backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ကိုယ့်ခန္ဓာကိုယ်ပေမဲ့ ကိုယ့်ရဲ့ အရေပြားအကြောင်း၊ အသားအရေအကြောင်း သင်ဒါတွေ သိပြီးသွားပြီလား။

၁။ အသက် ၂၀ ကျော်လာတဲ့အချိန်မှာပဲ အရေပြားက အိုမင်းစ ပြုလာပါပြီ။

အသက် ၄၀၊ ၅၀ လောက်မှ တို့က Anti-aging တွေ သုံးမယ်လို့ လုပ်ထားရင်တော့ ဆောရီးပါနော်။ အချိန်လွန်သွားပါပြီ။ အသက် ၂၅ ပြည့်ပြီဆိုတာနဲ့ ကော်လာဂျင် ထုတ်နှုန်းက လျော့နည်းလာပါပြီ။ အဲဒီမှာ အသားအရေကလည်း အရေးအကြောင်းတွေ စထင်လာတော့တာပါပဲ။ ဗီတာမင် စီ ကတော့ ငယ်ရွယ်နုပျိုတဲ့ အသားအရေ ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။

၂။ အရေပြားက ခန္ဓာကိုယ်အပူချိန်အတွက် အရေးပါပါတယ်။

အရေပြားတွေက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်အတွက် အရေးပါရုံတင်မကဘဲ ခန္ဓာကိုယ် အပူချိန်အတွက်လည်း အရေးပါပါတယ်။ ပြင်ပ အပူချိန်ပေါ် မူတည်ပြီး အရေပြားရဲ့ အလုပ်လုပ်ပုံကို အကျဉ်းချုံး ပြောရမယ်ဆိုရင်တော့ အပြင်မှာ အရမ်းပူလွန်းရင် အရေပြားက သွေးကြောတွေနဲ့ ပူးပေါင်းပြီး ခန္ဓာကိုယ်ကို အေးမြအောင် လုပ်ပေးပြီး အပြင်မှာ အေးတဲ့အချိန်ကျရင်တော့ အရေပြားဟာ ပူနွေးအောင် ဖန်တီးပေးပါတယ်။

၃။ အသားအရေအမျိုးအစားက ပြောင်းလဲနိုင်ပါတယ်။

ငယ်ငယ်က မခြောက်သွေ့လွန်း၊ အဆီမပြန်လွန်းတဲ့ အသားအရေပေမဲ့ ကြီးလာတဲ့အခါမှာ ခြောက်သွေ့တဲ့ အသားအရေ ဖြစ်သွားတာမျိုး၊ အဆီပြန်တဲ့ အသားအရေ ဖြစ်သွားတာမျိုး ရှိနိုင်ပါတယ်။

တစ်သက်လုံး လုံးဝ မပြောင်းဖူးဘူးဆိုရင်တောင်မှ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဟော်မုန်း မညီမျှခြင်း၊ ရာသီဥတု အပြောင်းအလဲ နဲ့ အသက်အရွယ်က သင့်အသားအရေကို ပြောင်းလဲပစ်နိုင်ပါတယ်။

၄။ ဆောင်းတွင်းမှာ အသားခြောက်ခြင်းက အလှပျက်စေတာတင်မက လူကိုပါ ထိခိုက်နိုင်ပါတယ်။

ဆောင်းတွင်းမှာ အသားခြောက်တာ ပုံမှန်ပါ။ ဒါပေမဲ့ အသားခြောက်ပြီး အသားပပ်၊ အသားတွေ အက်ကွဲလာတဲ့အခါမှာတော့ ပေါ့ပေါ့လေး စဉ်းစားလို့ မရတော့ပါဘူး။

ဘာလို့ဆို ခန္ဓာကိုယ်ထဲ ပိုးတွေ မဝင်အောင် အရေပြားက ဒိုင်းအကာအကွယ်တစ်ခုအဖြစ် ကာကွယ်ထားတာ ဖြစ်ပြီး ဒီ အရေပြား ကွဲအက်တာတွေကတော့ အပေါ်က  ဒိုင်းကြီး ပဲ့သွားသလိုပါပဲ။ ဒါကြောင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုတွေ ကူးစက်နိုင်ခြေ ပိုများပါတယ်။

၅။ အရေပြားပေါ်က အပြောင်းအလဲတွေဟာ ကျန်းမာရေးအခြေအနေကို ဖော်ပြနေနိုင်ပါတယ်။

စိတ်ဖိစီးမှုက အရေပြားပေါ်မှာ ထင်ဟပ်သလို အနီကွက်ထင်ခြင်း၊ အဖုထခြင်း၊ နီမြန်းရောင်ရမ်းခြင်းတွေကလည်း ကိုယ်တွင်း ကျန်းမာရေးတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချို၊ အသည်း၊ အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်းတွေအပါအဝင် အခြား ပြဿနာတွေနဲ့ ဆက်စပ်နေတာမို့ အသားအရေ အပြောင်းအလဲကို ဂရုထား စောင့်ကြည့်သင့်ပါတယ်။

Wathun Myet Chal

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement