banner

ကာကွယ်ဆေးများ

Subot Icon

လူကြီးတွေထိုးထားသင့်တဲ့ ကာကွယ်ဆေး တွေကို အွန်လိုင်းကနေ ရှာကြည့်မယ်

Subot Icon

ကိုဗစ်ရောဂါဖြစ်နိုင်ခြေ ရှိမရှိဆိုတာကို အွန်လိုင်းကနေ စစ်ဆေးကြမယ်

ရောဂါကူးစက်မှုကွင်းဆက်ဆိုတာ

ရာသီတုပ်ကွေး

ရောဂါကူးစက်မှု ကွင်းဆက်တွေကို ဘယ်လိုများ ဖြတ်ကြရမလဲ

ဆောင်းအေးလာချိန် ဖြစ်ဖြစ် မိုးရာသီ အကူးအပြောင်းမှာ ဖြစ်ဖြစ် တုပ်ကွေး ဖြစ်တာက တော်တော်လေး များပါတယ်။ ဒီလို ရာသီဥတုအေးတဲ့အချိန်မှာ မိသားစုဝင်တစ်ဦးဦး တုပ်ကွေးဖြစ်ပြီဆိုရင် တစ်ဦးကနေ တစ်ဦး လျင်လျင်မြန်မြန် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အေးတဲ့အချိန်မှာ အအေးမိတုပ်ကွေး ဗိုင်းရပ်စ် တွေက လျင်လျင်မြန်မြန် ကူးစက်တတ်ပါတယ်။ ဒီလိုမျိုး ရောဂါကူးစက်မှုတွေကို ဖျက်ပစ်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။ ရောဂါပိုးတွေ ဘယ်လိုများ ကူးစက်သလဲ တုပ်ကွေး အပါအဝင် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေက အခုလို အခြေအနေတွေနဲ့ ကူးစက်နိုင်ပါတယ်။ ကူးစက်စေနိုင်တဲ့အရာတွေ - ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေ ပါ။ ရောဂါပိုးမွှားတွေ ရှိသောနေရာ - ရောဂါပိုးတွေ ရှိနေနိုင်တဲ့ နေရာတွေကတော့ ကိုယ့်ပတ်ဝန်းကျင်ပေါ့။ ကိုယ်ထိတွေ့နေတဲ့ […]

ကူးစက်မှုကို ဖြတ်တောက်စို့

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်

အအေးမိဖျားနာမှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် အရမ်း ထိရောက်တဲ့ နည်းလမ်း တစ်ခု ရှိပါတယ်။ လူတွေ နေ့တိုင်းထိတွေ့နေတဲ့ အလေ့အကျင့်လေးတစ်ခု ပါပဲ။ လက်ဆေးဖို့ပါ။ ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာနေဖို့အတွက် ဒီရိုးရှင်းတဲ့ အလေ့အထလေးက မထင်မှတ်ထားလောက်အောင်ကို အသုံးဝင်ပါတယ်။ လက်ဆေးတာက အအေးမိဖျားနာတာနဲ့ ရောဂါပိုး အမျိုးမျိုးတွေရဲ့ အန္တရာယ်တွေကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ နည်းစနစ် မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင် ....... နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင် လက်ဆေးတာက ကျန်းမာဖို့အတွက် အထောက်အကူ ပြုတယ်ဆိုတော့ လက်မှန်မှန်ဆေးမယ်လို့ စဉ်းစားနေပြီမှတ်လား။ ဒီနေရာမှာ သတိထားဖို့ တစ်ခု ကျန်နေပါသေးတယ်။ လက်ဆေးပေမယ့် လက်ဆေးနည်း မမှန်ပြန်ရင်လည်း မထိရောက်ပါဘူး။ ဒီတော့ ဘယ်လို မှန်မှန်ကန်ကန်နဲ့ လက်ဆေးမလဲ ဆိုတာကို […]

