home

အခြားအရေပြားပြဿနာများ

အခြားအရေပြားပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအရေပြားပြဿနာများ

တစ်ခါတလေ မျက်လုံးအောက်နားမှာ အဖုသေးသေးလေးတွေ ထွက်လာတာကို ကြုံဖူးမှာပါ။ အဖြူရောင် အဖုလေးတွေ တန်းစီထွက်နေပြီး ညှစ်လို့လည်း မရပါဘူး။ ဒါကို Miliaလို့ ခေါ်ပါတယ်။ ဒီ အဆီဖု လေးတွေက မျက်လုံးအောက်မှာ အတွေ့ရအများဆုံးဆိုပေမယ့် တခြားနေရာတွေမှာလည်း ထွက်နိုင်ပါတယ်။ အဆီဖု လေးတွေက ဘယ်လိုကနေ ဖြစ်လာတာလဲ။  အဆီဖုလေးတွေက အရေပြားမှာ ဆဲလ်သေတွေ စုပြီး ဖြစ်လာတာပါ။ ကလေးရော လူကြီးရော ကျားမမရွေး ဖြစ်နိုင်ပါတယ်။ သူ့ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ မျက်နှာ အရေပြား ထိခိုက်တာ၊ ပွန်းပဲ့တာ နေလောင်တာ အနီကွက်တွေ ထွက်တာ အရေပြားကို ပွန်းပဲ့စေတဲ့ ကုသမှုတွေ လုပ်တာ (ဥပမာ Dremabrasion)  အရေပြားရောင်ရမ်းနာ ရောဂါရှိနေတာ နေရောင်နဲ့ ထိတွေ့မှု များတာစတာတွေကြောင့် ဖြစ်တတ်ပါတယ်။ Skin careတွေ […]

အခြားအရေပြားပြဿနာများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အသားအရေနှင့် အလှအပ

အသားအရေ အမျိုးအစားတွေ အများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူး အဖုအပိမ့်တွေထွက်လာတယ်၊ တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ် sensitive skin type မဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne - prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့ Acne- prone အမျိုးအစား ဖြစ်နိုင်ပါတယ်။ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ အရေပြားပြဿနာ ဝက်ခြံဆိုတာက လူအတော်များများ ခံစားနေရတဲ့ ပြဿနာ။ အခြားအရာတွေထက် ကြည့်ရဆိုးစေတဲ့ အသားအရေ ပြဿနာပါ။ ဝက်ခြံဆိုတာနဲ့တင် […]

အသားအရေနှင့် အလှအပ

ဆောင်းတွင်းထဲ ရောက်လာပြီဆိုရင် အကြုံတွေ့ရဆုံး ပြဿနာတွေထဲမှာ အသားခြောက်တဲ့ ကိစ္စက ထိပ်ဆုံးကပဲဖြစ်မှာပါ။ အလှအပအနေနဲ့ ကြည့်မယ်ဆိုရင် ခြောက်သွေ့နေတဲ့ အသားအရေဟာ အလွန်ကြည့်ရဆိုးသလို ယားယံတာ၊ အဖတ်ကွာတာ၊ ကွက်ပြီး ဖြူဖတ်ဖြူရော်ဖြစ်စေပါတယ်။ ကျန်းမာရေးရှုထောင့်ကနေလည်း အရေပြားက လိုတာထက်ပိုပြီး ခြောက်သွေ့လာတဲ့အခါ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါများအပြင် အရေပြားစိုထိုင်းမှုနည်းသွားတဲ့အတွက် ပြင်ပက ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်းမရှိဘဲ အရေပြားပေါ်မှာ ပိုပြီးကပ်ငြိနေနိုင်ပါတယ်။ ဒါဆို ဘာလို့ အသားပပ် အသားခြောက်ရတာလဲ။ အဖြစ်အများဆုံး အကြောင်းရင်း (၂) ခု ကတော့ မွေးရာပါ အရေပြား သဘာဝအဆီ (Sebum) ထုတ်လုပ်မှုနည်းခြင်း ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့ လေဟာ အရေပြားစိုထိုင်းမှုကို လျှော့ချခြင်းတို့ပဲ ဖြစ်ပါတယ်။ မွေးရာပါ အရေပြားသဘာဝအဆီ နည်းလို့ အသားခြောက်တဲ့သူတွေတင်မကဘဲ အဆီပြန်သူတွေ (Oily Skin) ထိခိုက်လွယ် အသားအရေပိုင်ရှင်တွေ […]

