Alopecia areata ရဲ့ လက္ခဏာတွေက
Alopecia areataရဲ့ လက္ခဏာက အမျိုးမျိုးတွေ့နေရပါတယ်။ အများစုကတော့ ဘာလက္ခဏာမှမပြဘဲ ဆံပင်အကွက်လိုက် တစ်ကွက်လောက်ကျွတ်သွားတာ၊ ဆံပင်ပါးလာတာကို ရုတ်တရက် သတိထားမိတာမျိုး ရှိပါတယ်။ တချို့ကျတော့လည်း ကျွတ်တဲ့နေရာမှာ စပ်ဖျင်းဖျင်းနဲ့ ယားသလို ခံစားရတယ်လို့ ဆိုကြပါတယ်။
Alopecia areataက အမွေးရှိတဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဆံပင်အပြင် မျက်ခုံးမွေး၊ မျက်တောင်မွေး၊ ပါးသိုင်းမွေး စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။ Alopecia areataမှာ အဆင့် ၃ဆင့် ရှိပါတယ်။
- ရုတ်တရက် ဆံပင်တွေ ကျွတ်မယ်။
- ဆံပင်ကျွတ် အကွက် ဒါမှမဟုတ် အကွက်တွေ ပိုကြီးလာမယ်။
- ဆံပင်တွေ ပြန်ပေါက်မယ်။ ဒီလိုမျိုး အဆင့်ဆင့် ဖြစ်နေတာ ဖြစ်ပါတယ်။
ဆံပင်ကျွတ်ထားတဲ့ အကွက်တွေက ချောမွေ့ပြီး ဆံပင်လုံးဝမရှိပါဘူး။ တစ်ခါတလေ တစ်ပင်စ၊ နှစ်ပင်စ ရှိတဲ့အတွက် ‘exclamation mark’ hairs ‘!’ လို့လည်းခေါ်ပါတယ်။
ဒါ့ပြင် ဆံပင်က ပြန်ပေါက်တဲ့အခါ စစချင်းဆို အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင် ဖြစ်တတ်ပါတယ်။ ဆံပင်က ကောက်နေ၊ တွန့်နေတတ်ပါတယ်။ ဆံပင်ပြန်ပေါက်ဖို့က လနဲ့ နှစ်နဲ့ ချီပြီး ကြာတတ်ပါတယ်။ တစ်ကွက်က ပြန်ပေါက်တုန်း နောက်တစ်ကွက်က ကျွတ်နေတာလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်က လက်သည်းမှာလည်း လက္ခဏာပြတတ်ပါတယ်။ Alopecia areataဖြစ်တဲ့ လူနာတွေရဲ့ ၁၀-၅၀%လောက်က လက်သည်းမှာ အချိုင့်တွေဖြစ်တာ၊ အစင်းကြောင်းတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒါ့ပြင် တခြားလက်သည်းလက္ခဏာတွေဖြစ်တဲ့ လက်သည်းက ဇွန်းလိုချိုင့်တာ၊ အနီစက်တွေထွက်တာ၊ လက်သည်းတွေ ဖြူတာလည်း ဖြစ်တတ်ပါတယ်။
Alopecia areataရဲ့ နောက်ဆက်တွဲ ပြဿနာ
ဆံပင်အကွက်လိုက်ကျွတ်တာက ယာယီလည်း ဖြစ်နိုင်သလို တစ်သက်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ဆံပင်မှာ အကွက်လိုက်ကျွတ်တာတွေ အများကြီးနဲ့ ပြန်ပေါက်ဖို့လည်း ကြာတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာပြီး စိတ်ကျဝေဒနာ၊ စိုးရိမ်စိတ်များတာတွေ ဖြစ်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။