ရာသီတုပ်ကွေး

တုပ်ကွေးကာကွယ်ဖို့ ဒါလေးတွေလိုက်နာပါ

ဝသန်ကာလ မိုးကျလာတော့ သဘာဝပတ်ဝန်းကျင်ကြီးက လှပလို့ အရာရာက စိမ်းစိုနေပါတယ်။ မျက်စိ ပသာဒရမှုနဲ့အတူ သင့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာမှာက တုပ်ကွေးပါ။ ရာသီတုအေးတဲ့အခါ တုပ်ကွေးဖြစ်လွယ်သလို ရောဂါပိုးတွေကလည်း အချိန်တော်တော်ကြာတဲ့အထိ ရှင်သန်နေနိုင်ပါတယ်။ ဒီတော့ မကြာခင်မှာ ရောက်လာတော့မယ် မိုးရာသီမှာ ကိုယ်ကိုယ်ကိုယ် တုပ်ကွေးကာကွယ်ဖို့ ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို မျှဝေပေးပါရစေလား........... တုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်စေဖို့ တုပ်ကွေးကို ကာကွယ်တာက ကုသတာထက် ပိုထိရောက်မှုရှိပါတယ်။ တုပ်ကွေးကို ကာကွယ်ဖို့ဆိုရင် အထိရောက်ဆုံးဖြစ်အောင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ကာကွယ်ဆေး ထိုးပါ နှစ်စ​ဉ် မိုးကျစမှာ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးတာက တစ်နှစ်ပတ်လုံး တုပ်ကွေး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် တုပ်ကွေး မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် တုပ်ကွေးရာသီ မစတင်ခင်မှာကတည်းက ကာကွယ်ဆေး ထိုးထားပါ။ လူစုလူဝေးဖြစ်မယ့် နေရာတွေကို ရှောင်ပါ လူစုလူဝေးဖြစ်မယ့် […]

ကလေးတို့အတွက်ကာကွယ်ဆေးများ

ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးအတွက် တုပ်ကွေးကာကွယ်ဆေး

ရာသီဥတု နည်းနည်းလေးအေးတာနဲ့အတူ အမြဲလိုလို ကပ်ပါလာပြီး ကြားနေကျ ဖြစ်တဲ့ စကား တစ်ခွန်းရှိတယ်။ ဒါကတော့ တုပ်ကွေး ဆိုတာပါ။ ရာသီဥတု အေးလာပြီဆိုရင် ဖျားနာမှုတွေ များလာပြီး တုပ်ကွေးဖြစ်တယ်ဆိုတဲ့ စကားတွေက ကြားနေရပါပြီ။ တုပ်ကွေးက အရွယ်ရောက်ပြီးသူတွေမှာတောင် ခံစားရခက်တယ်ဆိုရင် ကိုယ်ခံအား နည်းပြီး နုနယ်သေးတဲ့ဘေဘီလေးတွေမှာ ဘယ်လောက်များခံစားရခက်လိုက်မလဲနော်။ ဒီတော့ ဘေဘီလေးတွေကို တုပ်ကွေးမဖြစ်အောင် ကာကွယ်ချင်လို့ မေမေဖေဖေတို့က တုပ်ကွေးကာကွယ်ဆေးထိုးဖို့ စဉ်းစားကြပြီလေ။ ဒီလိုစဉ်းစားလိုက်တဲ့အခါ သိချင်တဲ့ အကြောင်းအရာတွေက တစ်ခုမကရှိနေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးကို တုပ်ကွေး ကာကွယ်ဆေးထိုးပေးဖို့ စဉ်းစားနေတဲ့ မေမေဖေဖေတို့ သိချင်လောက်မယ့် အကြောင်းအရာတွေကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေလား။ ဘေဘီလေး တုပ်ကွေး ဖြစ်နေပြီလား........ တုပ်ကွေး အမျိုးအစားတွေက အများကြီး ရှိနိုင်ပြီး တစ်နှစ်နဲ့တစ်နှစ် ဖြစ်ပွားတဲ့ တုပ်ကွေးမျိုးစိတ်ချင်းလည်း […]

