အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

အခုနောက်ပိုင်းမှာ Collagen (ကော်လာဂျင်) ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရေပြားတွေ ကျန်းမာဖို့ အသားအရေတွေ တင်းရင်းလှပစေဖို့ ကော်လာဂျင်ကို လိုအပ်တယ်ဆိုတာကို အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်းရော ယောက်ျားလေးတိုင်းပါ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာ ကော်လာဂျင် နည်းလာလေလေ အရေးအကြောင်းတွေ ဖြစ်နိုင်ခြေ များလေလေ၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ ဖြစ်လာမှာပါ။ ဒီလိုမျိုး အသားအရေထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ကော်လာဂျင် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင် ဆိုတာက အရေပြားကို ကျန်းမာပြီး အရွယ်တင်စေဖို့ လှပစေဖို့ အရိုးအဆစ်တွေနဲ့ အရွတ်တွေ ကျန်းမာစေဖို့ […]

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အကွက်လိုက်ကျွတ် စေတဲ့ Alopecia areata

ဆံပင်ကျွတ်တာက နေ့တိုင်းကြုံရတဲ့ ကိစ္စပါ။ နေ့စဉ်လူတစ်ယောက်က ဆံပင် အပင်၁၀၀လောက် ကျွတ်ပါတယ်။ ဒါက ပုံမှန်ပါ။ ဒီလိုမဟုတ်ဘဲ ဆံပင်တွေ ပါးလောက်တဲ့ထိ အများကြီး ကျွတ်နေရင် ပြဿနာပါ။ ပိုဆိုးတာက ဆံပင်အကွက်လိုက်ကျွတ် တာပါ။ ဒါဆို Alopecia areata လို့ ခေါ်ပါတယ်။ ဒီလိုအကွက်လိုက် ကျွတ်တာက ပိုဆိုးပါတယ်။ ပိုပြီးသိသာနေတဲ့အတွက် လူနာက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပါ ခံစားရပါတယ်။ Alopecia areata ဆိုတာ ပြောရမယ်ဆိုရင်တော့ အမွေးကျွတ်တာပါ။ ဆံပင်အပြင်၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေပါ ကျွတ်တတ်ပါတယ်။ ဒါပေမယ့် ဆံပင်ကျွတ်တာကပဲ အဖြစ်များပါတယ်။ သာမန်ကျွတ်တာနဲ့ မတူဘဲ အကွက်လိုက် ကျွတ်တာပါ။ ဦးရေပြားမှာ ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက်နဲ့ အကွက်လိုက် ဖြစ်နေတတ်ပါတယ်။ Alopecia areata က ဘာကြောင့် ဖြစ်ရတာလဲ။ ဒီလိုမျိုး အကွက်လိုက် ကျွတ်ရတာက […]


ဝက်ခြံ

ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ

ဝက်ခြံမညှစ်မိအောင် ထိန်းရတာက တော်တော်ခက်ပါတယ်။ ကိုယ့်မျက်နှာမှာ သိသာနေတဲ့ အဖုလေးတွေက ညှစ်ပစ်ချင်စရာပါ။ ဒါပေမယ့်လည်း ညှစ်လိုက်လို့ မတော်တဆ ပိုးဝင်သွားရင် ဝက်ခြံပိုဆိုးလာမှာ၊ အမာရွတ်တွေ ကျန်ခဲ့မှာကလည်း ကြောက်ရပါသေးတယ်။ ညှစ်ချင်ပေမယ့် မညှစ်မိအောင် အတင်းထိန်းချုပ်ထားရတာက ဝက်ခြံသမားတွေ မကြာခဏ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုပါပဲ။ ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ ဒီတော့ ဝက်ခြံမညှစ်မိအောင်  ကိုယ့်စိတ်ကိုယ်ကို လှည့်စားဖို့ လိုလာပါပြီ။ ဝက်ခြံက စညှစ်မိရင် နောက်အလုံးတွေပါ ညှစ်မိနိုင်တာကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းပြီး ဝက်ခြံပျောက်တဲ့အထိ ငြိမ်ငြိမ်နေသင့်ပါတယ်။ ဝက်ခြံမညှစ်မိအောင် ထိန်းဖို့ ဒီနည်းလမ်းတွေကို လုပ်ကြည့်ရအောင်။ https://hellosayarwon.com/skin-health/acne-skin-health/things-that-cause-acne-breakouts-you-dont-know-about/ ရက်သတ်မှတ်ထားပါ။ ဥပမာ ဒီရက်ကစလို့ ၃ရက်အတွင်း ငါဝက်ခြံမညှစ်ဘူးဆိုတဲ့ ဆုံးဖြတ်ထားလိုက်ပါ။ တစ်ခုရှိတာက ရက်ကို ဝေးဝေးမှာ ထားလေလေ၊ စိတ်မရှည်ဘဲ ညှစ်မိဖို့ များလေလေပါ။ ကိုယ်သတ်မှတ်ထားတဲ့ ရက်ရောက်လို့ ဝက်ခြံမသက်သာသေးဘူးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ဝက်ခြံသေးသွားတာပဲ။ ရောင်တာလျော့သွားတာပဲဆိုပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

ကံ့ကော်ပန်းလေးက ပေးတဲ့ အသားအရေ လှပမှု

ကံ့ကော်ပန်း လို့ဆိုလိုက်ရင် ထွေထွေထူးထူး ရှင်းပြစရာ မလိုဘဲ လူတိုင်းရဲ့ မျက်လုံးထဲမှာ ရိုးတံနဲ့ အရွက် စိမ်းစိမ်းရှည်ရှည်၊ ပွင့်ဖတ် ဖြူဖြူလေးတွေနဲ့ ဝတ်ဆံ ဝါဝါလေးနဲ့ ရနံ့ မွှေးမွှေး ပန်းလေးကို ပြေးမြင်မယ် ထင်ပါတယ်။ ငယ်ငယ်က သနပ်ခါးလူးတဲ့အခါ ဖွားဖွားက ကံ့ကော်ဝတ်ဆံခြောက်လေးတွေကို ထည့်သွေးပေးပြီး လူးပေးတာကိုလည်း လိမ်းဖူးကြမယ် ထင်ပါတယ်။ ဒီလို လိမ်းပေးတဲ့အခါ အဖွားဘာလို့ အဲ့လို ထည့်လိမ်းပေးတာလဲလို့ မေးလိုက်တိုင်း အသားလှအောင်လို့လေဆိုတာကို ကြားဖူးမယ် ထင်ပါတယ်နော်။ ဒီလိုမျိုး ဖွားဖွားက အသားလှအောင်ဆိုပြီး ထည့်ထည့်လိမ်းပေးတဲ့ ကံ့ကော်ပန်းလေးက အသားအရေကို ဖွားဖွားပြောသလို တကယ်လှစေလား။ အခြားရော အသားအရေကို ဘယ်လိုတွေ ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကံ့ကော်ပန်းဆိုတာ ကံ့ကော်ပန်းဆိုတာ ကံ့ကော်ပင်ရဲ့ ပန်းပွင့်ပါ။ ကံ့ကော်ပင်က အပင်ကြီး တစ်မျိုးဖြစ်ပြီး သစ်မာပင်တစ်မျိုးပါ။ […]


ဝက်ခြံ

အမျိုးသားတွေမှာ ဝက်ခြံပေါက် ရတဲ့ အကြောင်းရင်း

ဝက်ခြံဆိုတာ အမျိုးသားမှာရော အမျိုးသမီးမှာရော ကြုံရတဲ့ ပြဿနာပါ။ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကုသမှု ခံယူတဲ့သူ များတာကြောင့် အမျိုဝက်ခြံက အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ ထင်ရတာပါ။ တကယ်က အမျိုးသားတွေလည်း ဝက်ခြံပေါက် တတ်ပါတယ်။ လူပျိုပေါက်အရွယ်ကစပြီး ၂၀ကျော်၊ ၃၀ကျော်အထိ ပေါက်တတ်ပါတယ်။ အမျိုးသားတွေမှာ ဝက်ခြံပေါက် ရတဲ့ အကြောင်းရင်း ဟော်မုန်းအပြောင်းအလဲ အမျိုးသားမှာရော အမျိုးသမီးမှာပါ ဝက်ခြံပေါက်ရတဲ့ အဓိက အကြောင်းရင်းက ဟော်မုန်းအတက်အကျကြောင့်ပါ။ အထူးသဖြင့် အမျိုးသားတွေမှာ ထွက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်းရဲ့ receptorတွေက အဆီဂလင်းတွေမှာ အများကြီး ရှိပါတယ်။ ဆိုလိုတာက တက်စတိုစတီရုန်းများလေလေ အဆီပိုထွက်လေပါ။ အမျိုးသားမှာရော အမျိုးသမီးမှာရော တက်စတိုစတီရုန်း ဟော်မုန်း ရှိပေမယ့် အမျိုးသားတွေမှာ သိသိသာသာများတာကြောင့် အဆီလည်း ပိုထွက်ပါတယ်။ အဆီတွေထွက်တာနဲ့အတူ ချွေးပေါက်တွေပါ ပိတ်လာတဲ့အခါ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

ဟင်းချက်လို့ ပဲဖြစ်ဖြစ်၊ အသားငါးတွေ ဆေးကြော သန့်စင်လို့ ပဲဖြစ်ဖြစ်၊ လက်သည်းကို အရောင် ပြောင်းစေနိုင်တဲ့ အရာ တစ်ခုခုကို ကိုင်တွယ် ထိတွေ့မိလို့ ပဲဖြစ်ဖြစ် လက်သည်းတွေ ဝါနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ လုပ်ဆောင်လို့ ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ လက်သည်းတွေ ဘာကြောင့် ဝါ လက်သည်းတွေ ဝါရတာက ကျန်းမာရေးကြောင့်ပဲ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတွေ ဖြစ်ကြတဲ့ ဟင်းတွေ ချက်ပြုတ်တာ (အထူးသဖြင့် အရောင်တင်မှုန့် နဲ့ နနွင်းမှုန့် သုံးပြီး ချက်ရတာမျိုးတွေ) အသား၊ ငါးတွေကို ဆား၊ နနွင်း နယ်တာ အသား၊ ငါး၊ ပုစွန် စတာတွေကို ဆေးကြောတာ လက်သည်း ဆိုးဆေးတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေ ရဲ့ အားသာချက်

မျက်နှာကို ဟိုးအရင်တုန်းက မျက်နှာသစ်ဆေး ရယ်၊ မျက်နှာသစ် ဆပ်ပြာရယ်လို့ သေချာ မရှိခင်က ကိုယ်တိုက်ဆပ်ပြာတွေနဲ့ပဲ သစ်လိုက်ကြတာများပါတယ်။ ရေနဲ့ပဲ သစ်ရင် မျက်နှာပေါ်က ဖုန်မှုန့်တွေ၊ အဆီတွေက မပြောင်ဘူး။ ဆပ်ပြာနဲ့ သစ်လိုက်မှ မျက်နှာလေးက လက်နဲ့ တွန်းကြည့်လိုက်ရင် ကျလိကျလိနဲ့ ပြောင်သွားတာဆိုပြီး ကြားခဲ့ဖူးမှာပါ။ ကိုယ်တိုင်တောင် သစ်ရင် သစ်ခဲ့ဖူးမှာပါ။ ဒီအယူအဆက မျက်နှာသစ်ဆေးတွေ ဝယ်တဲ့အထိ ဆက်လက် အသက်ဝင်နေဆဲပါ။ မျက်နှာသစ်ဆေး ရွေးတဲ့အခါ အမြှုပ်များများ ထွက်တာ ဆပ်ပြာပါဝင်မှု များတာကမှ မျက်နှာပေါ်က ဖုန်မှုန့်တွေ အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မယ်လို့ ထင်နေကြဆဲပါပဲ။ တကယ်ရော ဒီအယူအဆက မှန်ရဲ့လား။ ဒါဆို အခုနောက်ပိုင်း ခေတ်စားလာတဲ့ Skin care ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေ (Soap free […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဗောက်ကင်းစေဖို့ ဒါတွေစားပါ။

ခေါင်းတွေ ယားလိုက်တာဆိုပြီး ကုတ်လိုက်မိတိုင်း ဗောက်တွေပဲ ဖြစ်ဖြစ်နေလို့ စိတ်ညစ်နေပြီလား..... ဗောက်ပျောက်စေတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေနဲ့ လျှော်ပေမယ့် ဗောက်က သက်သာမသွားလို့ ဗောက်သက်သာစေဖို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေပြီလား ..... ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အဖြစ်အများဆုံး ဆံသားနဲ့ ဦးရေပြား ပြဿနာ အဖြစ်များတဲ့ ဆံသားနဲ့ ဦးရေပြား ပြဿနာက ဗောက်ထတာပါ။ ဗောက်မထဘူးသူဆိုတာ ခပ်ရှားရှားပါ။ ဗောက် နည်းနည်း ထတာနဲ့ များများ ထတာပဲ ကွာပေမယ့် လူတိုင်းလိုလို ဗောက်ဖြစ်ဖူးပါတယ်။ အေးမြ ခြောက်သွေ့တဲ့ ဆောင်းရာသီမှာဆိုရင် ဗောက်တွေက ပိုဖြစ်ပါတယ်။ ဒီတော့ ဗောက်ကြောင့် အလှပျက်တာမျိုး မဖြစ်စေဖို့အတွက် ဒီဆောင်းပါးလေးကနေတဆင့်  ပြောပြပေးသွားပါမယ်။ ဗောက်ကင်းစေဖို့ ဒါတွေစားပါ။ ဗောက်ကင်းစေဖို့ ဒါတွေစားပါ။ ဘာတွေ စားရမှာလဲဆိုတော့ ကုလားပဲ ကုလားပဲက စားရတာ အရသာရှိသလို ဗောက်တွေ […]


ဝက်ခြံ

ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင်

ဝက်ခြံ လူတော်တော်များများ ဖြစ်တတ်တဲ့ အရေပြား ပြဿနာပါ။ လူတော်တော်များများမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အခြားသူတွေမှာတော့ အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါ ပျောက်သွားတယ်။ ကိုယ့်ဆီကျမှ ရှေ့က ဝက်ခြံက ပျောက်မယ်ရှိသေးတယ်။ အသစ်က ထပ်ထွက်လာဖို့ တာဆူနေလို့ စိတ်ညစ်နေသူလေးတွေ ရှိလား ..... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဝက်ခြံရယ်တဲ့ မပြတ်ဘူး ဖြစ်နေရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဝက်ခြံတွေကို အတူတူ နှိမ်နင်းလိုက်ရအောင်လား ....... ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် မျက်နှာပေါ်မှာ ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် အခုပြောပြမယ့် နည်းလမ်းလေးတွေကို သုံးပြီး ဖြေရှင်း ကြည့်လိုက်နော်။ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ခဏခဏ ပြောင်းလဲ အသုံးပြုတာမျိုး မလုပ်ပါနဲ့။ ဝက်ခြံထွက်တဲ့အခါ ဝက်ခြံ သက်သာစေဖို့ဆိုပြီး အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေကို ခဏခဏ ပြောင်းလဲ သုံးမိနေတယ်ဆိုရင် ဒီအကျင့်ကို အခုပဲ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေက ထိခိုက်လွယ်တာ နဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်

ရုတ်တရက် ကြည့်လိုက်ရင် အသားအရေက အားလုံး အတူတူပဲလို့ ထင်စရာ ရှိပါတယ်။ တကယ်ကတော့ အသားအရေ အမျိုးအစားတွေက တော်တော်များပါတယ်။ အသားအရေ အမျိုးအစားကို ပုံမှန် အသားအရေ၊ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ၊ ပေါင်းစပ် အသားအရေ၊ ထိခိုက်လွယ်တဲ့ အသားအရေဆိုပြီး အမျိုးအစားတွေ ခွဲထားပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားက ထိခိုက်လွယ်နေတာလား။ အသားအရေ အမျိုးအစားကိုက ထိခိုက်လွယ် အသားအရေ အမျိုးအစားလားဆိုတာကို ကိုယ်တိုင် သေသေချာချာ ဆန်းစစ် ဆုံးဖြတ်နိုင်စေဖို့ ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးချင်ပါတယ်။ အသားအရေက ထိခိုက်လွယ်တာနဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက် အမြဲလိုလို အရေပြားက နာကျင်နေသလို၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသလို ခံစားနေရတယ်ဆိုတိုင်း အသားအရေက ထိခိုက်လွယ်တဲ့ အသားအရေလို့ မဆိုနိုင်ပါဘူး။ ဒီအခြေအနေမှာ စဉ်းစားရမှာက အသားအရေက ထိခိုက်လွယ်လာတာလား။ နဂိုကတည်းက ထိခိုက်လွယ်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

လေဒီလေးတိုင်း သိထားသင့်တဲ့ သဘာဝ Toner လေးတွေ

မနက်ခင်းမှာပဲဖြစ်ဖြစ်၊ ညအိပ်ရာမဝင်ခင်ဘဲဖြစ်ဖြစ် လေဒီလေးတော်တော်များများလုပ်တတ်ကြတဲ့ အလေ့အထတစ်ခုရှိပါတယ်။ ဒါကတော့ မျက်နှာကို micellar water လေးနဲ့ သန့်စင်တယ်။ ပြီးရင် မျက်နှာသစ်တယ်၊ နောက်တဆင့်က toner လေး သုံးတယ်။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေးလိမ်းမယ်။ ပြီးရင်တော့ ကျန်တဲ့အဆင့်လေးတွေကို ဆက်လူးတယ်နော်။ ဟုတ်လား..... Toner ဘာကြောင့်လိမ်းသင့်တာလဲ...... မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်လိုက်ပေမယ့် အသားအရေက အလုံးစုံသန့်စင်သွားတာမဟုတ်ပါဘူး။ ချွေးပေါက်တွေထဲမှာ ဖုန်မှုန့်အကြွင်းအကျန်လေးတွေကျန်နေနိုင်ပါတယ်။ ဒါကို သေချာမသန့်စင်မိရင် ရေရှည်မှာ ချွေးပေါက်ကျယ်လာနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးကျန်ခဲ့တဲ့ ဖုန်မှုန့်အကြွင်းအကျန်တွေကိုဖယ်ရှားဖို့နဲ့ ချွေးပေါက်တွေကို ကျဉ်းစေဖို့အတွက် Toner ကိုသုံးပေးသင့်ပါတယ်။ အသားအရေအတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ Toner လေးတွေ အသားအရေလေးကောင်းဖို့ Toner လေး သုံးချင်ပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေပါနေလို့ အသားအရေထိခိုက်မှာလည်း စိုးတယ်။ သဘာဝ Toner လေးတွေ ကိုတော့ သုံးချင်တယ်ဆိုတဲ့ လေဒီလေးတွေအနေနဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)