ကာကွယ်ဆေးက တစ်နှစ်ကို တစ်ကြိမ်ထိုးဖို့လိုပါမယ်။
တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်နိုင်လား……
တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်သလို လက္ခဏာတွေခံစားရနိုင်ပေမယ့် တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးတော့မဖြစ်နိုင်ပါဘူး။
တုပ်ကွေးကာကွယ်ဆေးကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ………
တုပ်ကွေးကာကွယ်ဆေး ခန္ဓာကိုယ်ထဲမှာ ဓာတ်ပြုတဲ့အခါ ကာကွယ်ဆေးထိုးပြီး တစ်ရက် နှစ်ရက်လောက်အတွင်း
ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ အဖျားတက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ လူတိုင်းမှာတော့ မဖြစ်ပါဘူး။
ကာကွယ်ဆေးထိုးထိုးပြီးခြင်း အာနိသင်ရှိလား………
ကာကွယ်ဆေးက ထိုးပြီးပြီးချင်းမှာ အာနိသင်မပြပါဘူး။ ကာကွယ်ဆေးထိုးပြီးလို့ သီတင်းပတ် ၂ ပတ်ကြာမှ အာနိသင်က စပြတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးချိန်ကနေ ၂ ပတ်အတွင်းမှာ တုပ်ကွေး ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ၂ ပတ်အတွင်းမှာ တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ဖို့လိုပါမယ်။ ကာကွယ်ဆေးထိုးပြီးလည်း တုပ်ကွေးက လုံးဝ မဖြစ်တော့တာ မဟုတ်ပါဘူး။ ဖြစ်နိုင်ချေနည်းသွားတာပါ။ ဒါကြောင့် တခြားတုပ်ကွေးကာကွယ်တဲ့ နည်းလမ်းတွေကိုလည်း လိုက်နာနေရဦးမှာပါ။
ကာကွယ်ဆေးကြောင့် ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ……..
ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးဓာတ်ပြုမှုကြောင့် ခန္ဓာကိုယ်မှာ အခုလိုဘေးထွက်ဆိုးကျိုးလေးတွေရှိနိုင်ပါတယ်။
- အဖျားငွေ့ငွေ့လေးရှိမယ်
- ဆေးထိုးထားတဲ့နေရာက နာနေမယ်
- အားကုန်နေသလိုဖြစ်နေမယ်
-
ရောင်ရမ်းမယ်
- အသက်ရှုရခက်မယ်
- ထုံကျဉ်မယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်လိုအခြေအနေမှာ ကာကွယ်ဆေးမထိုးသင့်ဘူးလဲ………
ကာကွယ်ဆေးက လူတိုင်းနဲ့ သင့်တော်မဟုတ်သလို အချိန်တိုင်းထိုးလို့ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေမှာဆိုရင် ကာကွယ်ဆေးမထိုးသင့်ပါဘူး။
- အဖျားရှိနေမယ်
- အပြင်းဖျားနေမယ်
- ကာကွယ်ဆေးနဲ့ဓာတ်မတည့်ဖြစ်ဖူးမယ်
ကာကွယ်ဆေးမထိုးဘဲ တုပ်ကွေးကာကွယ်လို့ရလား…….
ဆေးထိုးအပ်ကိုလည်းကြောက်တယ်။ တုပ်ကွေးလည်း မဖြစ်ချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။
- လက်ကို မကြာခဏရေနဲ့ ဆပ်ပြာသုံးပြီး သန့်စင်နေအောင်ဆေးကြောပေးပါ
- အယ်လ်ကိုဟောပါတဲ့ ရေမလိုလက်သန့်ဆေးရည်လည်း သုံးနိုင်ပါတယ်
- မျက်လုံး၊ နှာခေါင်းနဲ့ပါးစပ်တွေကို ခဏခဏ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့
- လူများတဲ့နေရာတွေကိုရှောင်ပါ
- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
- အစားမှန်မှန်စားပါ
- အိပ်ရေးဝအောင်အိပ်ပါ
- ရေများများသောက်ပါ
- စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။