ရုံးတက်ချိန်မှာ တုပ်ကွေးဖြစ် ခဲ့သော်
ရုံးတက်မှာလား၊ မတက်ဘူးလား ဆိုတာ အရင်စဉ်းစားရမှာပါ။ အလုပ်တွေကပုံနေတယ်၊ ခွင့်ကိစ္စကလည်း မလွယ်ဘူး၊ ကိုယ်ပြန်လာရင် လုပ်ရမယ့် အလုပ်တွေကလည်း ပုံနေမှာမို့လို့ ဆေးသောက်ပြီး တက်ချင်တယ်ဆိုတဲ့ သူတွေလည်း ရှိမှာပါ။
ဒါပေမယ့် အကြံပေးချင်တာကတော့ တုပ်ကွေးဖြစ် ရင် အကောင်းဆုံးက အိမ်မှာ နားတာပါပဲ။ အိမ်မှာနားတော့ ကောင်းကျိုး ၂ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မြန် သက်သာတာပါ။ အိမ်မှာ သေသေချာချာ နားလိုက်တော့ မြန်မြန်နာလန်ထူပါတယ်။ နောက်တစ်ခုက ရုံးက တခြားသူတွေကို မကူးတော့ပါဘူး။
CDCရဲ့ အကြံပြုချက်အရဆိုရ င် အဖျားကျဆေးတွေ မသောက်ဘဲ အဖျားကျပြီး ၂၄နာရီပြည့်မှ ရုံးပြန်တက်ခိုင်းပါတယ်။ နောက်ပြီး တုပ်ကွေးတိုင်းက မဖျားပါဘူး။ တခြားသူတွေမှာ နှာစေးချောင်းဆိုး ကိုယ်လက်ကိုက်တာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့်လည်း အနည်းဆုံး အိမ်မှာ ၄၊ ၅ရက်တော့ နားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တုပ်ကွေးက စဖြစ်ဖြစ်ချင်း ၃ရက်မှာ အကူးစက်နိုင်ဆုံး မို့လို့ပါ။ အိမ်မှာ ဖျားနေတာကို ရုံးလာဖို့ မပြောနဲ့။ ရုံးရောက်မှ ဖျားတယ် ဒါမှမဟုတ် ရုံးတက်နေရင်း ဖျားတယ်ဆိုရင်တောင် ချက်ချင်း အိမ်ပြန်နားသင့်တယ်လို့ အကြံပြုထားပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။