ရာသီတုပ်ကွေး

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

မိုးလေးအေးလာရင် ပတ်ဝန်းကျင်လေးစိမ်းလန်းလာလို့ စိတ်ချမ်းသာရတာ ကိုယ်တွေတင်မဟုတ်ပါဘူး။ ကိုယ်တွေကို နာဖျားအောင်လုပ်မယ့် တုပ်ကွေးပိုးလေးတွေရောပါ။ တုပ်ကွေးဖြစ်ရင် တစ်ကိုယ်လုံးကကိုက်ခဲ၊ အဖျားကတက်၊ ပါးစပ်ကပျက်နဲ့ခံစားရတော်တော်ခက်တယ်။ ဒီကြားထဲက ကိုယ်ကအိမ်ရဲ့ တုပ်ကွေး ဖြန့်ချိသူများဖြစ်ခဲ့ရင် စိတ်ထဲမှာစိတ်မကောင်းတောင်ဖြစ်မိသေးတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်တာပါ။ ကာကွယ်ခြင်း ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားကလည်းရှိသေးတာကိုး။ ဒီတော့ ရာသီတုပ်ကွေးကို ဘယ်လိုများကာကွယ်ကြမလဲ။ လွယ်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးပေါ့။ ကာကွယ်ဆေးထိုးလို့သာပြောတယ် ဘာမှသေသေချာချာမသိဘဲ မထိုးနိုင်ပါဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေရှိနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေတွေကို ထုတ်ပေးမှာပါ။ ဘယ်သူတွေက ရာသီတုပ်ကွေးကာကွယ်ဆေး အထိုးသင့်ဆုံးလဲ....... အခုပြောပြမယ့်သူတွေက ကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်တာပါ။ ကိုယ်ဝန်ဆောင်မေမေတွေ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ ကိုယ်ခံအားနည်းသူတွေ ဆီးချိုရောဂါရှိသူ အသည်းရောဂါရှိသူ ကျောက်ကပ်ရောဂါရှိသူ အဝလွန်နေသူတွေ ခုခံအားကျ ကူးစက်ရောဂါခံစားနေရသူတွေ ကင်ဆာရောဂါရှိသူတွေ ပန်းနာရင်ကျပ်ရောဂါခံစားနေရသူတွေ ကင်ဆာရောဂါခံစားနေရသူတွေ […]

ရာသီတုပ်ကွေး

အိမ်ထဲမှာ တုပ်ကွေး ကူးစက်မှု နည်းစေဖို့

ခုဆိုရင် တုပ်ကွေး ရောဂါတွေက တော်တော်များများ ဖြစ်လာကြပါတယ်။ တစ်ယောက်ဖြစ် တစ်အိမ်လုံး ဖြစ်လို့ ပြောရအောင်ကို ကူးစက်တာလည်း မြန်ပါတယ်။ ဒီလို ကူးစက်တဲ့အခါကျတော့ သာမန်လူအနေနဲ့ ပြဿနာမရှိပေမယ့် ရောဂါအခံရှိသူတွေ၊ မကြာသေးခင်ကမှ ကိုဗစ်ဖြစ်ပြီး နာလန်ထတဲ့ လူနာတွေအတွက်က အရေးကြီးပါတယ်။ နဂိုတည်းက ခုခံအား နည်းနေတဲ့အတွက် တုပ်ကွေးပါ ထပ်ကူးခံရရင် သူတို့အတွက် မလွယ်ပါဘူး။ ဒါကြောင့် သူများတွေဆီကနေ တုပ်ကွေးကူးမလာအောင်၊ အိမ်မှာ တစ်ယောက်ဖြစ်ရင် ကျန်တဲ့သူတွေ မကူးအောင် စနစ်တကျ ကာကွယ်ထားသင့်ပါတယ်။ တုပ်ကွေး ဖြစ်နေပြီလား။ တုပ်ကွေးက နှစ်တိုင်း အချိန်ရောက်ရင်ဖြစ်နေကျပါ။ တချို့နှစ်တွေမှာ သိပ်မပြင်းထန်ဘဲ လူနည်းနည်းလောက်ပဲ ဖြစ်သွားတာ ရှိသလို ခုလိုမျိုး လူတွေ အများကြီး အကူးခံရတာမျိုးလည်း ရှိပါတယ်။ ရာသီတုပ်ကွေးက influenza ဗိုင်းရပ်စ် type A ဒါမှမဟုတ် B […]

