အိမ်မှာရှိတဲ့ မျက်နှာပြင်မာကျောတဲ့ အရာဝတ္ထုတိုင်းကို သန့်စင်ရှင်းလင်းပေးနေသင့်ပါတယ်။ တံခါးလက်ကိုင်တွေ၊ ဗီဒိုတွေ၊ မီးခလုတ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ရေချိုးခန်းတွေ၊ သန့်စင်ခန်းတွေ စတာတွေကိုပေါ့။
- ကလေးကို အရုပ်တွေနဲ့ အချိန်အကြာကြီးမဆော့ပါစေနဲ့
တကယ်လို့ ဖျားနာနေတဲ့သူက လူကြီးမဟုတ်ဘဲ ကလေးဆိုရင် ကစားချိန်ကို သေချာသတ်မှတ်ပေးပါ။ အရုပ်တွေနဲ့ ကစားရင်လည်း အချိန်အကြာကြီး မကစားပါစေနဲ့။ ပိုးတွေ အရုပ်မှာ ကပ်ငြိနေနိုင်တာကြောင့်ပါ။ ကစားပြီးချိန်တိုင်းမှာ သန့်စင်ပေးဖို့လည်း လိုအပ်ပါတယ်။
- သေးစိုခံကို ပုံမှန်လဲလှယ်ပေးပါ
တကယ်လို့ ဖျားနာနေတဲ့ ရင်သွေးက အရမ်းငယ်ရွယ်သေးနေရင် သေးစိုခံဒိုက်ပါကို မပြတ်စောင့်ကည့်နေပြီး စိုစွတ်လာတိုင်း လဲလှယ်ပေးဖို့ လိုမှာပါ။
တချို့ရောဂါပိုးတွေဟာ အစားအသောက်ကနေတဆင့်လည်း ကူးစက်နေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ချက်ပြုတ်ရာမှာ သန့်ရှင်းအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အဖျားမကူးစက် အောင် နေမကောင်းတဲ့သူ အဖျားပျောက်ပြီး၊ ရောဂါလက္ခဏာပြသမှုကင်းစင်ပြီး ၄၈ နာရီကြာမှ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ်ခွင့်ပြုပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။