Pneumonia ( နမိုးနီးယား )ဆိုတာ အဆုတ် ဘယ်ခြမ်း သို့ ညာခြမ်း သို့ တစ်ခုလုံးကို ပိုးဝင်တဲ့ ရောဂါဖြစ်ပါတယ်။ နမိုးနီးယားဖြစ်စေသော ရောဂါပိုးများစွာရှိပါတယ်။ ကူးစက်ခံရသော အဆုတ်မှ အရည်များစိမ့်ထွက်ပြီး ဆဲလ်သေများကို ခွာချတဲ့အခါ လေအိတ်ငယ်များကို ပိတ်စေပါတယ်။ ဒါကြောင့် အဆုတ်မှ အောက်စီဂျင်ယူပြီး သွေးဆီသွင်းပေးရန် ခက်ခဲသွားပါတယ်။ အောက်စီဂျင်မလုံလောက်လျှင် သင့်ခန္ဓာကိုယ်လည်း ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။