ရာသီတုပ်ကွေး

တုပ်ကွေးဖြစ် နေချိန်မှာ ရုံးတက်ရတဲ့အခါ

တဖြည်းဖြည်းနဲ့ မိုးရာသီကို ရောက်လာပြီမို့လို့ မိုးရာသီရောဂါတွေကို ဂရုစိုက်ရတော့မှာပါ။ အဓိကကတော့ ရာသီတုပ်ကွေးပေါ့။ ခုချိန်မှာ ရုံးတွေကလည်း ပြန်တက်နေရပြီ။ မိုးတွင်းမှာ မတော်တဆများ တုပ်ကွေးဖြစ် ခဲ့ရင် ဘယ်လိုလုပ်လုပ်မလဲ။ အလုပ်ဆက်လုပ်ရမလား၊ နားရမလား။ အလုပ်ဆက်လုပ်ရမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်တွေ ဘာရှိမလဲ ဆိုတာ ပြောပြပေးပါ့မယ်။ ရုံးတက်ချိန်မှာ တုပ်ကွေးဖြစ် ခဲ့သော် ရုံးတက်မှာလား၊ မတက်ဘူးလား ဆိုတာ အရင်စဉ်းစားရမှာပါ။ အလုပ်တွေကပုံနေတယ်၊ ခွင့်ကိစ္စကလည်း မလွယ်ဘူး၊ ကိုယ်ပြန်လာရင် လုပ်ရမယ့် အလုပ်တွေကလည်း ပုံနေမှာမို့လို့ ဆေးသောက်ပြီး တက်ချင်တယ်ဆိုတဲ့ သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် အကြံပေးချင်တာကတော့ တုပ်ကွေးဖြစ် ရင် အကောင်းဆုံးက အိမ်မှာ နားတာပါပဲ။ အိမ်မှာနားတော့ ကောင်းကျိုး ၂ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မြန် သက်သာတာပါ။ အိမ်မှာ သေသေချာချာ […]

အခြား ကျန်းမာရေး ကိရိယာများ

အအေးမိတုပ်ကွေးသက်သာစေမယ့်နည်းလမ်းများ

ရာသီတုပ်ကွေး

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ

အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလို မိုးတွင်းနဲ့ ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေး ဖြစ်တဲ့လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့ အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ ဆိုတော့ ကြက်စွပ်ပြုတ် စွပ်ပြုတ်ဟာ တုပ်ကွေးရောဂါအတွက် အကောင်းဆုံး ဆေးစာတွေထဲက တစ်မျိုးပါ။ ကြက်စွပ်ပြုတ်အပြင် အမဲစွပ်ပြုတ်၊ […]

ရာသီတုပ်ကွေး

အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု

အအေးမိတုပ်ကွေးဖြစ်နေချိန်တော့ တကယ်ကို ခံရခက်တဲ့ လက္ခဏာတွေပါပဲ။ ကိုယ်ပူတာ၊လည်ချောင်းနာတာ၊ နှာစေးနှာပိတ်၊ ကိုယ်လက်ကိုက်ခဲမှုနဲ့ ချမ်းတုန်တာတွေ စုံလို့ပါပဲ။ ဆရာဝန်ပြပြီးဆေးကုသမှုခံယူထားတယ်ဆိုပေမယ့်လည်း အအေးမိခြင်းရဲ့သဘာဝအရ သူ့ကာလအတွင်းမှာတော့ နှာစေး၊ချောင်းဆိုး စတဲ့လက္ခဏာတွေခံစားရဦးမှာဖြစ်ပါတယ်။ ဒါတွေသက်သာဖို့၊ ကုသမှုကို ထိရောက်အောင်ပံ့ပိုးနိုင်ဖို့ ကူညီပေးမယ့် နည်းလမ်းတွေရှိပါတယ်။ ဒီတော့ အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း တွေက ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု အအေးမိတုပ်ကွေးသက်သာစေမယ့် သဘာဝနည်းလမ်း တွေက ဘာတွေများလဲ။ (၁)ရေ သို့မဟုတ် အရည်သောက်ပါ ဖျားပြီဆိုတာနဲ့ ခန္ဓါကိုယ်ကေရဓါတ်လျော့ကျလာနိုင်ပါတယ်။ အထူးသဖြင့် ပျို့အန်တာ၊ ဝမ်းလျှောတာပါဖြစ်ရင်ပေါ့။ ဒါ့ကြောင့်ရေဓါတ်လုံလောက်အောင်ဂရုစိုက်ပါ။ရေ၊ အသီးဖျော်ရည်၊ဓါတ်ဆားရည်၊ ဒါမှမဟုတ် စွပ်ပြုတ်သောက်လို့ရပါတယ်။ရေဓါတ်ပြည့်လား၊ လျှော့နည်းနေလားသိချင်ရင် ဆီးအရောင်ကိုကြည့်ပါ။ဖျော့လွန်းတဲ့အဝါရောင်ဖြစ်နေရင်ရေဓါတ်လုံလောက်လို့၊ ဆီးအရောင်ရင့်နေရင်ရေဓါတ်နည်းနေလို့ဖြစ်ပါတယ်။ (၂) ကြက်စွပ်ပြုတ်သောက်ပါ နေမကောင်းဖြစ်ပြီဆိုတာနဲ့ ကြက်စွပ်ပြုတ်တိုက်တာ အိမ်မှာအမေပြုစုပေးတဲ့မိရိုးဖလာနည်းတစ်ခုပါ။ နေမကောင်းဖြစ်လာရင် စွပ်ပြုတ်ပူပူလေးသောက်ခိုင်းတာပဲ။ ဒီနည်းက တကယ်မှန်ပါတယ်။ ကြက်စွပ်ပြုတ်က အအေးမိဝေဒနာနဲ့အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကိုဝေဒနာသက်သာလျော့ပါးစေနိုင်ပါတယ်။ (၃)ငြိမ်ငြိမ်သာနေပါ ခန္ဓါကိုယ်က အချက်ပြတဲ့အတိုင်းသာ […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း (၇) ခု

