backup og meta

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

    အခုနောက်ပိုင်းမှာ Collagen (ကော်လာဂျင်) ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရေပြားတွေ ကျန်းမာဖို့ အသားအရေတွေ တင်းရင်းလှပစေဖို့ ကော်လာဂျင်ကို လိုအပ်တယ်ဆိုတာကို အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်းရော ယောက်ျားလေးတိုင်းပါ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာ ကော်လာဂျင် နည်းလာလေလေ အရေးအကြောင်းတွေ ဖြစ်နိုင်ခြေ များလေလေ၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ ဖြစ်လာမှာပါ။ ဒီလိုမျိုး အသားအရေထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ကော်လာဂျင် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကော်လာဂျင်ဆိုတာ

    ကော်လာဂျင် ဆိုတာက အရေပြားကို ကျန်းမာပြီး အရွယ်တင်စေဖို့ လှပစေဖို့ အရိုးအဆစ်တွေနဲ့ အရွတ်တွေ ကျန်းမာစေဖို့ အရေးပါတဲ့ အရာတစ်ခုပါ။ ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ်က ကော်လာဂျင်ကို ထုတ်ပေးနိုင်တယ် ဆိုပေမယ့် အရွယ်ရလာလေလေ ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်းက ကျဆင်းလာလေလေပါ။ ဒါကြောင့် အသက် ၃၀ နောက်ပိုင်းမှာ အရေးအကြောင်းတွေ ဖြစ်တာ၊ အသားအရေတွေ လျော့ရဲတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

    Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

    အသက်အရွယ်ဆိုတာက ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်းနဲ့ ကော်လာဂျင်ဆုံးရှုံးမှုအပေါ် သက်ရောက်နေတဲ့ တစ်ခုတည်းသော အချက် မဟုတ်ပါဘူး။ အချို့သော အလေ့အကျင့်တွေကလည်း ကော်လာဂျင် ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ 

    ဒီတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေများ ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

    • နေလောင်ကာခရင်မ် လိမ်းပေးပါ

    ခရမ်းလွန်ရောင်ခြည်က အသားအရေရဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး ကော်လာဂျင် ပျက်စီးမှုကို မြန်စေသလို ကော်လာဂျင် ထွက်ရှိမှုကို နှေးစေပါတယ်။ ဒါကြောင့် ကော်လာဂျင် ဆုံးရှုံးမှုကို ကာကွယ်ဖို့ဆိုရင် နေ့စဉ်တိုင်းမှာ အသားအရေကို နေလောင်ကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့။ 

    • ချင်း (ဂျင်း) လက်ဖက်စိမ်း ရေနွေးကြမ်း သောက်ပေးပါ

    ချင်း (ဂျင်း) လက်ဖက်စိမ်း ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာက အရောင်ကျစေနိုင်သလို ဒီသောက်စရာမှာပါတဲ့ အပင်ဒြပ်ပေါင်းတွေက ဓာတ်တိုးမှုကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးနိုင်သလို ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ချင်း (ဂျင်း) လက်ဖက်စိမ်း ရေနွေးကြမ်း တစ်ခွက် ပုံမှန်လေး သောက်ပေးပါ။

    • ကော်လာဂျင် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ

    နေ့စဉ် စားသုံးမှုမှာ ကော်လာဂျင် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ – 

  • အရိုး စွပ်ပြုတ်
  • ငါး ( တူနာငါး၊ ဆယ်လ်မွန်ငါး နဲ့ အခြားသော အဆီကြွယ်ဝတဲ့ ပင်လယ်ငါးတွေ)
  • နို့နဲ့ နို့ထွက်ပစ္စည်းတွေ
  • အခွံမာသီးတွေ ပါဝင်အောင် စားသုံးပေးပါ။
  • ဒါတွေအပြင် ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ငရုတ်ပွ စတာတွေကို စားပေးတာက ကော်လာဂျင် ထွက်ရှိမှုကို ထောက်ကူပေးနိုင်ပါတယ်။ 

    • အဆီ နဲ့ သကြားတွေ လျှော့စားပေးပါ

    အဆီများတဲ့ အစားအစာတွေနဲ့ အချိုဓာတ် ကဲတဲ့ အစားအစာတွေက ပြုပြင်ထားတဲ့ အစားအစာတွေလိုပဲ ကော်လာဂျင် ထွက်ရှိမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သလို အသားအရေ တင်းရင်းမှုကိုရော အသားအရေ ကျန်းမာမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ 

  • ရေသောက်ပါ၊ ရေသောက်ပါ
  • ဆဲလ်တွေ ကျန်းမာစေဖို့ ဆဲလ်တွေက အဆိပ်အတောက်တွေကို ဖယ်ထုတ်နိုင်စေဖို့အတွက် ဆဲလ်တွေ အနေနဲ့ ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါမယ်။ ဒါကြောင့် ကော်လာဂျင် ဆုံးရှုံးမှုကို ကာကွယ်ဖို့ဆိုရင် တစ်နေ့တာ မှာ ရေလုံလောက်အောင် သောက်ပါ။

    • ဆေးလိပ်နဲ့ အရက်ဖြတ်ပါ

    ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီး အသုံးပြုတာ၊ အရက်သောက်တာတွေက အရေပြားရဲ့ ကော်လာဂျင် ထွက်ရှိမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကော်လာဂျင် ဆုံးရှုံးမှုကို ကာကွယ်ဖို့ဆိုရင် ဆေးလိပ်နဲ့ အရက်ကို ဖြတ်ပါ။ တဆင့်ခံ ဆေးလိပ်ငွေ့ကို ရှောင်ပါ။ 

    အခုပြောခဲ့တဲ့ အလေ့အထလေးတွေကို နေ့စဉ်ဘဝ အလေ့အထလေးတွေ အဖြစ် ဂရုစိုက်မွေးမြူမယ်ဆိုရင် အရေပြား ကျန်းမာဖို့နဲ့ လှပဖို့ အရေးပါတဲ့ ကော်လာဂျင် ဆုံးရှုံးမှုကို ကာကွယ်ပြီးသား ဖြစ်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement