အရေပြား ဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းပါ။ အရေပြားရဲ့တာဝန်က ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ကူးစက်တာမျိုး မရှိစေဖို့အတွက် တားပေးဖို့ပါ။ ဒီလိုတားပေးတဲ့ ခံတပ်ဆိုပေမယ့် တစ်ခါတလေမှာ အရေပြားကိုယ်တိုင်ကလည်း ကာကွယ်ရင်း ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကိုယ်တိုင် ကူးစက်ခံလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။