လူရယ်လို့ ဖြစ်လာရင် ဖျားတာ၊နာတာ၊ ထိတာခိုက်တာကတော့ ရှိမှာပါ။ ဖျားတဲ့အခါ နေ့စဉ် လုပ်ဆောင်နေကျ အလုပ်တွေမှာ ထိခိုက်မှု ဖြစ်လာစေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုတွေ ဖြစ်မလာစေဖို့အတွက် ဖျားနာတာမျိုး မဖြစ်အောင် ဂရုစိုက်တဲ့ ကြားကပဲ ဖျားနာမှု ဖြစ်လာခဲ့ရင် အဖျား မြန်မြန်ပျောက်ချင်ကြမယ် ထင်ပါတယ်။ ဒီလိုမျိုး ဖျားနာမှုတွေ ဖြစ်လာတဲ့ အခါ အဖျားမြန်မြန်သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေက ဖျားနာမှုတွေ ဖြစ်တိုင်း ဆေးခန်းသွားဖို့ မလိုအပ်ပါဘူး။ နေအိမ်မှာပဲ အဖျား ကျသွားအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ (၁) ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ - ဖျားနေတဲ့အခါ ရေမချိုးရဘူးလို့ ယူဆနေကြတာ များပါတယ်။ ဒီအယူအဆက အပြည့်အဝတော့ မမှန်ပါဘူး။ ဖျားတဲ့အခါ ကိုယ်အပူချိန် ကျသွားစေဖို့အတွက် […]

နှာခေါင်းပြဿနာများ

နှာစေး တဲ့ ပြဿနာကို အိမ်မှာအလွယ်တကူ ဖြေရှင်းကြမယ်

အေးမြတဲ့ ဆောင်းရာသီမှာ ဖြစ်စေ၊ ရာသီဥတု ပူနေတဲ့အချိန်မှာဖြစ်စေ နှာစေး တဲ့ ပြဿနာဟာ ကြုံလာရနိုင်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာမျိုး မဟုတ်ပေမဲ့ ဝေဒနာခံစားနေရသူအတွက်ရော၊ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နှာစေး ၊ နှာပိတ်တာဟာ အအေးမိ၊ တုပ်ကွေး ဖြစ်တဲ့အချိန်မှာ အတွေ့အများဆုံး လက္ခဏာဖြစ်ပြီး ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ရောဂါတစ်ခုခု ကိုယ်ခန္ဓာထဲ ဝင်ရောက်တဲ့ အခါမျိုးမှာလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် နှာစေး၊ နှာပိတ်၊ ချောင်းဆိုးနေပြီဆိုရင် လက်ကိုင်ပဝါ၊ တစ်သျှူးနဲ့ ပါးစပ်ကို အုပ်ထားဖို့ လိုအပ်ပါတယ်။ ရောဂါပိုးဟာ အထိအတွေ့တင်မက လေထဲကနေပါ ပျံ့နှံ့နိုင်တာကြောင့်ပါ။ အထူးသဖြင့် ခုလို ခြောက်သွေ့ပြီး အေးမြနေတဲ့ ဆောင်းရာသီလို အချိန်မျိုးမှာ အအေးမိ၊ တုပ်ကွေး အဖြစ်များတာကြောင့် လူထူထပ်တဲ့ နေရာသွားတာ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ […]

