လက်သည်းခြေသည်း ထိန်းသိမ်းခြင်း
ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့
ဟင်းချက်လို့ပဲဖြစ်ဖြစ်၊ အသားငါးတွေ ဆေးကြော သန့်စင်လို့ပဲဖြစ်ဖြစ်၊ လက်သည်းကို အရောင် ပြောင်းစေနိုင်တဲ့ အရာ တစ်ခုခုကို ကိုယ်တွယ် ထိတွေ့မိလို့ပဲဖြစ်ဖြစ် လက်သည်းတွေ ဝါနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ ဝါနေတဲ့ လက်သည်းတွေ ဖြူလာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ လက်သည်းတွေ ဘာကြောင့် ဝါ လက်သည်းတွေ ဝါရတာက ကျန်းမာရေးကြောင့်ပဲ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတွေ ဖြစ်ကြတဲ့ ဟင်းတွေ ချက်ပြုတ်တာ (အထူးသဖြင့် အရောင်တင်မှုန့်နဲ့နနွင်းမှုန့် သုံးပြီး ချက်ရတာမျိုးတွေ) အသား၊ ငါးတွေကို ဆား၊ နနွင်းနယ်တာ အသား၊ ငါး၊ ပုစွန်စတာတွေကို ဆေးကြောတာ လက်သည်းဆိုးဆေးတွေ အရောင်ပါတဲ့ အရာတွေကို ကိုယ်တွယ်ထိတွေ့ရတာတွေကြောင့် လက်သည်း ဝါတာ အရောင်ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ ဝါနေတဲ့ […]