အသားအရေနှင့် အလှအပ

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။ အပြင်လည်း မထွက်ဖြစ် နေရောင်ခြည်နဲ့လည်း သိပ်မထိတွေ့ဖြစ်ပဲ တစ်နေကုန် ထတွေ့မိနေတာက ကွန်ပျူတာက ထွက်တဲ့ blue light နဲ့ ဖုန်းကနေထွက်တဲ့ blue light တွေပဲလေ။ Blue Light နဲ့ အသားအရေ ဖုန်းတွေ၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue light တွေက အသားအရေကို နေရောင်ကနေလာတဲ့ UVA၊ UVB တွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။ blue light က ခရမ်းလွန်ရောင်ခြည်တွေထက် အရေပြားအတွင်းလွှာကို ပိုမိုထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။ မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုအရ blue light က […]

အသားအရေနှင့် အလှအပ

အရေပြားကို ပျက်စီးစေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ပြဿနာတွေ များသလို အရေပြားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကလည်း ဒုနဲ့ဒေးပါ။ ဒီထဲမှာမှ လေဒီလေးတွေကို အသားအရေ အထိခိုက်စေဆုံး အကြောင်းအရာက စတီးရွိုက်ပါပဲ။ စတီးရွိုက်ပါတဲ့ အလှကုန်တွေက ဈေးကွက်ထဲမှာ ဈေးပေါပေါနဲ့ ရောက်ရှိနေပြီး လူးစမှာ သက်သာလာတာကြောင့် ဆက်တိုက်လူးရင်းက နောက်ဆုံးမှာ အသားအရေ ပျက်စီးတာပါ။ နောက်တစ်ချက်က စတီးရွိုက်ပါတဲ့ အလှကုန် အများစုက ပါဝင်ပစ္စည်းနေရာမှာ စတီးရွိုက်လို့ ထည့်မရေးထားတာကြောင့်လည်း ပါတာပေါ့။ အချိုဆို ဝက်ခြံတွေ ထိန်းမနိုင်အောင် ထွက်လာမှ စတီးရွိုက်ထိထားတာထင်တယ်ဆိုတာမျိုးတောင် ရှိပါတယ်။ ဒီတော့ စတီးရွီုက်ထိရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အရေပြားက စတီးရွိုက် ထိထားတာလား။ အရေပြားက စတီးရွိုက်ထိတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ […]

အသားအရေနှင့် အလှအပ

တက်တူး ထိုးခြင်းဟာ နောက်ပိုင်းမှာ လူငယ်ပိုင်းရော လူလတ်ပိုင်းမှာပါ စိတ်ဝင်စားလာတဲ့အရာ ဖြစ်ပါတယ်။ ယခင်က တက်တူးထိုးခြင်းဟာ အေအိုင်ဒီအက်စ်ရောဂါအပါအဝင် ရောဂါတချို့ကို ကူးစက်နိုင်ခြေရှိတာကြောင့် လူအများက စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းစနစ်တွေကြောင့် ရောဂါပိုးကူးစက်ဖို့ကို စိတ်ပူစရာ မလိုတော့ပါဘူး။ ဒါပေမယ့် တက်တူး ထိုးခြင်းကြောင့် ရောဂါပိုးဝင်ပြီး အနာဖြစ်နိုင်ခြေ ရှိနေတုန်းပါပဲ။ တခါသုံးပစ္စည်းတွေကြောင့် တခြားသူဆီကနေ ရောဂါမကူးစက်တော့ပေမယ့် တက်တူးထိုးတဲ့အပ်ကြောင့် ပတ်ဝန်းကျင်က ရောဂါပိုးများဝင်ရောက်နိုင်ခြေ၊ ရောဂါပိုးဝင်နိုင်ခြေတော့ ရှိပါသေးတယ်။ တက်တူးကနေ ရောဂါပိုးဝင်ရင် ဘယ်လိုသိနိုင်သလဲ အမြင်သာဆုံးကတော့ တက်တူးတဝိုက်မှာ နီရဲရောင်ရမ်းလာတာပါပဲ။ အပ်နဲ့ထိုးထားတဲ့ နေရာမှာ နာကျင်မှုဟာ တော်တော်နဲ့ မပျောက်ဘဲ ရှိတတ်ပါတယ်။ ရက်အနည်းငယ်လောက်ဆိုရင် နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်းဟာ ပျောက်သွားသင့်ပါတယ်။ တပတ်လောက်နေလို့မှ မပျောက်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် အောက်ပါလက္ခဏာအချို့ကို တွေ့မြင်ရရင်တော့ ဆရာဝန်နဲ့ […]

အသားအရေနှင့် အလှအပ

Heel fissure လို့ခေါ်တဲ့ ခြေဖနောင့်အက်ကွဲ ခြင်းဟာ အသားအရေခြောက်သွေ့တာကြောင့် ဖြစ်လေ့ရှိပြီး အထူးသဖြင့် ဆောင်းရာသီလိုမျိုး ခြောက်သွေ့ပြီးအေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ ခြေဖနောင့်မှာ ဆဲလ်သေတွေစုပြီး အသားမာတက်လာခြင်း၊ နောက်ပိုင်းမှာ ခြေဖနောင့်အရေပြား အက်ကွဲလာခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်း၊ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်း စတဲ့ ပြသနာမျိုးစုံကို ဖြစ်စေနိုင်တာကြောင့် ခြေဖနောင့်အက်ကွဲ တဲ့ ပြသနာဟာ စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းပြီး၊ ကြောက်စရာလည်းကောင်းပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခြေဖနောင့်အက်ကွဲတဲ့ ပြဿနာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်လေးတွေနဲ့ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ခြေဖနောင့် အက်ကွဲ တာမျိုး မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။ ၁။ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ကြမ်းပြင်တွေပေါ်မှာ ဖိနပ်မပါဘဲ လမ်းခဏခဏ လျှောက်တာကို ရှောင်ပါ။ ၂။ ကိုယ့်ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေဖနောင့်ကို […]

အခြားအရေပြားပြဿနာများ

နေလောင်ခံရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သိပ်ပြီးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အိုဇုန်းလွှာတွေ ပျက်စီးလာတာနဲ့အမျှ ကမ္ဘာကြီးက တဖြည်းဖြည်း ပူနွေးလာသလို ခရမ်းလွန်ရောင်ခြည်တွေဟာလည်း လေထုကနေတစ်ဆင့် လူ့အသားအရေပေါ်ကို ထိတွေ့မိပြီး ခရမ်းလွန်ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နေလောင်ခံရတယ်ဆိုတာ ဒီခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရဲ့ အသက်သာဆုံးသော အပေါ်ယံ လက္ခဏာတစ်ခုပါ။ နေလောင်ခံရတာ စိတ်ပူစရာလိုလား။ စိတ်ပူဖို့မလိုဘူးဆိုတိုင်း ပစ်ထားလို့ရတဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ နေလောင်ဒဏ်ကြောင့် အသားအရေဆဲလ်တွေ ပျက်စီးသွားသလို ဆဲလ်အသစ်တွေ ထုတ်လုပ်နှုန်း နှေးကွေးသွားတဲ့အတွက် အသားအရေမှာ မွဲခြောက်လာမယ် အိုမင်းရင့်ရော်လာမယ် ကြမ်းတမ်းလာမယ် အကြေးခွံတွေ ထလာမယ် အရောင်မှိန်လာမယ် အရေးအကြောင်းတွေ ထင်လာမယ် ပျက်စီးဖို့ လွယ်ကူလာမှာပါ။ ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါတွေ၊ မှိုစွဲတာ၊ အသားအရေ ပျက်စီးသွားတာ၊ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဘာကြောင့် ရှားစောင်းလက်ပပ်ကို နေလောင်ခံအသားအရေ ကုသတဲ့နေရာမှာ […]

အခြားအရေပြားပြဿနာများ

ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုနဲ့အတူ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့မှာ ပြောင်းလဲမှုတွေ များစွာ တွေ့ကြုံရနိုင်ပါတယ်။ ခန္ဓာကိုယ် ပြောင်းလဲတာ၊ အသံ ပြောင်းလဲတာအပြင် အခြားသာ ပြောင်းလဲမှု အမျိုးမျိုးကို ခံစားရနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေထဲမှာ အရေပြား ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပေါ့။ အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရအောင် ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွားပါမယ်။ ဆယ်ကျော်သက်တို့ အဖြစ်များတဲ့ အရေပြားပြဿနာ အစုစု ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတဲ့ ဆယ်ကျော်သက်လေးတွေမှာ အခုလို အရေပြား ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဝက်ခြံ အရေပြားပေါ်က ချွေးပေါက်တွေ ပိတ်ဆို့မှုကနေ ဖြစ်လာတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ အဖြစ်များတဲ့ အရေပြား ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ အကြောင်းကတော့ဆယ်ကျော်သက်ကာလမှာ […]

အခြားအရေပြားပြဿနာများ

နှင်းခူ ကပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများ​ကြီး သက်ရောက်နေပါတယ်။ ပတ်ဝန်းကျင် အနေအထားရောပေါ့။ နှင်းခူကသေချာ ဂရုစိုက်သင့်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပါ။ ဒီတော့ နှင်းခူရှိရင် ဂရုစိုက်သင့်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောပြပေးသွားပါမယ်။ နှင်းခူ ဘယ်လိုနေရာတွေမှာ ဖြစ်နိုင်လဲ............ နှင်းခူက အရေပြားပြဿနာဆိုပေမယ့် အခုလို နေရာတွေမှာ အဖြစ်များပါတယ်။ တံတောင်ဆစ် အတွင်းပိုင်း ဒူးကောက်ကွေး မျက်နှာ၊ ပါး နားရွက်နောက်ဘက် တင်ပါး ခြေထောက် လက်စတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ ဘယ်လို လက္ခဏာတွေ ရှိလဲ............ နှင်းခူ ဖြစ်ပြီဆိုရင် အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ အရေပြားမှာ အကွက်တွေ ပေါ်လာမယ် တအား ယားယံမယ် ခြောက်သွေ့မယ် ရောင်မယ် နာကျင်မယ် စတာတွေ ခံစားရနိုင်ပါတယ်။ နှင်းခူရှိရင် ဒါတွေ စားပေးပါ။ နှင်းခူ သက်သာစေဖို့ဆိုရင် ငှက်ပျောသီး ပိုတက်ဆီယမ်က နှင်းခူကို […]

အခြားအရေပြားပြဿနာများ

အရေပြားပြဿနာ အမျိုးမျိုးထဲကမှ နှင်းခူပြဿနာကို ခံစားနေရတယ်။ ဒီ အရေပြားပြဿနာက အရှင်းမပျောက်သွားဘူး။ အနေအထိုင် အစားအသောက် ပြောင်းလဲတာနဲ့ ပြန်ပြန်ဖြစ်လာတယ်။ ဒါမှမဟုတ် ပိုဆိုးလာတာမျိုး ရှိနေတယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ လိုအပ်နေတာပါ။ ဒီတော့ နှင်းခူရှိရင် ဘယ်လို နေထိုင် စားသောက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ ဘာတွေကများ နှင်းခူ ဖြစ်စေတာလဲ......... နှင်းခူ ဖြစ်စေရတဲ့ အကြောင်းအရင်းက အတိအကျမရှိပါဘူး။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို အခုလို အချက်တွေကလည်း နှင်းခူကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာ ရာသီဥတု ပူလွန်း အေးလွန်းတာ ခြောက်သွေ့တဲ့ အနေအထား အဝတ်စတွေ ဆပ်ပြာ၊ ဆပ်ပြာမှုန့်စတာတွေကြောင့် နှင်းခူ ဖြစ်စေနိုင်ပါတယ်။ နှင်းခူရှိသူ ကျန်းမာစေဖို့ မျက်နှာ၊ တံတောင်ဆစ်၊ ဒူးနဲ့ ခြေလက်တွေမှာ အများဆုံး ဖြစ်တတ်တဲ့ နှင်းခူ ပြဿနာ ခံစားနေရတာကို သက်သာစေဖို့ဆိုရင် စိတ်ဖိစီးမှုကို […]

အခြားအရေပြားပြဿနာများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon