backup og meta

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

    ဝက်ခြံ တွေးရင်တောင် စိတ်ပျက်မိတယ်ဟုတ်။ မျက်နှာက ဝက်ခြံတွေက မှန်ကြည့်တိုင်း စိတ်ဓာတ်ကျစေတဲ့အရာဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဝက်ခြံရှိသူလေးတွေ ဝက်ခြံတွေ သက်သာအောင် တစ်နေ့တာမှာ ဘယ်လိုနေထိုင်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။

    ဝက်ခြံက ပျောက်ရော ပျောက်ပါ့မလား…………

    ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။

    အမြဲပုံမှန် ဂရုစိုက်ဖို့လိုပါမယ်။ နောက်တစ်ခုက အချိန်ပေးဖို့ပါ။ ဝက်ခြံကို သက်သာစေဖို့ နေ့စဉ် လိုက်နာဖို့လိုမယ့် အလေ့အထလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲ။

    ဝက်ခြံက သေချာဂရုစိုက်မယ်ဆိုရင် ၂ ပတ်ကနေ ၁ လအတွင်းမှာ သက်သာနိုင်ပါတယ်။ ဝက်ခြံ အမာရွတ်တွေကတော့ လုံးဝပျောက်သွားပြီး နဂို အသားအရေဖြစ်စေဖို့ ၁၈ လကနေ ၂၄ လလောက်အထိ ကြာနိုင်ပါတယ်။ ဒါက သဘာဝအတိုင်းပျောက်ဖို့ ကြာချိန်ပါ။

    ဝက်ခြံသက်သာစေဖို့ လိုက်နာသင့်တဲ့ တစ်နေ့တာ အလေ့အထ

    ဝက်ခြံရှိသူလေးတွေ ဝက်ခြံတွေ သက်သာစေဖို့ဆိုရင် နေ့စဉ် ဒီအလေ့အထလေးတွေကို လိုက်နာဖို့ လိုပါမယ်။

    ရေများများသောက်ပါ

    ရေများများသောက်တာက သွေးစီးဆင်းမှု ကောင်းစေပြီး အသားအရေကို ကြည်လင်ကျန်းမာစေပါတယ်။ ဒါ​ကြောင့်နေ့စဉ်ရေကို သောက်နိုင်သမျှ များများ သောက်ပါ။

    ဗီတာမင် C မမေ့ပါနဲ့။

    ဗီတာမင် C ကို လိမ်းပေးလို့ရသလို ချဉ်တဲ့အသီးလေးတွေ စားတာ၊ သံပုရာရည်သောက်တာမျိုး လုပ်ပေးလို့ရပါတယ်။ နောက်ပြီး အာလူးပန်းဂေါ်ဖီစိမ်း စတာတွေကလည်း ဗီတာမင် C ကြွယ်ပါတယ်။

    အသီးအရွက် များများစားပါ

    တစ်နေ့တာ စားသုံးမှုမှာ အသီးအရွက် အစိမ်းရောင် ဟင်းရွက်တွေ တစ်ခွက်စာ ရအောင်စားပေးပါ။ ဒီလိုစားသုံးပေးတာက ဝက်ခြံ သက်သာစေဖို့ရော ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

    အချို၊ အငန်လျှော့ပါ။

    အချိုကဲတာ၊ အငန်ကဲတာတွေက ဝက်ခြံဖြစ်စေဖို့ အားပေးပါတယ်။ ဒါကြောင့် အချို အငန်တွေကို လျှော့စားပါ။ တစ်ဆက်တည်း ဆက်လျှော့ရမှာက အပူအစပ်တွေပါ။

    ကဖင်းလျှော့ပါ

    ကော်ဖီ။ လက်ဖက်ရည်၊ လက်ဖက်သုပ်ကစလို့ အားဖြည့်အချိုရည်တွေ၊ ကိုလာ၊ ဆိုဒါတွေအဆုံး ကဖင်းပါသမျှတွေကို တတ်နိုင်သမျှ လျှော့ပါ။ ဒါက ဝက်ခြံသက်သာစေဖို့ နည်းလမ်းကောင်းပါ။

    စိတ်ဖိစီးမှု ဖြေလျှော့ပါ

    စိတ်ဖိစီးမှုတွေက ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါ။ တရားထိုင်တာ၊ ယောဂလေ့ကျင့်တာမျိုး တစ်နေ့ကို မိနစ် ၂၀ လောက် အနည်းဆုံး လုပ်ပေးပါ။

    လေ့ကျင့်ခန်း လုပ်ပါ

    နေ့စဉ် နာရီဝက်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ ဟော်မုန်းတွေ ညီမျှစေပြီး ချွေးပုပ်တွေ ထွက်စေပါတယ်။

    အိပ်ရေးဝဝအိပ်ပါ

    တစ်ညကို ၈ နာရီလောက် ရှိအောင် အိပ်ပါ။ ဒီလို အိပ်ရေးဝတာက အသားအရေကို ကျန်းမာစေပြီး ဝက်ခြံ သက်သာစေနိုင်ပါတယ်။

    အခုပြောခဲ့တာလေးတွေကို နေ့စဉ် လိုက်နာပေးတာက ဝက်ခြံတွေကို သက်သာလာစေမှပါ။ စိတ်ရှည်ဖို့တော့ လိုမယ်နော်………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement