တချို့က နှာစေးရာက ချွဲတွေ အသက်ရှူလမ်းကြောင်းထဲရောက်ပြီး ချောင်းဆက်ဆိုးတာပါ။ ဒါကြောင့် နှာရည်တွေကို ရှင်းထုတ်ပစ်မှ နောက်က ချောင်းဆိုးတာ သက်သာမှာပါ။ ဒါကြောင့် နှာခေါင်းကို ရေကြက်သီးနွေးနဲ့ ကျင်းပစ်ပြီး နှာရည်တွေ ထုတ်ပစ်ပါ။
ဒါအလွယ်ဆုံးနည်းပါပဲ။ ပရုတ်ဆီ လက်တစ်ကလော်လောက်ကို လက်ဖဝါးထဲထည့်ပြီး ပွတ်ရှူလိုက်ပါ။ ပရုတ်ဆီမှာပါတဲ့ menthol (မန်သော်)က အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး အသက်ရှူရကောင်းစေပါတယ်။ ဒါ့ပြင် ချွဲကိုလည်း ပျော်စေပါတယ်။ ကလေးတွေဆိုရင်လည်း ရင်ဘတ်မှာ နည်းနည်း လူးထားပေးရင် အနံ့ကို ရှူနေရတာကြောင့် အရင်ကထက် ချောင်းဆိုးတာ သက်သာလာမှာပါ။
ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းတာက လည်ချောင်းက အချွဲတွေကို ပျော်စေသလို ယားယံတာကိုလည်း သက်သာစေပါတယ်။ သာမန်ပလုပ်ကျင်းသလို မဟုတ်ဘဲ လည်ချောင်းထဲထိရောက်အောင် သေချာ အာလုပ်ကျင်းကြည့်ပါ။
- ဆေးဝါးတွေ မှီဝဲချင်တယ်ဆိုရင်
လူကြီးတွေအနေနဲ့ကတော့ ချောင်းဆိုးပျောက်ငုံဆေးတွေ၊ လည်ပင်းနာသက်သာစေတဲ့ ငုံဆေးတွေ ငုံပေးနိုင်ပါတယ်။ ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ ချွဲထရင် ချွဲပျော်ဆေး စသဖြင့် ဆေးဆိုင်မှာ မေးဝယ်ပြီး ရက်တို သောက်နိုင်ပါတယ်။ ဓာတ်မတည့်လို့ ချောင်းဆိုးတာဆိုရင်တော့ ဓာတ်မတည့်ဖြေဆေး (ဥပမာ cetrizineလိုမျိုး) သောက်ပေးနိုင်ပါတယ်။ ကလေးဆိုရင်တော့ ဆေးအညွှန်းကို သေချာဖတ်ပြီးမှ တိုက်ပါ။
ဘာတွေ ရှောင်ကြဉ်ရမလဲ။
- ချောင်းဆိုးနေတယ်ဆို တခြားလူတွေနဲ့ ရောမနေပါနဲ့။ သပ်သပ်နေပါ။ ဝေးဝေးနေပါ။
- မကြာခဏ လက်ဆေးပါ။
- ဓာတ်မတည့်တာကြောင့်ဆိုရင် ဓာတ်မတည့်စေတဲ့ အကြောင်းအရင်းကို ဖယ်ရှားပါ။
- ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချိုလွန်းတာတွေ၊ အဆီများတာတွေ၊ အရက် စတာတွေကို ခဏရှောင်ထားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။