နှာခေါင်းပြဿနာများ

နှာစေးနှာပိတ် တာကို သက်သာစေဖို့

ဖျားတော့မယ်ထင်တယ်။ နှာတွေချေနေတယ်။ နှာရည်တွေလည်းကျပြီး အသက်ရှူရတာလည်း မကောင်းလိုက်တာလို့များ ဖြစ်နေလား။ နှာခေါင်းပိတ်တာ၊ နှာစေး တာတွေကို သက်သာစေမယ့်နည်းလမ်းလေးတွေပြောပြပေးမယ်နော်။ နှာခေါင်းပိတ်ရတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ အစရှိတဲ့ပိုးမွှားတွေကြောင့် နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ တစ်ရှူးတွေရောင်ရမ်းတာကြောင့်နောက်ဆက်တွဲ နှာခေါင်းထဲက သွေးကြောလေးတွေရောင်ရမ်းလာတာကြောင့် အဓိကဖြစ်ရပါတယ်။ နှာခေါင်းပိတ်တာနဲ့ နှာစေးတာနဲ့ကတော့ အမြဲလိုလိုတွဲပြီးဖြစ်ပေါ်လေ့ရှိပါတယ်။ ညဘက်ဆို နှာခေါင်းပိတ်နေလို့ အသက်ရှူကျပ် အိပ်မရဖြစ်၊ လူကြားထဲမှာ နှာခေါင်းတရှုံ့ရှုံ့နဲ့ နေရထိုင်ရတာခက်၊ အစားအသောက်တွေလည်း အရသာမရှိနဲ့ သိပ်ဝေဒနာမဆိုးလှပေမယ့် နေရထိုင်ရခက်တဲ့ဝေဒနာပေါ့။ ဒီအချက်တွေကြောင့် နှာစေးနှာပိတ်အများဆုံးဖြစ်နိုင်ပါတယ် ဒီအချက်တွေကြောင့် နှာစေးနှာပိတ် အများဆုံးဖြစ်နိုင်ပါတယ် အအေးမိတာ တုပ်ကွေးဖြစ်တာ ဓာတ်မတည့်ဖြစ်တာ Sinus infection ဖြစ်တာတွေကြောင့် နှာစေးနှာပိတ်တာတွေဖြစ်နိုင်ပါတယ်။ နှာစေးနှာပိတ် တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ နှာခေါင်းကို သန့်စင်ပေးပါ နှာခေါင်းထဲမှာပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ဖြည်းဖြည်းချင်း ညှစ်ထုတ်ဖယ်ရှားပေးပါ။ နှာခေါင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားတာက နှာစေးနှာပိတ်တာကို သက်သာစေမယ့် အကောင်းဆုံးသော […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

မိုးရွာတာ စိပ်ပြီး ရာသီဥတုလေးလည်း အေးလာတဲ့အခါကျတော့ ခန္ဓာကိုယ်က အပရိက နာဖျားမှုလေးတွေ ဖြစ်လာတာပေါ့။ ဒီထဲမှာ ချောင်းဆိုးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ချောင်းခြောက်ဆိုးတဲ့သူလည်း ရှိသလို ချွဲထတဲ့သူလည်း ရှိတာပေါ့။ ဒီလိုအချိန်မှာ ဆေးရုံ ဆေးခန်း မသွားချင်သေးဘူးဆိုရင် အိမ်မှာတင် သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ။ ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။ ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင် ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်တော့ ပျားရည် ပျားရည်စစ်စစ် တစ်ဇွန်း၊ နှစ်ဇွန်းလောက် သောက်ပေးတာက ပိုးတွေကို သေစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ အခန့်မသင့်ရင် အဆိပ်သင့်တတ်ပါတယ်။ အရည်ပူပူလေးတွေ သောက်ပေးပါ။ ရေနွေးကြမ်းတွေ၊ စွပ်ပြုတ်ပူပူလေးတွေ နှစ်သက်ရာ သောက်ပေးနိုင်ပါတယ်။ ဘာမှမရှိရင်တောင် […]