အချိုကဲတဲ့ အစားအစာတွေကို အလွန်အကျွံမစားသုံးပါနဲ့။

အရက်ဖြတ်ပါအရက်ကိုလုံးဝ မဖြတ်နိုင်ရင်တောင်လျှော့သောက်ပါ။ အယ်လ်ကိုဟောတွေကို အလွန်အကျွံသောက်သုံးတာက ရင်သားကင်ဆာအူမကြီးကင်ဆာအဆုတ်၊ကျောက်ကပ်နဲ့ အသည်းကင်ဆာရောဂါတွေကိုဖြစ်စေနိုင်တာကြောင့်ပါ။

လက်ဖက်စိမ်းရေနွေးကြမ်းသောက်ပေးပါလက်ဖက်စိမ်းရေနွေးကြမ်းက နှလုံးရောဂါကို ကာကွယ်ပေးနိုင်သလို ကင်ဆာရောဂါတွေကို ခုခံကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းမှာကော်ဖီထက် ကဖင်းဓါတ်ပိုမိုပါဝင်နေပြီး ခန္ဓါကိုယ်ကိုလည်း လန်းဆန်းတက်ကြွနေစေမှာ အသေအချာပါ။

ငါးစားပေးပါ တစ်ပတ်ကို ၄ ကြိမ် ဒါမှမဟုတ် ၄ ကြိမ်နဲ့အထက်လောက်ငါးစားပေးပါ။ ဆယ်လ်မွန်ငါးလိုမျိုး ငါးကို တစ်ပတ် ၄ ကြိမ်လောက်စားသုံးပေးရုံနဲ့သွေးကင်ဆြာဖစ်နိုင်ခြေကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။

တမာစားပေးပါ – တမာတစ်ပင်လုံးကဆေးဖက်ဝင်တာပါ။ ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ချင်တယ်ဆိုရင်တော့နေ့စဉ် တမာရွက်၊တမာသီးလိုမျိုး အရာတွေကို နည်းနည်းဖြစ်ဖြစ်စားသုံးပေးပါ။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ် ကနေ နာရီဝက်လောက် လမ်းလျှောက်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာစေနိုင်ပါတယ်။ တစ်ပတ်တာမှာ ၇၅ မိနစ်ကနေ မိနစ် ၁၅၀လောက်အထိပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာက အူမကြီးကင်ဆာနဲ့ရင်သားကင်ဆာကို ကာကွယ်ပြီးဖြစ်ပါတယ်။

နေရောင်ခြည်ရရှိပါစေ -နေရောင်ခြည်ကနေရရှိတဲ့ ဗီတာမင် D က ဆဲလ်တွေကြားမှာ ချိတ်ဆက်မှုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။ တကယ်လို့ ခန္ဓါကိုယ်မှာ ဗီတာမင် D နည်းနေမယ်ဆိုရင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်၊ သားဥအိမ် နဲ့ အစာအိမ်ကင်ဆာတွေဖြစ်စေနိုင်တာကြောင့်နေ့စဉ် မနက်ခင်းနေရာင်ခြည်ကို ၁၅ မိနစ်လောက် ခ့ယူပြီး လိုအပ်တဲ့ ဗီတာမင် D ကိုရယူပေးပါ။

ညအိပ်တဲ့အခါ အမှောင်ချထားပါ – ညဘက်အိပ်တဲ့အချိန်မှာ အလင်းရောင်နဲ့ထိတွေ့မှုက အမျိုးသမီးတွေမှာ သားဥအိမ်ကင်ဆာနဲ့ရင်သားကင်ဆာတွေဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်တဲ့အခါ အခန်းကို အမှောင်ချအိပ်ရင်း ကင်ဆာအန္တရာယ်ကနေ ကာကွယ်လိုက်ပါ။

အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းနေ့စဉ်လူနေမှုပုံစံကိုပြောင်းလဲပြီး ကင်ဆာကင်းဝေးတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement