backup og meta

နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်

    အအေးမိဖျားနာမှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် အရမ်း ထိရောက်တဲ့ နည်းလမ်း တစ်ခု ရှိပါတယ်။ လူတွေ နေ့တိုင်းထိတွေ့နေတဲ့ အလေ့အကျင့်လေးတစ်ခု ပါပဲ။ လက်ဆေးဖို့ပါ။ ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာနေဖို့အတွက် ဒီရိုးရှင်းတဲ့ အလေ့အထလေးက မထင်မှတ်ထားလောက်အောင်ကို အသုံးဝင်ပါတယ်။ လက်ဆေးတာက အအေးမိဖျားနာတာနဲ့ ရောဂါပိုး အမျိုးမျိုးတွေရဲ့ အန္တရာယ်တွေကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ နည်းစနစ် မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင် …….

    နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်

    လက်ဆေးတာက ကျန်းမာဖို့အတွက် အထောက်အကူ ပြုတယ်ဆိုတော့ လက်မှန်မှန်ဆေးမယ်လို့ စဉ်းစားနေပြီမှတ်လား။ ဒီနေရာမှာ သတိထားဖို့ တစ်ခု ကျန်နေပါသေးတယ်။ လက်ဆေးပေမယ့် လက်ဆေးနည်း မမှန်ပြန်ရင်လည်း မထိရောက်ပါဘူး။ ဒီတော့ ဘယ်လို မှန်မှန်ကန်ကန်နဲ့ လက်ဆေးမလဲ ဆိုတာကို သိဖို့အတွက် ဒီဆောင်းပါးလေးက ဖော်ပြပေးထားပါတယ်။

    လက်ကို ဘယ်လိုဆေးကြောမလဲ

    လက်ကို ဘယ်လိုများ ဆေးရမှာလဲ ရေနဲ့ ဆပ်ပြာနဲ့ ဆေးတာပေါ့လို့များ ပြောချင်နေပြီလား။ မဟုတ်သေးဘူးနော်။ သေချာ ဆေးမိရဲ့လား မေးချင်တာပါ။ ကဲ နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင် လား …………….

    • အရင်ဆုံး လက်ကို ရေနဲ့ဆေးချလိုက်ပါ။
    • ပြီးရင် ဆပ်ပြာ ယူပါမယ်။ ဆပ်ပြာတုံးဖြစ်ဖြစ် ။ လက်ဆေး ဆပ်ပြာရည် ဖြစ်ဖြစ် ကြိုက်နှစ်သက်ရာနဲ့ ဆေးလို့ ရပါတယ်။
    • ပြီးရင် လက်တစ်ခုလုံးကို နှံ့အောင် ပွတ်တိုက်ပေးပါ။ လက်ဖဝါးရော လက်ဖမိုးကိုရောပေါ့။
    • လက်ချောင်းတစ်ချောင်းချင်းစီကို သေချာလေး ဆေးကြောပေးပါ။ လက်ချောင်းလေးတွေ ကြားထဲမှာ ရောဂါပိုးတွေ ကပ်ကျန်မနေစေဖို့ပါ။
    • ပြီးရင်တော့ လက်သည်းလေးတွေပေါ့။ လက်သည်း အပေါ်ဘက်ရော ရှည်နေတဲ့ လက်သည်းလေးတွေရဲ့အောက်ဘက်ကိုရောပေါ့။
    • လက်ကောက်ဝတ်တွေကိုလည်း ချန်မထားပါနဲ့ ဆပ်ပြာနဲ့ သေချာတိုက်ပါ။
    • လက်ဆေး တဲ့အခါ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆေးနော်။ စက္ကန့် ၂၀ မှတ်ရခက်နေရင် “Happy Birthday” သီချင်းကို နှစ်ခါလောက် ဆိုလိုက်ပါ။ အဲဒါက ကွက်တိပဲ စက္ကန့် ၂၀။
    • ပြီးရင်တော့ရေသန့်သန့်လေးနဲ့ ဆပ်ပြာမြှုပ်တွေ စင်အောင်ဆေးချလိုက်တော့နော်။
    • ပြီးရင် တဘက်စ၊ လက်သုတ်ပဝါသန့်သန့်လေးနဲ့ လက်သည်းတွေ၊ လက်ချောင်းကြားတွေ မကျန် သေချာခြောက်အောင် သုတ်ပေးပါ။ တစ်ရှူးနဲ့ သုတ်ပေးလို့လည်း ရသလို လက်အခြောက်ခံစက်နဲ့ အခြောက်ခံပေးလို့လည်း ရပါတယ်။

    ဘယ်လိုအချိန်တွေမှာ လက်ဆေးမလဲ

    လက်က ရောဂါပိုး အများဆုံး ကပ်ငြိနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပေါ့။ ဒီတော့ ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ အဓိကပို့ဆောင်သူက ဘာလုပ်လုပ် မပါမဖြစ် အရေးပါတဲ့ ဇာတ်လိုက်တွေဖြစ်တဲ့ ကိုယ်တွေရဲ့ လက်နှစ်ဖက်ပေါ့။ လက်တွေကို ရောဂါပိုးတွေ မကပ်ငြိအောင်ထားဖို့က မလွယ်ဘူးလေ။ ဒီတော့ရောဂါတွေကင်းဝေးဖို့ဆိုရင် လက်ကို မကြာမကြာ ဆေးဖို့လိုမှာပါ။

    • အစားအစာတွေ မစားခင်
    • အစားအသောက်တွေ မပြင်ဆင်ခင်
    • အနာ တစ်ခုခုကို မကိုင်တွယ်ခင်
    • ဖျားနေတဲ့လူနာကို မပြုစုခင်
    • ကလေးငယ်ငယ်လေးတွေကို မကိုင်တွယ်ခင်
    • မျက်ကပ်မှန် မတပ်ခင် နဲ့ မျက်ကပ်မှန်ဖြုတ်ခါနီး
    • အိမ်သာက ဆင်းတဲ့အချိန်
    • တိရစ္ဆာန်လေးတွေကို ကိုယ်တွယ်ပြီးတဲ့အချိန်၊ အစားကျွေးပြီးချိန်၊ သန့်ရှင်းရေးလုပ်ပေးပြီးချိန်
    • ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အချိန်
    • နှာချေ၊ချောင်းဆိုး၊ နှပ်ညှစ်ပြီးတဲ့အခါမျိုး
    • အနာတွေကို ကိုင်တွယ်ပြီးချိန်
    • ဖျားနေတဲ့လူနာကိုပြုစုပေးပြီးချိန်
    • အမှိုက်သိမ်း၊ အိမ်သန့်ရှင်းရေးလုပ်ပြီးချိန်တွေမှာ လက်ဆေးဖို့ မမေ့ပါနဲ့။

    ကဲရောဂါကင်းစင်လှပတဲ့ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့ အခုကစပြီး လက်ဆေးမယ် မဟုတ်လား…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement