မထူးခြားရင် နောက်တစ်မျိုး ပြောင်းသုံးပါ။
ဝက်ခြံ သက်သာစေတယ်ဆိုတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းကို သုံးပေမယ့် ၄ ပတ် ဒါမှမဟုတ် ၆ ပတ်ကြာတဲ့အထိ သိသိသာသာ ပြောင်းလဲမှု တစ်စုံတရာ မတွေ့ရဘူးဆိုရင်တော့ အသားအရေထိန်းသိမ်းမှုရဲ့ ဒုတိယ အစီအစဉ် အနေနဲ့ ဝက်ခြံ သက်သာစေတယ်ဆိုတဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်း အသစ်ကို အသုံးပြုလိုက်ပါ။
အညွှန်းကို အတိအကျ လိုက်နာပါ။
မျက်နှာပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ဝယ်ပြီးတဲ့အခါမှာလည်း ဝက်ခြံ သေချာ ပျောက်စေဖို့ဆိုရင် အညွှန်းအတိုင်း အတိအကျ လိုက်နာဖို့ လိုပါမယ်။ ဒါမှလည်း သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။
မျက်နှာကို ပုံမှန် သန့်စင်ပေးပါ။
မျက်နှာပေါ်မှာ ဝက်ခြံက မပြတ်ဘူး ဖြစ်နေမယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး (၂) ကြိမ် မျက်နှာကို သေချာလေး သန့်စင်ပေးပါ။ မျက်နှာ ခဏခဏ သစ်တာကလည်း အသားအရေကို ထိခိုက်စေနိုင်ပြီး ဝက်ခြံဖြစ်စေနိုင်တာကြောင့် တစ်နေ့ကို (၂) ကြိမ်ကတော့ အကောင်းဆုံးပါ။
တိတိကျကျ ပြောပြရရင်တော့ ဝက်ခြံ ပျောက်ဖို့ဆိုရင် အခုလို အခြေအနေမျိုးမှာ မျက်နှာကို သန့်စင်ဖို့ လိုပါမယ်။
ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် မျက်နှာပေါ်က ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာက အသားအရေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဝက်ခြံကိုလည်း ပိုဆိုးစေနိုင်ပါတယ်။
မျက်နှာပေါ်မှာ ဝက်ခြံ မပြတ်ရတဲ့ အကြောင်းအရင်း တစ်ခုက မျက်နှာကို လက်နဲ့ ခဏခဏ ဆိတ်ဆွနေလို့ပါ။ လက်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်မှုန့်တွေက ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။
ကဲ ……ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာလေး လိုက်လုပ်ကြည့်လိုက်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။