brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ

နှင်းခူ ဆိုတာ အရေပြားရောင်ရမ်းနာ တစ်မျိုးဖြစ်ပြီး ကလေးကနေ လူကြီးတွေအထိ ဖြစ်နိုင်ပါတယ်။ လက္ခဏာအနေနဲ့ အရေပြား ခြောက်သွေ့တာ၊ ယားယံတာ၊ အဖက်တွေ လန်တာ၊ အရည်ကြည်ဖုတွေ ထွက်တာ၊ အရေပြားပိုးဝင်တာအထိ ဖြစ်တတ်ပါတယ်။

နှင်းခူ အမျိုးအစား ဘယ်နှမျိုးရှိသလဲ၊ ဘယ်လိုကုသနိုင်သလဲ

နှင်းခူအမျိုးအစား ဘယ်နှမျိုးရှိသလဲ။

အကြမ်းအားဖြင့် နှင်းခူအမျိုးအစား (၇)ခုရှိပါတယ်။

(၁) Atopic dermatitis – အဖြစ်အများဆုံးအမျိုးအားဖြစ်ပြီး အရေပြားယားယံတာက သိသာတဲ့ လက္ခဏာပါ။ Atopic dermatitis ရှိသူတွေက Skin barrier ပျက်စီးတာကြောင့် ခုခံအားကျပြီး အရေပြားပိုးဝင်လွယ်ပါတယ်။

(၂) Contact dermatitis – ကိုယ်နဲ့ မတည့်နဲ့ အရာဝတ္ထုတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ အရေပြားက ယားယံ ရောင်ရမ်းလာပါတယ်။ သာမန်အချိန်တွေဆို ဘာမှမဖြစ်ပေမယ့် မတည့်တာနဲ့ ထိမိတာနဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

(၃) Dyshidrotic eczema – ခြေချောင်းလက်ချောင်း၊ လက်နဲ့ ခြေထောက်တွေမှာ အရည်ကြည်ဖုတွေ ထွက်တတ်တဲ့ အမျိုးအစားပါ။

(၄) Neurodermatitis – ခြေထောက်၊ ခြေကျင်းဝတ်၊ လက်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပုခုံး၊ လည်ပင်းနဲ့ ဦးရေပြားမှာ အဖြစ်များပြီး အင်မတန်ယားယံပါတယ်။ အရေပြားမှာ အကွက်တွေထတာ၊ အဖက်တွေ လန်တာ ဖြစ်တတ်ပါတယ်။

(၅) Nummular eczema – အရေပြားမှာ အဝိုင်းကွက်လေးတွေ ပေါ်တတ်ပြီး အရည်ကြည်တွေ စိမ့်ထွက်တာ ဒါမှမဟုတ် ခြောက်သွေ့တာမျိုး ဖြစ်တတ်ပါတယ်။

(၆) Seborrheic dermatitis – ဦးရေပြားမှာ ယားယံတာ၊ အကွက်တွေ ထွက်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

(၇) Stasis dermatitis – ခြေထောက်မှာ သွေးလည်ပတ်မှု မကောင်းတဲ့အခါ ဖြစ်တတ်ပါတယ်။ လက္ခဏာအနေနဲ့ ခြေထောက်က အသားအရေ ခြောက်သွေ့တာ၊ ယားယံတာ၊ အသားဖြူတဲ့သူတွေမှာ အရေပြားနီရဲတာ ဒါမှမဟုတ် အသားရောင်ရင့်တဲ့သူတွေမှာ အညို၊ ခရမ်း၊ မီးခိုရောင် စတာတွေ တွေ့ရတတ်ပါတယ်။

နှင်းခူ ရောဂါကို ဘယ်လိုကုသနိုင်သလဲ

နှင်းခူရောဂါက ပျောက်ကင်းအောင် ကုသလို့ မရပေမယ့် လက္ခဏာတွေ သက်သာစေမယ့် ဆေးဝါးတွေ၊ ကိုယ်တိုင်စောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

နှင်းခူခဏခဏ ပြန်မဖြစ်စေဖို့ ကိုယ်တိုင်လိုက်နာနိုင်တဲ့ နည်းလမ်းတွေကတော့

  • ကိုယ်နဲ့ မတည့်တာကို ရှောင်ပါ။
  • ရေပူနဲ့ ရေချိုးတာကို ရှောင်ပါ။ ကြက်သီးနွေးရေနဲ့ပဲ ချိုးပါ။
  • ဆပ်ပြာအပျော့စားကိုပဲ သုံးပါ။
  • Moisturizer လိမ်းပါ။ ရေချိုးပြီးစအချိန်တွေနဲ့ အသားခြောက်တိုင်းမှာလိမ်းပေးဖို့ လိုပါတယ်။
  • ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေ၈ခွက်သောက်ပါ။
  • အသားယားယံစေတဲ့ သိုးမွေး၊ synthetic fibersတွေကို ရှောင်ပါ။ ပွပွချောင်ချောင် ချည်ထည်တွေကို ဝတ်ဆင်ပါ။
  • စိတ်ဖိစီးမှု နည်းအောင်နေပါ။

💙Atoderm Huile de doucheနဲ့ Atoderm Intensive Gel moussantက နှင်းခူပြဿနာရှိသူတွေအတွက် သင့်တော်တဲ့ cleansing gelပါ။ ရေချိုးပြီးတဲ့အခါ ခြောက်သွေ့ယားယံတာတွေကို သက်သာစေပြီး အသားအရေကို နူးညံ့စေပါတယ် 💙

💙Atoderm Intensive Baumeနဲ့ Atoderm Intensive Gel -crèmeကတော့ နှင်းခူပြဿနာရှိသူများ သုံးသင့်တဲ့ moisturizerပါ။ Skin barrierကို ပြန်လည်တည်ဆောက်ပေးပြီး ယားယံမှုနဲ့ ကုတ်ချင်တဲ့ ခံစားချက်ကို သက်သာစေပါတယ်။ Atoderm Intensive Gel -crèmeဆိုရင် စေးကပ်မှုမရှိဘဲ အရေပြားထဲကို စိမ့်ဝင်လွယ်တာကြောင့် ပူနွေးစိုစွတ်တဲ့ မြန်မာနိုင်ငံရာသီဥတုနဲ့ သင့်တော်ပါတယ်💙

နှင်းခူဆိုတာ ကုသလို့ မပျောက်နိုင်ဘူးဆိုပေမယ့် သေချာကုသမယ်၊ နှင်းခူကြွစေတဲ့ အချက်တွေကို ရှောင်ရှားမယ်ဆိုရင် သာမန်လူအတိုင်း နေထိုင်လို့ ရပါတယ်။

Bioderma Myanmar

medical
Htet Htet Zaw Win
Written by
အထွေထွေရောဂါကုဆရာဝန် · HHG
09/12/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။